Skip to main content

Posts

Showing posts with the label အားသစ်ဖြစ်ဖို့ အတွေးစများ

ဘဝမှာ လမ်းပျောက်နေပါတယ် ဆိုတဲ့ လူများစု မေ့နေတာလေး တစ်ခု ( Zawgyi )

ဘဝမှာ လမ်းပျောက်နေပါတယ် ဆိုတဲ့ လူများစု မေ့နေတာလေး တစ်ခု ရှိတယ်  🤔 👉  ကိုယ့်ဘဝမှာ ဘယ်အရာတွေကို တန်ဖိုးထားတယ်ဆိုတာကို သေချာ မသတ်မှတ်ထားမိတာပါ ။ အဲ့လို ကိုယ့် ဘဝရဲ့ စံ တန်ဖိုးတွေကို သေချာ မသတ်မှတ်ထားမိတော့ ကိုယ် ဘာကို လိုချင်တယ်ဆိုတာ သေချာသိဖို့လည်း ပို ခက်သွားတယ် ။ ကိုယ် ဘာလိုချင်လဲဆိုတာ သေချာ မသိတော့ ဘာ လုပ်ရမယ် ? ဘယ် လမ်းကို လျှောက်ရမယ်ဆိုတာ သေချာ သိဖို့ ခက်သွားတော့တာပါပဲ ။  😕 ကျွန်တော် ကိုယ်တိုင်လည်း သင်္ဘောပေါ်က ပြန်လာကာစ မှာ တစ်ခါ MLM လောက ကနေ ထွက်လာကာစမှာ တစ်ခါ အဲ့လို လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားခဲ့ဖူးပါတယ် ။  😔 စားဝတ်နေရေး ပြေလည်အောင် လုပ်သင့်တာလေးတွေ လုပ်နေရုံကလွဲလို့ ဘဝမှာ နေရတာ သိပ် အဓိပ္ပာယ် မရှိသလို ခံစားခဲ့ရတာမျိုးပေါ့ ။ ကံကောင်းတာက လုပ်စရာ မရှိရင် လည်း ငုတ်တုတ်တော့ ထိုင် မနေနိုင်ဘူး ။ လေ့လာလို့ရတာ အကုန် လေ့လာမယ်ကွာဆိုတဲ့ စိတ် ကလေး ဝင်လာတာရယ် ငယ်ငယ်က ရှိခဲ့တဲ့ စာဖတ်အားလေးရယ်ကြောင့် နိုင်ငံတကာက တိုးတက်အောင်မြင်ရေး နဲ့ ပတ်သက်တဲ့ ဆောင်းပါးကောင်းတွေ / စာအုပ်ကောင်းတွေ ဖတ်ဖြစ်ခဲ့တယ် ။ ဟောပြောပွဲတွေ နားထောင် ဖြစ် အွန်လိုင်း သင်တန်းတွေ တက်ဖြစ်ခဲ့တယ် ။...

Failure is Not the opposite of Success.

ကျရှုံးခြင်း နဲ့ အောင်မြင်ခြင်းဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး ။ တကယ်တမ်းဆို ကျရှုံးခြင်း ကိုယ်တိုင်က အောင်မြင်ခြင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတာပါပဲ ။ <ကိုဇင်ဇေ > Failure is Not the opposite of Success. It’s part of Success. ( An anonymous author ) ===== ဒီလို အလားတူ စာလေးတွေ ဖတ်ချင်ရင် ဒီစာမျက်နှာတွေကို အလည် လာခဲ့ပါဗျာ :) English ဘာသာစကား အရံအတား ကို ကျော်လွှားနိုင်ဖို့ https://www.facebook.com/activeenglishmyanmar https://www.facebook.com/myanmadream မြန်မာ့ အိပ်မက် < လူငယ် တိုးတက်ရေး မဂ္ဂဇင်း > ကိုဇင်ဇေ https://www.facebook.com/sharingkozin

မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း

မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း ♦ လူငယ်များ အတွက် > စိတ်ဓာတ်ခွန်အား ရရှိစေသော ကဗျာ ၊ ဆောင်းပါး ၊ စာစုများ > အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ > စိတ်ဓာတ် ၊ အတွေးအခေါ် နှင့် ကိုယ်ရည်ကိုယ် သွေး တိုးတက်စေမည့် စာစုမျာ > လူငယ် စွန့်ဦးတီထွင် / စီးပွားရေးသမားတို့ သိသင့် သိထိုက်သည့် သဘောတရားများ ပါဝင်သည့် " မြန်မာ့ အိပ်မက် " မဂ္ဂဇင်းကို ၁၁.၂.၂၀၁၅ တွင် စတင် ဖြန့်ချီခဲ့ခြင်း ဖြစ်ပါသည် ။ လူငယ် စာဖတ်သူများ / စာဖတ်လိုသူများ အတွင်း ပိုမိုပြန့်နှံ့နိုင်စေရန် ရည်ရွယ်၍ ♦ အခကြေးငွေ လုံးဝ ပေးစရာမလိုသော " အခမဲ့ " အွန်လိုင်း မဂ္ဂဇင်း အနေဖြင့် ဖြန့်ချီထားပါသည် ။ စာဖတ်သူများ အနေဖြင့် ဖတ်ရှုလေ့လာပြီး လိုအပ်သည်များကို အကြံပေး ဝေဖန်နိုင်ပါသည် ။ ♦ နှစ်သက်ပါက ကျေနပ်အားရကြောင်း စာ/စကားဖြင့် အားပေး ကူညီနိုင်ပါသည် ။ မိမိမိတ်ဆွေများ / လူငယ်များကို လွတ်လပ်စွာ တဆင့် မျှဝေပေးနိုင်ပါသည် ။ ♦ စာဖတ်သူများအတွက် လုံးဝ အခမဲ့ ဖြန့်ဝေထားသော်လည်း စာမူရှင်များကို ထိုက်သင့်သော စာမူခများ ပူဇော်ရန် စီစဉ်ထားပြီး ဖြစ်ပါသည် ။ < စာမူခ ကို လက်မခံဘဲ စာပေ ဒါန ပြုကြသော စာရေး...

မင်း လုပ်နိုင်မယ်လို့ ယုံကြည်ရင် ...

မင်း လုပ်နိုင်မယ်လို့ ယုံကြည်ရင် လမ်း တစ်ဝက် ရောက်နေပြီ :) ကိုဇင်ဇေ #ActiveEnglishQuotes www.ActiveEnglishMyanmar.com <<< အလားတူ စာစုများ ထပ်ဖတ်ရန် တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို သိရှိလိုပါက  အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http://www.activeenglishmyanmar.com/2015/05/class.html

ကြာကြာတောင့်ခံနိုင်ရင် မင်း အောင် ကို အောင်မြင်လိမ့်မယ်

If you persist long enough , you will win. ကြာကြာတောင့်ခံနိုင်ရင် မင်း အောင် ကို အောင်မြင်လိမ့်မယ် ။ #ကိုဇင်ဇေ ( ဘာသာပြန် ) ( Quote - by PositiveMotivation ) #ActiveEnglishQuotes === တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို သိရှိလိုပါက  အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)  >>> http://www.activeenglishmyanmar.com/2015/05/class.html

English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?

♦  English Listening Skill ဘယ်လို လေ့ကျင့်မလဲ ? -------------------------------------------------------- 1. ကိုယ် နှစ်သက်တဲ့  / စိတ်ဝင်စားတဲ့ Topics တွေကို  ဦးစားပေးပြီး များများလိုက်နားထောင်ပါ ။ ကိုယ့် Professional ဘာသာရပ် / စီးပွါးရေး / အနုပညာ / တိုးတက်ရေး / ခေါင်းဆောင်မှု  စ တာ တွေပေါ့ဗျာ ... :) ( လုံးကောက်နားလည်ဖို့ထက် ခြုံငုံပြီး နားလည် နိုင်ဖို့ကိုသာ -အစပိုင်းမှာ- ဦးစားပေးသွားပါ ။ ) 2. Audiobooks တွေ လိုက်ရှာပြီး စာ ( ebook ) နဲ့တွဲပြီး နားထောင်ပါ ။ 3. ကိုယ် နှစ်သက်တဲ့ English စကားပြော ဇာတ်လမ်း တစ်ခုတည်းကို စာတန်းထိုးပြီး တစ်ခါ စာတမ်းဖျောက်ပြီး တစ်ခါ ပြန်ကြည့်ပါ ။ ( နားမလည် လိုက်ရင် အဲလိုပဲ ထပ် ထပ် ကျော့သွားပါ  ။ ဇာတ်ကွက် တစ်ခုတည်းကို လုပ်ရင် ပိုထိရောက်ပါတယ် ... ) ( သင်ရိုးတွေမှာ ပါလေ့ရှိတဲ့ နမူနာ Conversations တွေကို လည်း နားထောင် လေ့ကျင့်နိုင်ပါတယ် ။ ) ♦ ကိုယ့် Skilll ကို ပြန်စစ်ဆေးချင်ရင် တစ်ကြောင်းပြီးတိုင်း pause လုပ်ပြီး ပြန်လိုက်ပြောကြည့်ပါ ။ ဒါပေမယ့် အဲဒါက ခင်ဗျားကို motivation ကျစေတယ်ဆိုရင် ၁၅ မိနစ်ထက် ပိုမလုပ်မိပါစေနဲ့ ။ Steps 1/2/3 ကို ပြန်လုပ်...

တခြား လူတွေ သင့် နောက်ကွယ်မှာ ဘာတွေပြောနေကြသလဲ

တခြား လူတွေ သင့် နောက်ကွယ်မှာ ဘာတွေပြောနေကြသလဲဆိုတာကို စိတ်ပူ စိုးရိမ်မနေပါနဲ့ ... သူတို့ဟာ သင့်ဘဝရဲ့ အမှားတွေကို ရှာပေးနေကြတဲ့လူတွေပါ ... သူတို့ ကိုယ်ပိုင် ဘဝရဲ့ အမှားတွေကို ပြင်ဆင်နေရမယ့် အစားပေါ့ ... လေးစားလျှက် ကိုဇင်ဇေ Active English on Facebook "Don't worry about what other people say behind your back , they are the people who are finding faults in your life instead of FIXING the faults in their OWN LIFE ."

ငါတို့ ရင်ထဲမှာ ရှိနေတဲ့ အရာတွေ

ငါတို့ အနောက်မှာ ရှိနေတဲ့ အရာတွေ ... ငါတို့ အရှေ့မှာ ရှိနေတဲ့ အရာတွေ ဟာ ... ငါတို့ ရင်ထဲမှာ ရှိနေတဲ့ အရာတွေနဲ့ ယှဉ်လိုက်ရင်တော့ အသေးအမွှားတွေပါ ... လေးစားလျှက် ကိုဇင်ဇေ Active English on Facebook

လုပ် လိုက် စမ်း ပါ …

"The harder you work, the harder it is to surrender." -- Vince Lombardi လုပ် လိုက် စမ်း ပါ … ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစား လုပ်လေ လက်လျှော့ အရှုံးပေးလိုက်ဖို့ ခက်လာလေမှို့ … လုပ် လိုက် စမ်း ပါ …. လေးစားလျှက် ကိုဇင်ဇေ Active English on facebook Ph : 09 4311 5202

မနေ့က ဖြစ်ခဲ့တာတွေ အတွက်

မနေ့က ဖြစ်ခဲ့တာတွေ အတွက် ဒီနေ့ မှာ ငြီးငြူ ပြစ်တင်နေပြီး အချိန်တွေ ကုန်လွန်သွားစေမယ်ဆိုရင် ... ပိုကောင်းတဲ့ မနက်ဖြန်ဆိုတာ ရလာမှာ မဟုတ်တော့ဘူး .... "Spending Today... Complaining about Yesterday.... Won't make Tomorrow Any Better...." ကိုဇင်ဇေ (Founder & Trainer @ Active English<<<Active Learning Society) Active English on Facebook Ph : 09 4311 5202

ဘယ်တော့မှ နောက်မကျသေးပါဘူး...

ပန်းတိုင် အသစ် တစ်ခု တည်ဆောက်ဖို့... အိပ်မက်သစ် တစ်ခု ထပ်မက်ဖို့ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘဝမှာ ငြီးငွေ့စရာတွေ များလာရင်... ဘာလို့ အရာအားလုံးကို အစကနေ ပြန်မစရဲရမှာလဲ.... လက်ရှိ ဘဝရဲ့ ရှင်သန်နေထိုင်မှုမှာ မပျော်တော့ရင် ... ဘာကြောင့် နောက်ထပ် ကိုယ် ပျော်ရွှင်နိုင်မယ့်... ဘဝသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ဖို့ ... နောက်တွန့်နေမှာလဲ...? အခုပဲ စလိုက်ပါ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘယ်တော့မှ နောက်မကျသေးပါဘူး... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ ....

ဘဝမှာ နောက်ဆုံးအချိန် နား နီးလာရင် ... ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ကျန်ရစ်သူတွေ အတွက် ကိုယ်နဲ့ ပက်သတ်လို့ ဘာတွေ ချန်ထားခဲ့ချင်လဲ.... နောင် ၁၀ နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ငွေကြေး စီးပွါးရေး အရ ... လူမှုရေး အရ... ဘဝလူနေမှု ပုံစံ အရ.... ၅ နှစ်မှာ ရော ဘယ်လို မြင်ချင်လဲ.... ဒီ ၅ နှစ် ၁၀ နှစ် ပန်းတိုင်တွေ အတွက် ဘယ်လို စီမံကိန်းတွေချပြီး သွားနေလဲ... ၁ နှစ်မှာ ၆ လမှာ ဘာဖြစ်အောင် လုပ်မှာလဲ... နောင်လ ....မနက်ဖြန် ရော ....ဘာတွေ လက်တွေ့ အကောင် အထည် ဖော် လုပ်မှာလဲ... မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ .... တစ်နေ့ တစ်လှမ်းတော့ အနည်းဆုံး ရောက်အောင် လှမ်းပါ.... မနေ့ကထက်တော့ ပို ပိုနီးလာမှာ... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မပြောင်းလဲနိုင်ပေမယ့် ... ပြောင်းလဲနိုင်ပါတယ်

ငါတို့ လုပ်သမျှဘယ် အရာကမှ အတိတ်ကို မပြောင်းလဲနိုင်ပေမယ့် .... ငါတို့ လုပ်သမျှ အရာရာတိုင်းကတော့ အနာဂတ်ကို ပြောင်းလဲစေနိုင်ပါတယ်..... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page Mail and encourage author   Author on Facebook  

ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ....

ရှုံးနိမ့်ခြင်းဟာ သင်ခန်းစာ ယူဖို့ အခွင့် အရေး ဖြစ်ပြီးတော့ .... သင်ခန်းစာ ရခြင်းဟာ အောင်မြင်ဖို့ အခွင့် အရေး ဖြစ်တာမှို့ .... ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ.... Please support us by liking and sharing our page Mail and encourage author   Author on Facebook  

သင့်အနားမှာ ရှိသူတွေ

သင့် အနားမှာ အိပ်မက်သာ မက်တတ်သူတွေ ရှိသလို တကယ် လက်တွေ့ ထလုပ်သူတွေလည်း ဝန်းရံနေပါစေ... ယုံကြည်သူတွေရှိသလို တွေးထင်သူတွေလည်း ရှိနေပါစေ... အားလုံးထဲမှာ အရှိသင့်ဆုံးလူတွေကတော့ ... သင့် အတွင်းထဲက မြင့်မြတ်ကြီးကျယ်မှူတွေကို သင်ကိုယ်တိုင် မမြင်နိုင်ရင်တောင်... မြင်ပေးနေကြတဲ့ သူတွေပါ... ( အပြုသဘောဆောင်သော အသိုင်းအဝန်း တစ်ခုဖြစ်လာအောင် အတူတကွ ကြိုးစားသွားကြရအောင်... ) ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page Mail and encourage author   Author on Facebook  

ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ…

သဘောင်္တစ်စီးဟာ ဆိပ်ကမ်းမှာ ရှိနေမယ်ဆိုရင် ဘေးကင်း လုံခြုံနေမှာပဲ... ဒါပေမယ် သဘောင်္ဆိုတာ ဒီအတွက် တည်ဆောက်ထားတာမဟုတ်ဘူးလေ... ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝဆိုတာလည်း ရင်ခုန်စွန့်စားမှုတွေ ရှာဖွေမှုတွေနဲ့ ရှင်သန်နေရမှာပဲပေါ့... ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ... ကို ဇင်ဇေ join our group on facebook   zinzae on gmail   zinzae on facebook  

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ ? အခု သင်ရရှိနေတဲ့ ဘဝနေမှု ပုံစံဟာ  လွန်ခဲ့တဲ့ ငါးနှစ်လုံး သင်တွေးခေါ်လာတဲ့ အတွေးအခေါ်တွေရဲ့ ရလာဒ် ဖြစ်မှာပါ  ဒါကြောင့် လက်ရှိ အခြေအနေထက် ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရလိုတယ် ဆိုရင်  သင့်ရဲ့ လက်ရှိ အတွေးအခေါ်တွေကို သေချာ ဆန်းစစ်ပြီး  ပြောင်းသင့်တာတွေကို ရဲရဲရင့်ရင့် ပြောင်းပစ်နိုင်ဖို့လိုပါလိမ့်မယ်  အရေးအကြီးဆုံးက အတွေးအခေါ်ပါ.....  ပညာရှင်တစ်ယောက်က ပြောဖူးတယ်...  " မင်း လုပ်နိုင်မယ် ထင်သလား မလုပ်နိုင်ဘူး ထင်သလား မင်း ထင်တာ မှန်ပါလိမ့်မယ် " တဲ့  Robert ကလည်း ပြောဖူးတယ် " ငွေရှာလို့ ခက်လှပါတယ် ဆိုတဲ့ လောကကြီးရှိတယ်တဲ့  ဒါပေမဲ့ ငွေရှာလို့ လွယ်သွားပါပြီဆိုတဲ့ လောကကြီးကိုလည်း မြင်အောင် ကြည့်တတ်ဖို့ လိုတယ်တဲ့ " အခွင့်အလမ်းတွေဆိုတာကလည်း ရှာနေတဲ့လူတွေဆီကို ရောက်လာတတ်ပါတယ်တဲ့...  ဒါပေမဲ့ ရောက်လာတဲ့ အခွင့်အလမ်းကိုပဲ ....  အခွင့်အလမ်းလို့ မြင်တတ်တဲ့လူနဲ့  အခက်အခဲလို့ မြင်တတ်တဲ့ အမြင်တွေ ကွဲပြားသွားတာကြောင့်  ဆင်းရဲ ချမ်းသာတွေ ဆက်ပြီး ကွာဟနေဦးမှာပဲတဲ့.... Keep on Trying ! ...

အလုပ် လုပ်ရင်း စိတ်ဓာတ်ကျလာတဲ့ အခါ ဘယ်လို ဖြေရှင်းကြမလဲ..

Sharing Together Group က Discussion လေးပါ.... မှတ်တမ်းတင် ပြန်လည်မျှဝေပေးချင်လို့ပါ.... Aung Si Paing start the discussion : "လူတစ်ယောက်ဟာ မကျွမ်းကျင်တဲ့ အလုပ်ဖြစ်ဖြစ် မနိင်ဝန်ထမ်းရတဲ့အခါမျိုးမှာ  စိတ်ဓါတ်ကျတာမျိး ဖြစ်လေ့ရှိပါတယ်... Group ထဲကသူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြလဲ...သိချင်မိပါတယ် ခင်ဗျာ.... " zinzae Reply : ကျွန်တော် လည်း ဒီလို ပြသနာမျိုး ဖြစ်ရပ်မျိုးကို ကျွန်တော် ကိုယ်တိုင် အနေနဲရော ကျွန်တော်နဲ့ စီးပွါးဖက် လုပ်ကိုင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေမှာ ရော အမြဲ လိုလို မြင်တွေ့ဖြေရှင်းပေးခဲ့ဖူးပါတယ်.... ဒီလို ဖြေရှင်း နိုင်တဲ့ အချက်တွေထဲက အကောင်းဆုံးလို့ ယုံကြည်တဲ့ အချက် ၂ ချက်ကို  ဆွေးနွေးပေးပါ့မယ်... ( ဆရာကြီး လုပ်တာ မဟုတ်ပါဘူးနော် ... တတ်နိုင်သလောက်  အကျိုးရှိမယ်လို့ယုံကြည်လို့...ကြိုးစား ဆွေးနွေးတာပါ... ) ကျွန်တော် ဒီနေ့ ဒီ အချိန်အထိ ကျွန်တော့ အလုပ်တွေမှာ အခက်အခဲတွေ ... အတိုက်အခံတွေ... နောက်ကြောကို ဓားနဲ့ ထိုးခံရတာတွေ ရှိလာတိုင်းမှာ ကျွန်တော် ကျော်လွှားနေဆဲ  တောင့်ခံနေဆဲ ရှိနေနိုင်တာ အချက် ၂ ချက်ကြောင့်ပါ... ပထမ အချက်က ငါ ဒီ အလုပ်ကို ဘာကြောင့် လုပ်ခဲ့တာလဲ ... ဘ...

မင်းကိုမင်း မြင်တတ်ဖို့

တခြားလူတွေ မင်းကို ဘယ်လို မြင်သလဲ က သိပ် အရေးမကြီးပါဘူး .... မင်းကို မင်း ဘယ်လို မြင်နေ သလဲ ကသာ အရေးကြီးတာပါ....   By Zin Zae

Are U Happy ?

သင်ပျော်နေရဲ့လား ...? ဒါဆို ပြောင်းလဲ စရာ မလို သေးဘူးပေါ့.... မပျော်တော့ဘူး လား ...? ဒါဆို ပြောင်းလဲ ရတော့မပေါ့.... မပျော်ရွှင်ချင်ဘူးတဲ့လား... ? ဒါဆိုလည်း နေမြဲ အတိုင်းသာ နေပါဗျာ... By Zin Zae