ဘယ်စာကြောင်း မှန်သလဲ ရွေးပါ ။ ( Quiz - 8 ) ( အဖြေမှန်နှင့် ရှင်းလင်းချက် ပါဝင်သည် ) 1. I'm looking for a L-shaped desk. 2. I'm looking an L-shaped desk. 3. I'm looking a L-shaped desk. 4. I'm looking for an L-shaped desk. . . . . . " L " ပုံစံ စားပွဲခုံကို ရှာနေတယ်လို့ ဆိုလိုချင်တာ ဖြစ်တဲ့အတွက် ( 2/3 ) က " for " မပါပဲ သုံးတာဖြစ်တဲ့အတွက် မှားပါတယ် ။ အဓိက စဉ်းစားရမှာက L-shaped desk အရှေ့မှာ " a " လိုက်ရမလား ? / " an " လိုက်ရမလား ဆိုတာပါ ။ သာမန်စဉ်းစားကြည့်ရင် L-shaped စာလုံးက " L " နဲ့ စတာဖြစ်တဲ့ အတွက် Consonant ( ဗျည်း ) နဲ့ စတယ်လို့ထင်ပြီး " a " လိုက်မိမှာပါ ။ တကယ်တမ်းမှာတော့ " L " ဆိုတဲ့ စာလုံးကို ပြောတဲ့အခါမှာ Vowel - သရသံ ( အလွယ်ပြောရရင် " အ " သံ ) ကို သုံးရတဲ့အတွက် " an " ပဲ လိုက်ရမှာပါ ။ ဒီနေရာမှာ သရဆိုတာ ( a,e,i,o,u ) နဲ့ စတယ် လို့ အလွယ်မှတ်တဲ့လူတွေ မှားလေ့ရှိကြတာပါ ။ ဒီ စာလုံးတွေနဲ့ စရင် " an " လိုက်ပြီး ကျန်တာတွေနဲ့ စရင် " a " လိုက်တယ်လို့ အသေမှတ်ရင် ...