Skip to main content

အလုပ် လုပ်ရင်း စိတ်ဓာတ်ကျလာတဲ့ အခါ ဘယ်လို ဖြေရှင်းကြမလဲ..





Sharing Together Group က Discussion လေးပါ....
မှတ်တမ်းတင် ပြန်လည်မျှဝေပေးချင်လို့ပါ....

Aung Si Paing start the discussion :
"လူတစ်ယောက်ဟာ မကျွမ်းကျင်တဲ့ အလုပ်ဖြစ်ဖြစ် မနိင်ဝန်ထမ်းရတဲ့အခါမျိုးမှာ
 စိတ်ဓါတ်ကျတာမျိး ဖြစ်လေ့ရှိပါတယ်...Group ထဲကသူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြလဲ...သိချင်မိပါတယ် ခင်ဗျာ...."

zinzae Reply :

ကျွန်တော် လည်း ဒီလို ပြသနာမျိုး ဖြစ်ရပ်မျိုးကို
ကျွန်တော် ကိုယ်တိုင် အနေနဲရော
ကျွန်တော်နဲ့ စီးပွါးဖက် လုပ်ကိုင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေမှာ ရော အမြဲ လိုလို
မြင်တွေ့ဖြေရှင်းပေးခဲ့ဖူးပါတယ်....

ဒီလို ဖြေရှင်း နိုင်တဲ့ အချက်တွေထဲက အကောင်းဆုံးလို့ ယုံကြည်တဲ့ အချက် ၂ ချက်ကို
 ဆွေးနွေးပေးပါ့မယ်...
( ဆရာကြီး လုပ်တာ မဟုတ်ပါဘူးနော် ... တတ်နိုင်သလောက်
 အကျိုးရှိမယ်လို့ယုံကြည်လို့...ကြိုးစား ဆွေးနွေးတာပါ... )

ကျွန်တော် ဒီနေ့ ဒီ အချိန်အထိ ကျွန်တော့ အလုပ်တွေမှာ အခက်အခဲတွေ ...
အတိုက်အခံတွေ... နောက်ကြောကို ဓားနဲ့ ထိုးခံရတာတွေ ရှိလာတိုင်းမှာ
ကျွန်တော် ကျော်လွှားနေဆဲ  တောင့်ခံနေဆဲ ရှိနေနိုင်တာ အချက် ၂ ချက်ကြောင့်ပါ...
ပထမ အချက်က ငါ ဒီ အလုပ်ကို ဘာကြောင့် လုပ်ခဲ့တာလဲ ...
ဘာကြောင့် လုပ်ချင်နေတာလဲ ....ဆိုတဲ့ " Why? " ကို
ကျွန်တော့ကို ကျွန်တော် ပြန် မေးပါတယ်...
"  ပိုက်ဆံလိုချင်လို့လား
လူလေးစားတာ ခံချင်လို့လား
လူတွေကို တတ်နိုင်သလောက် ကူညီပေးနိုင်တယ့် ဘဝ တစ်ခုကို လိုချင်လို့လား
ဇိမ်ကျကျ နေချင်လို့လား
လွတ်မြောက်ချင်လို့လား စသဖြင့်ပေါ့..."
ကျွန်တော့ရဲ့ Why တွေ ထဲက အား အကောင်းဆုံး Why ကိုဆွဲထုတ်ပြီး ရူးသွပ်စွာ

အိပ်မက်မက်ပါတယ်...
စိတ်ထဲကနေ ရွတ်ဆိုအားတင်းပါတယ်...
ကျွန်တော်နဲ့ Why ချင်းတူတဲ့ မိတ်ဆွေများကို ရင်ဖွင့် ဆွေးနွေး ပါတယ်....
ဒီ လို နည်းမျိုးနဲ့ ကျွန်တော့ကို ကျွန်တော် အားပြန်မွေးပါတယ်....
ယုံကြည်မှု ပြန်တည်ဆောက်ပါတယ်....

ဒုတိယ တစ်ချက်အနေနဲ့တော့..
ကျွန်တော် စကားတစ်ခွန်း လက်ဆောင်ပေးချင်ပါတယ်...
" Begin With the End in Mind "
ကိုယ် လက်ရှိ လုပ်နေတဲ့ အလုပ်ကို လုပ်နေစဉ်မှာ အောင်မြင်သွားရင် ရရှိလာမယ့်
အဆုံးသတ်ကို အမြဲ မြင်ယောင် လုပ်ကိုင်အားမွေးပါ....
မအောင်မြင်သေးတဲ့ အချိန်.... အောင်မြင်မှုဆီကို ကြိုးစား လျှောက်လှမ်းနေရချိန်မှာ
ဒီ အောင်မြင်မှုကို အမြဲတမ်း ကြိုတင် သိမြင် ခံစားနေနိုင်ဖို့ လိုပါတယ်...

ကျွန်တော် ဆိုရင်လည်း လက်ရှိ လုပ်နေတဲ့ အလုပ်မှာ အောင်မြင်ရင်
ရလဒ် အနေနဲ့ ဘာရလာမှာလဲ ...ကိုယ် ဘယ်လို ခံစားနေရမလဲ..
ဆိုတာတွေကို မြင်ယောင်အားတင်းပါတယ်...
နိုင်ငံတကာက အောင်မြင်ရေး ဟောပြောသူတွေ ရဲ့ လမ်းညွန်ချက်အရဆိုရင်
ကိုယ် ဖြစ်ချင်တဲ့ ရချင်တဲ့ အောင်မြင်မှုတွေ ကို ပုံဖော်ထားတဲ့ Vision Board ထားတာ
 အလွန် အကျိုးရှိပါတယ်....

ကျွန်တော် ပြောခဲ့ဖူးပါတယ် ..
ဘဝ ခရီးလမ်းကတော့ အခက်အခဲတွေ အတိုက်အခိုက်တွေ အမြဲရှိနေဦးမှာပဲ...
ဒါကိုလည်း လူတိုင်း နားလည် လက်ခံထားပြီး ဖြစ်ပါတယ်...
ဒီ လို အချိန်မျိုးမှာ ကျွန်တော်တို့တွေ ရှေ့ဆက်သွားနိုင်ဖို့
ဒီ နည်းလမ်း ၂ ခုက အကူ အညီ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်....
( ပြီးတော့ Sharing Together Group က ရောပေါ့... :)
ဘဝမှာ အောင်မြင် တိုးတက်လိုတဲ့ ...
အမြဲ သင်ယူ သင်ကြားလိုစိတ် ပြည့်ဝနေတဲ့....
မြန်မာ လူငယ် တွေရဲ့ စုဝေးရာ ဖြစ်နိုင်အောင် ကြိုးစားသွားပါမယ်...

အချင်း ချင်း အကြံဉာဏ်ပေးကြမယ် ...
နွေးနွေး ထွေးထွေး ဆွေးနွေး ကြမယ် ...
ရင်ဘတ်နဲ့ နားထောင်ပေးကြမယ်လေ ... )



Join us on facebook ( Sharing Together Group )
zinzae on gmail 

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...