Skip to main content

Posts

ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ…

သဘောင်္တစ်စီးဟာ ဆိပ်ကမ်းမှာ ရှိနေမယ်ဆိုရင် ဘေးကင်း လုံခြုံနေမှာပဲ... ဒါပေမယ် သဘောင်္ဆိုတာ ဒီအတွက် တည်ဆောက်ထားတာမဟုတ်ဘူးလေ... ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝဆိုတာလည်း ရင်ခုန်စွန့်စားမှုတွေ ရှာဖွေမှုတွေနဲ့ ရှင်သန်နေရမှာပဲပေါ့... ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ... ကို ဇင်ဇေ join our group on facebook   zinzae on gmail   zinzae on facebook  

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ ? အခု သင်ရရှိနေတဲ့ ဘဝနေမှု ပုံစံဟာ  လွန်ခဲ့တဲ့ ငါးနှစ်လုံး သင်တွေးခေါ်လာတဲ့ အတွေးအခေါ်တွေရဲ့ ရလာဒ် ဖြစ်မှာပါ  ဒါကြောင့် လက်ရှိ အခြေအနေထက် ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရလိုတယ် ဆိုရင်  သင့်ရဲ့ လက်ရှိ အတွေးအခေါ်တွေကို သေချာ ဆန်းစစ်ပြီး  ပြောင်းသင့်တာတွေကို ရဲရဲရင့်ရင့် ပြောင်းပစ်နိုင်ဖို့လိုပါလိမ့်မယ်  အရေးအကြီးဆုံးက အတွေးအခေါ်ပါ.....  ပညာရှင်တစ်ယောက်က ပြောဖူးတယ်...  " မင်း လုပ်နိုင်မယ် ထင်သလား မလုပ်နိုင်ဘူး ထင်သလား မင်း ထင်တာ မှန်ပါလိမ့်မယ် " တဲ့  Robert ကလည်း ပြောဖူးတယ် " ငွေရှာလို့ ခက်လှပါတယ် ဆိုတဲ့ လောကကြီးရှိတယ်တဲ့  ဒါပေမဲ့ ငွေရှာလို့ လွယ်သွားပါပြီဆိုတဲ့ လောကကြီးကိုလည်း မြင်အောင် ကြည့်တတ်ဖို့ လိုတယ်တဲ့ " အခွင့်အလမ်းတွေဆိုတာကလည်း ရှာနေတဲ့လူတွေဆီကို ရောက်လာတတ်ပါတယ်တဲ့...  ဒါပေမဲ့ ရောက်လာတဲ့ အခွင့်အလမ်းကိုပဲ ....  အခွင့်အလမ်းလို့ မြင်တတ်တဲ့လူနဲ့  အခက်အခဲလို့ မြင်တတ်တဲ့ အမြင်တွေ ကွဲပြားသွားတာကြောင့်  ဆင်းရဲ ချမ်းသာတွေ ဆက်ပြီး ကွာဟနေဦးမှာပဲတဲ့.... Keep on Trying ! ...

အလုပ် လုပ်ရင်း စိတ်ဓာတ်ကျလာတဲ့ အခါ ဘယ်လို ဖြေရှင်းကြမလဲ..

Sharing Together Group က Discussion လေးပါ.... မှတ်တမ်းတင် ပြန်လည်မျှဝေပေးချင်လို့ပါ.... Aung Si Paing start the discussion : "လူတစ်ယောက်ဟာ မကျွမ်းကျင်တဲ့ အလုပ်ဖြစ်ဖြစ် မနိင်ဝန်ထမ်းရတဲ့အခါမျိုးမှာ  စိတ်ဓါတ်ကျတာမျိး ဖြစ်လေ့ရှိပါတယ်... Group ထဲကသူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြလဲ...သိချင်မိပါတယ် ခင်ဗျာ.... " zinzae Reply : ကျွန်တော် လည်း ဒီလို ပြသနာမျိုး ဖြစ်ရပ်မျိုးကို ကျွန်တော် ကိုယ်တိုင် အနေနဲရော ကျွန်တော်နဲ့ စီးပွါးဖက် လုပ်ကိုင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေမှာ ရော အမြဲ လိုလို မြင်တွေ့ဖြေရှင်းပေးခဲ့ဖူးပါတယ်.... ဒီလို ဖြေရှင်း နိုင်တဲ့ အချက်တွေထဲက အကောင်းဆုံးလို့ ယုံကြည်တဲ့ အချက် ၂ ချက်ကို  ဆွေးနွေးပေးပါ့မယ်... ( ဆရာကြီး လုပ်တာ မဟုတ်ပါဘူးနော် ... တတ်နိုင်သလောက်  အကျိုးရှိမယ်လို့ယုံကြည်လို့...ကြိုးစား ဆွေးနွေးတာပါ... ) ကျွန်တော် ဒီနေ့ ဒီ အချိန်အထိ ကျွန်တော့ အလုပ်တွေမှာ အခက်အခဲတွေ ... အတိုက်အခံတွေ... နောက်ကြောကို ဓားနဲ့ ထိုးခံရတာတွေ ရှိလာတိုင်းမှာ ကျွန်တော် ကျော်လွှားနေဆဲ  တောင့်ခံနေဆဲ ရှိနေနိုင်တာ အချက် ၂ ချက်ကြောင့်ပါ... ပထမ အချက်က ငါ ဒီ အလုပ်ကို ဘာကြောင့် လုပ်ခဲ့တာလဲ ... ဘ...

သန်းကြွယ် စကား ...

ရှာဖွေတဲ့ အခါမှာ.... "ဝင်ငွေတစ်ခုတည်း အပေါ်မှာ မမှီခိုပါနဲ့ ဒုတိယ ဝင်ငွေလမ်းကြောင်း တစ်ခု ရလာအောင် ရင်းနှီး မြှုပ်နှံပါ" သုံးစွဲတဲ့ နေရာမှာ...  "သင် မလို အပ်တာတွေ ဝယ်မိရင် သင် လိုအပ်တာတွေ ရောင်းရလိမ့်မယ်" စုဆောင်းတဲ့ နေရာမှာ... " သုံးလို့ ပိုတာကို မစုပါနဲ့ စုလို့ ပိုတာကို သာ သုံးပါ " စွန့်စားတဲ့ အခါမှာ ... "ရေအနက်ကို ခြေ နှစ်ဖက် ချပြီး မစမ်းမိပါစေနဲ့" ရင်းနှီး မြှုပ်နှံတဲ့ အခါမှာ... "ကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းတည်း စုမထည့်ထားမိပါစေနဲ့" မျှော်လင့်ချက် ထားတဲ့နေရာမှာ ... "ရိုးသားမှု ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပါ ခပ်ပေါပေါ လူတွေ ဆီက ရဖို့ သွား မမျှော်လင့်မိပါစေနဲ့ "   zinzae on gmail zinzae on facebook

ခင်ဗျား အတွက် တာဝန်ယူပေးရမယ့် လူ

၂၁ ရာစုမှာ ခင်ဗျား အတွက် တာဝန်ယူပေးရမယ့် လူက ခင်ဗျား သူဋ္ဌေး မဟုတ်ဘူး ... ခင်ဗျား တို့ အစိုးရလည်း မဟုတ်ဘူး .... အဲဒါ ခင်ဗျား ကိုယ်တိုင်ပဲ... ခင်ဗျား ကိုယ်တိုင်ပဲ ကိုယ့် ကံကြမ္မာ ကို ကိုယ်ပဲ တာဝန်ယူရတော့မှာ ... ( Robert Kiyosaki ) zinzae on gmail zinzae on facebook

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ...

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ... Sharing Together Group က Discussion လေးပါ... ပြန်လည် မျှဝေချင်လို့ပါ... Saw John John start the discussion: စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျာ. . လုပ်ငန်းကိစ္စနဲ့ပတ်သက်လို့ အခြေခံမူဝါဒက ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' တဲ့ . အကို အမတွေရဲ့ အမြင်တွေကကော ဘယ်လိုလဲ ဗျာ. . zinzae : ကျွန်တော် ပြောချင်တယ်ဗျ ... နည်းနည်းတော့ ရှည်မယ်နော်.... :) ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာ ရှိသလို "မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြုံထည့်ထားလိုက်ပြီး သိမ်းငှက် တစ်ကောင်လို မျက်စိ ဒေါက်ထောက် ကြည့်နေပါ..." ဆိုတဲ့ အယူအဆလည်း ရှိတယ်ဗျ... ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာက ( ခွဲဖြာ ရင်းနှီးမြှုပ်နှံသူ )လုံခြုံမှုကို ဦးစားပေးပြီး ကစားတာ .... မြတ်နည်းနည်း ရှုံး နည်းနည်းပေါ့ဗျာ... အပေါ်စီးကနေ ဈေးကွက်အားလုံးကို ခြုံကြည့်ပြီး .... သတင်းအဆက်အသွယ် ကောင်းကောင်းနဲ့ အလျှင်အမြန် လှုပ်ရှားနိုင်ရမှာ ... "မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြု...

မင်းကိုမင်း မြင်တတ်ဖို့

တခြားလူတွေ မင်းကို ဘယ်လို မြင်သလဲ က သိပ် အရေးမကြီးပါဘူး .... မင်းကို မင်း ဘယ်လို မြင်နေ သလဲ ကသာ အရေးကြီးတာပါ....   By Zin Zae