Skip to main content

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ...

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ...



Sharing Together Group က Discussion လေးပါ...
ပြန်လည် မျှဝေချင်လို့ပါ...

Saw John John start the discussion:
စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျာ. .
လုပ်ငန်းကိစ္စနဲ့ပတ်သက်လို့ အခြေခံမူဝါဒက ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' တဲ့ .
အကို အမတွေရဲ့ အမြင်တွေကကော ဘယ်လိုလဲ ဗျာ. .


zinzae :
ကျွန်တော် ပြောချင်တယ်ဗျ ...
နည်းနည်းတော့ ရှည်မယ်နော်.... :)
''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာ ရှိသလို
"မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြုံထည့်ထားလိုက်ပြီး
သိမ်းငှက် တစ်ကောင်လို မျက်စိ ဒေါက်ထောက် ကြည့်နေပါ..." ဆိုတဲ့ အယူအဆလည်း ရှိတယ်ဗျ...

''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာက
( ခွဲဖြာ ရင်းနှီးမြှုပ်နှံသူ )လုံခြုံမှုကို ဦးစားပေးပြီး ကစားတာ ....
မြတ်နည်းနည်း ရှုံး နည်းနည်းပေါ့ဗျာ...
အပေါ်စီးကနေ ဈေးကွက်အားလုံးကို ခြုံကြည့်ပြီး ....
သတင်းအဆက်အသွယ် ကောင်းကောင်းနဲ့ အလျှင်အမြန် လှုပ်ရှားနိုင်ရမှာ ...

"မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြုံထည့်ထားလိုက်ပြီး
သိမ်းငှက် တစ်ကောင်လို မျက်စိ ဒေါက်ထောက် ကြည့်နေပါ..." ဆိုတာက
စွန့်စားမှု ပါတယ် ( but Calculated Risk တွက်ချက် စွန့်စားမှု )...
ကျွမ်းကျင်မှု ပိုလိုတယ် ...
မိမိ တစ်ဦးတည်း ဒါမှမဟုတ် မိမိ တစ်ဖွဲ့ထဲမှာ ပဲ ...ဈေးကွက် တစ်ခုတည်းမှာပဲ..
အားလုံး ကို နှစ်မြှုပ်အာရုံ စိုက်ထားတာ....
( ဒါပေမယ် ဘုရင့်နောင် ဖောင်ဖျက်တိုက်တဲ့ စိတ်ဓာတ်မျိုး ရလာနိုင်တယ်...
ဒီ စိတ်ဓာတ်မျိုးက စီးပွါးရေးမှာရော ဘဝအောင်မြင်ရေးမှာရော ထိပ်ဆုံးရောက်နိုင်တဲ့ စိတ်ဓာတ်မျိုးပဲ.... )

ကို မျိုးဇင်ရော ဘာကြိုက်လဲ ဆို...
ကျွန်တော်က သွေးအေး တတ်တယ်ဗျ ....
အဲဒီတော့ မထင်မှတ်ပဲ ခွဲဖြာ ရင်းနှီးမြှုပ်နှံသူ ဖြစ်ဖြစ်သွားတတ်တယ်....
( ဒီနေ့တောင်မှ ချစ်သူက ဆူလိုက်တယ်... :)
သာမန် ဖြန့်ချီရေး အဓိက လုပ်မှာလား ?
Network Marketing အဓိက လုပ်မှာလား ?
Sharing Together Group အဓိက လုပ်မှာလား ?
E-Commerce အဓိက လုပ်မှာလား ?
တစ်ခုကို သေချာရွေးတဲ့....
ကြာလာရင် ကိုယ့်လူတွေပါ ကိုယ့်လို ရောင်ဝါးဝါး ဖြစ်လာမယ်တဲ့...
ကိုယ်က လုပ်နိုင်ရင်တောင် သူတို့က မလိုက်နိုင်ပဲ ....
ဝေလေလေ ဖြစ်လာလိမ့်မယ်တဲ့...
သူပြောတာ စဉ်းစားကြည့်တော့လည်း ဟုတ်သင့်သလောက် ဟုတ်တယ်ဗျ...
ကျွန်တော်တို့ တောင် အဲဒီ ကိစ္စ Meeting  ပြန်ထိုင်ရဦးမယ်... :) )
ကျွန်တော်က လည်း ခက်တယ်ဗျ...
ကိုယ်နဲ့ ထိစပ်လိုက်တဲ့ လူတိုင်းကို တစ်ခု မဟုတ် တစ်ခု ပေးလိုက်ချင်တယ် ....
အဲဒါနဲ့ပဲ လူတိုင်း အတွက် လိုက်စဉ်းစားပေးရင်း ခေါင်းတွေ မူးကုန်ရော.... :P

( ဒီမှာ ကျွန်တော် စကား မစပ် တစ်ခု လောက် ကြေငြာထားချင်တာက ...
ကျွန်တော့ကို  Network Marketer တစ်ယောက်အနေနဲ့ သိတဲ့ လူတွေ ရှိကောင်း ရှိကြပါလိမ့်မယ် ....
ဒါပေမယ် ဒီ Sharing Together Group ကို
ကျွန်တော်ဟာ Network Marketing အတွက်
လူ စည်းရုံးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာ မဟုတ်ဘူး ....
ဆိုတာတော့  သိစေချင်ပါတယ်....
ကျွန်တော့ နာမည်ကိုပဲ ဖြစ်ဖြစ် ...
Sharing Together Group နာမည် ကိုပဲ ဖြစ်ဖြစ် ...
အခု ရော နောင်ပါ ရည်ညွှန်းပြီး ( ကျွန်တော် အပါအဝင် ) တစ်စုံတစ်ယောက်က
Network Marketing လုပ်ငန်း အကြောင်း ပြောပြ စည်းရုံးလာခဲ့ရင် ...
ကိုယ်ပိုင် အသိဉာဏ် သင်ယူလေ့လာအား နဲ့သာ သီးသီးသန့်သန့် ဆုံးဖြတ်ကြပါလို့
အသိပေး မေတ္တာရပ်ခံချင်ပါတယ် ...

သင်တန်း ကျောင်း တစ်ခုမှာ ဒီအချက်အပေါ် မူတည်ပြီး...
မရှင်းမလင်း .... လူရှုပ် စကား ရှုပ်ပြီး ...
သင်တန်း သိက္ခာချတယ် လို့ ယူဆတဲ့ အပေါ်မှာ မူတည်ပြီး
သဘောထား ကွဲလွဲကြလို့ ...
ကျွန်တော် အပြီး အပိုင် နှုတ်ထွက်သည် အထိ လုပ်ခဲ့တာပါ...
ဒီလို အဖြစ်မျိုး STG မှာ အခုရော နောင်ရော...
ကျွန်တော် အဖြစ်ခံသွားမှာ မဟုတ်ပါဘူး ....
နောင်မှာ တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်လည်း...
ဒီစာ.... ဒီ နေ့ရက်ကို... သက်သေ ကြေညာ ချက် တစ်ခု အဖြစ် ရှိနေစေချင်လို့ပါ ....

ကျွန်တော် Network Marketing ကို လူငယ်တွေ...
အောင်မြင် တိုးတက်ချင်သူတွေ အတွက်
အလွန် အင်အား ကောင်းတဲ့ ကစားကွင်း ၊ စီးပွါးရေး လုပ်ငမ်း တစ်ခု အဖြစ်
အလေး အနက် ယုံကြည်ပါတယ်
ဒါပေမယ် လူတွေအားလုံး ... ဒီ တစ်ခု ထဲမှာ အောင်မြင်နိုင်တယ်လို့တော့ မယုံကြည်ပါဘူး ....
ဒါကြောင့် Network Marketing မလုပ်တဲ့ လူငယ်တွေကို
ငါ ဘယ်လို အကူအညီ ပေးရမလဲ ဆိုတဲ့
အတွေးအပေါ်မှာ မူတည်ပြီးတော့ Sharing Together Group ကို
အခုလောက် မြန်မြန် ဆန်ဆန် တည်ထောင် ဖြစ်ခဲ့တာပါ ... )

စကားကို ပြန်ဆက်ရရင်...
ဒီ ပြသနာ က Specialist လုပ်မှာလား ....
Generalist လုပ်မှာလား ...ဆိုတာနဲ့လဲ ဆင်တူတယ်ဗျ...

အဓိက က တော့ ကျွနတော်တို့ တစ်ဦးချင်းတွေရဲ့ ...
ကိုယ်ရည် ကိုယ်သွေး... အကျင့် စရိုက်...
အချိန်အခါ နဲ့ နေရာဒေသ ပေါ်မှာ မူတည်ပြီး
စဉ်းစားကြရမှာပဲ....

Robert ကလည်း ပြောဖူးတယ် ....
ကိုယ်စီးနေတဲ့ ယာဉ်ကိုပဲ ဖက်တွယ်ထားရင်...
ထိုက်သင့် သလောက် ခရီး ရောက်မှာ မဟုတ်ဘူးတဲ့....
စီးပွါးရေး လုပ်ငန်းတိုင်းကို ကိုယ် ခရီး ရောက်ဖို့ စီးသွားနေတဲ့ ယာဉ်တွေလိုပဲ
သဘောထားပါတဲ့ ....
စွန့်ချိန်တန် ရင် စွန့်ခဲ့ပေါ့ဗျာ...
( ကျွန်တော်တို့ မြတ်စွာဘုရားလည်း တရား အားထုတ်မှုပိုင်းမှာ
မြစ်ကိုဖြတ်ပြီးရင် ဖောင်ကိုစွန့်ဖို့ ပြောထားတယ်ဗျ.... )

ဒီတော့ လေ့လာပါ ...
စဉ်းစားပါ ...
မေးမြန်းပါ ...
ကာလံ ဒေသံ အလိုက် ကျင့်သုံးပါ ...လို့ပဲ အကြံပေးချင်ပါတယ်ဗျာ...
စာလည်း ရှည်သွားပြီ ...
စိတ်ရှည်ရှည်ထားပြီး ဖတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို အလွန် ကျေးဇူးတင်ပါတယ်ဗျာ... :)
ကို မျိုးဇင် ( zinzae )
zinzae on facebook
zinzae on gmail

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...