Skip to main content

Posts

Showing posts with the label ကြီးပွားတိုးတက်ရေး ၊ စီးပွားရေး

ဘဝမှာ လမ်းပျောက်နေပါတယ် ဆိုတဲ့ လူများစု မေ့နေတာလေး တစ်ခု ( Zawgyi )

ဘဝမှာ လမ်းပျောက်နေပါတယ် ဆိုတဲ့ လူများစု မေ့နေတာလေး တစ်ခု ရှိတယ်  🤔 👉  ကိုယ့်ဘဝမှာ ဘယ်အရာတွေကို တန်ဖိုးထားတယ်ဆိုတာကို သေချာ မသတ်မှတ်ထားမိတာပါ ။ အဲ့လို ကိုယ့် ဘဝရဲ့ စံ တန်ဖိုးတွေကို သေချာ မသတ်မှတ်ထားမိတော့ ကိုယ် ဘာကို လိုချင်တယ်ဆိုတာ သေချာသိဖို့လည်း ပို ခက်သွားတယ် ။ ကိုယ် ဘာလိုချင်လဲဆိုတာ သေချာ မသိတော့ ဘာ လုပ်ရမယ် ? ဘယ် လမ်းကို လျှောက်ရမယ်ဆိုတာ သေချာ သိဖို့ ခက်သွားတော့တာပါပဲ ။  😕 ကျွန်တော် ကိုယ်တိုင်လည်း သင်္ဘောပေါ်က ပြန်လာကာစ မှာ တစ်ခါ MLM လောက ကနေ ထွက်လာကာစမှာ တစ်ခါ အဲ့လို လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားခဲ့ဖူးပါတယ် ။  😔 စားဝတ်နေရေး ပြေလည်အောင် လုပ်သင့်တာလေးတွေ လုပ်နေရုံကလွဲလို့ ဘဝမှာ နေရတာ သိပ် အဓိပ္ပာယ် မရှိသလို ခံစားခဲ့ရတာမျိုးပေါ့ ။ ကံကောင်းတာက လုပ်စရာ မရှိရင် လည်း ငုတ်တုတ်တော့ ထိုင် မနေနိုင်ဘူး ။ လေ့လာလို့ရတာ အကုန် လေ့လာမယ်ကွာဆိုတဲ့ စိတ် ကလေး ဝင်လာတာရယ် ငယ်ငယ်က ရှိခဲ့တဲ့ စာဖတ်အားလေးရယ်ကြောင့် နိုင်ငံတကာက တိုးတက်အောင်မြင်ရေး နဲ့ ပတ်သက်တဲ့ ဆောင်းပါးကောင်းတွေ / စာအုပ်ကောင်းတွေ ဖတ်ဖြစ်ခဲ့တယ် ။ ဟောပြောပွဲတွေ နားထောင် ဖြစ် အွန်လိုင်း သင်တန်းတွေ တက်ဖြစ်ခဲ့တယ် ။...

Facebook လို social network အသုံးပြုရင်း အလိုလို ဝင်ငွေ ရချင်ရင် ဒီ Post ကို ဆုံးအောင် ဖတ်ပါဗျာ

Facebook လို Social Network တစ်ခုမှာ  ကိုယ့် wall/timeline ကို လာကြည့်တဲ့လူတွေ များရင် ကိုယ်ပါ ပိုက်ဆံ ရတာမျိုး မလိုချင်ဘူးလား .. ? မဖြစ်နိုင်ဘူးလို့ အထင်မစောဘဲ ဒီစာကို ဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ ... :) ( - 2nd Edition ) ================================================ ♦ New York အခြေစိုက် ဖေ့စ် ဘွတ် (ခ် ) လိုမျိုး social network တစ်ခု ဖြစ်တဲ့ Tsu ဆိုတဲ့ social network ဟာ ထူးထူးခြားခြား အစီအစဉ် တစ်ခု လုပ်နေပါတယ် ။ ( Tsu - Sancus Capital Prive ကနေ စတင် မတည်ငွေအနေနဲ့ 7 million   ထုတ်ပေးထားတဲ့ social network  တစ်ခု ဖြစ်ပါတယ်  ) ဒါကတော့ သူတို့ ရလာတဲ့ ကြော်ငြာ ဝင်ငွေတွေရဲ့  ၁၀ ရာခိုင်နှုန်းကိုသာ သူတို့ ယူပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို social network အတွင်း member ဝင်သူတွေကို ခွဲဝေပေးမယ် ဆိုတာပါပဲ ။ စာရေး ကောင်းတဲ့လူတွေ ၊ စကား ပြောကောင်းတဲ့လူတွေ ( ဒါမှမဟုတ် ) စကား ကောင်းပြောတဲ့လူတွေ ၊ ဓာတ်ပုံ အတင်ကောင်းတဲ့လူတွေ ကျော်ကြားပြီးသား Celebrities တွေ / သတင်းနဲ့ စာနယ်ဇင်း သမားတွေ အတွက်တော့ သုံးနေကျ အတိုင်း social network လေး သုံးရင်း တစ်ဖက်တစ်လမ်း ကဝင်ငေ...

အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့် နေရာပေး မခံရတာ

ထုတ်ကုန် တစ်ခုကိုပဲ ဖြစ်ဖြစ် အရည် အသွေး တစ်ခုကိုပဲ ဖြစ်ဖြစ် ဈေးကွက် တင်တတ်ဖို့ အရေးကြီးတယ် ... မဟုတ်ရင် ကိုယ့်ရဲ့ ထုတ်ကုန် ၊ အရည် အသွေး ဘယ်လောက်ပဲ ကောင်းနေပါလေ့စေ ... တန်ဖိုးထား မခံရတတ်ဘူး.... အချို့တွေ အရည် အသွေး သိပ်မရှိဘူး ထင်ရပေမယ့် နေရာ ရနေတာ ဒါ့ကြောင့်ပဲ... အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့် နေရာပေး မခံရတာ ဒါ့ကြောင့်ပဲ.... Marketing & Branding ကို အထင်မသေးပါနဲ့ ... ကိုယ့်အတွက် အားနည်းချက် ဖြစ်သွားလိမ့်မယ် .... လေးစားလျှက် ကိုဇင်ဇေ (STG) www.facebook.com/sharingtogethergroup

အလုပ် လုပ်ရင်း စိတ်ဓာတ်ကျလာတဲ့ အခါ ဘယ်လို ဖြေရှင်းကြမလဲ..

Sharing Together Group က Discussion လေးပါ.... မှတ်တမ်းတင် ပြန်လည်မျှဝေပေးချင်လို့ပါ.... Aung Si Paing start the discussion : "လူတစ်ယောက်ဟာ မကျွမ်းကျင်တဲ့ အလုပ်ဖြစ်ဖြစ် မနိင်ဝန်ထမ်းရတဲ့အခါမျိုးမှာ  စိတ်ဓါတ်ကျတာမျိး ဖြစ်လေ့ရှိပါတယ်... Group ထဲကသူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြလဲ...သိချင်မိပါတယ် ခင်ဗျာ.... " zinzae Reply : ကျွန်တော် လည်း ဒီလို ပြသနာမျိုး ဖြစ်ရပ်မျိုးကို ကျွန်တော် ကိုယ်တိုင် အနေနဲရော ကျွန်တော်နဲ့ စီးပွါးဖက် လုပ်ကိုင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေမှာ ရော အမြဲ လိုလို မြင်တွေ့ဖြေရှင်းပေးခဲ့ဖူးပါတယ်.... ဒီလို ဖြေရှင်း နိုင်တဲ့ အချက်တွေထဲက အကောင်းဆုံးလို့ ယုံကြည်တဲ့ အချက် ၂ ချက်ကို  ဆွေးနွေးပေးပါ့မယ်... ( ဆရာကြီး လုပ်တာ မဟုတ်ပါဘူးနော် ... တတ်နိုင်သလောက်  အကျိုးရှိမယ်လို့ယုံကြည်လို့...ကြိုးစား ဆွေးနွေးတာပါ... ) ကျွန်တော် ဒီနေ့ ဒီ အချိန်အထိ ကျွန်တော့ အလုပ်တွေမှာ အခက်အခဲတွေ ... အတိုက်အခံတွေ... နောက်ကြောကို ဓားနဲ့ ထိုးခံရတာတွေ ရှိလာတိုင်းမှာ ကျွန်တော် ကျော်လွှားနေဆဲ  တောင့်ခံနေဆဲ ရှိနေနိုင်တာ အချက် ၂ ချက်ကြောင့်ပါ... ပထမ အချက်က ငါ ဒီ အလုပ်ကို ဘာကြောင့် လုပ်ခဲ့တာလဲ ... ဘ...

သန်းကြွယ် စကား ...

ရှာဖွေတဲ့ အခါမှာ.... "ဝင်ငွေတစ်ခုတည်း အပေါ်မှာ မမှီခိုပါနဲ့ ဒုတိယ ဝင်ငွေလမ်းကြောင်း တစ်ခု ရလာအောင် ရင်းနှီး မြှုပ်နှံပါ" သုံးစွဲတဲ့ နေရာမှာ...  "သင် မလို အပ်တာတွေ ဝယ်မိရင် သင် လိုအပ်တာတွေ ရောင်းရလိမ့်မယ်" စုဆောင်းတဲ့ နေရာမှာ... " သုံးလို့ ပိုတာကို မစုပါနဲ့ စုလို့ ပိုတာကို သာ သုံးပါ " စွန့်စားတဲ့ အခါမှာ ... "ရေအနက်ကို ခြေ နှစ်ဖက် ချပြီး မစမ်းမိပါစေနဲ့" ရင်းနှီး မြှုပ်နှံတဲ့ အခါမှာ... "ကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းတည်း စုမထည့်ထားမိပါစေနဲ့" မျှော်လင့်ချက် ထားတဲ့နေရာမှာ ... "ရိုးသားမှု ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပါ ခပ်ပေါပေါ လူတွေ ဆီက ရဖို့ သွား မမျှော်လင့်မိပါစေနဲ့ "   zinzae on gmail zinzae on facebook

ခင်ဗျား အတွက် တာဝန်ယူပေးရမယ့် လူ

၂၁ ရာစုမှာ ခင်ဗျား အတွက် တာဝန်ယူပေးရမယ့် လူက ခင်ဗျား သူဋ္ဌေး မဟုတ်ဘူး ... ခင်ဗျား တို့ အစိုးရလည်း မဟုတ်ဘူး .... အဲဒါ ခင်ဗျား ကိုယ်တိုင်ပဲ... ခင်ဗျား ကိုယ်တိုင်ပဲ ကိုယ့် ကံကြမ္မာ ကို ကိုယ်ပဲ တာဝန်ယူရတော့မှာ ... ( Robert Kiyosaki ) zinzae on gmail zinzae on facebook

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ...

ခင်ဗျား ... ကြက်ဥတွေ ဘာလုပ်ပစ်ရင် ကောင်းမလဲ... Sharing Together Group က Discussion လေးပါ... ပြန်လည် မျှဝေချင်လို့ပါ... Saw John John start the discussion: စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျာ. . လုပ်ငန်းကိစ္စနဲ့ပတ်သက်လို့ အခြေခံမူဝါဒက ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' တဲ့ . အကို အမတွေရဲ့ အမြင်တွေကကော ဘယ်လိုလဲ ဗျာ. . zinzae : ကျွန်တော် ပြောချင်တယ်ဗျ ... နည်းနည်းတော့ ရှည်မယ်နော်.... :) ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာ ရှိသလို "မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြုံထည့်ထားလိုက်ပြီး သိမ်းငှက် တစ်ကောင်လို မျက်စိ ဒေါက်ထောက် ကြည့်နေပါ..." ဆိုတဲ့ အယူအဆလည်း ရှိတယ်ဗျ... ''ကြက်ဥတွေ အားလုံးတောင်းတလုံးထဲ ပြုံမထည့်စေနဲ့'' ဆိုတာက ( ခွဲဖြာ ရင်းနှီးမြှုပ်နှံသူ )လုံခြုံမှုကို ဦးစားပေးပြီး ကစားတာ .... မြတ်နည်းနည်း ရှုံး နည်းနည်းပေါ့ဗျာ... အပေါ်စီးကနေ ဈေးကွက်အားလုံးကို ခြုံကြည့်ပြီး .... သတင်းအဆက်အသွယ် ကောင်းကောင်းနဲ့ အလျှင်အမြန် လှုပ်ရှားနိုင်ရမှာ ... "မင်းကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းထဲမှာ စုပြု...