Skip to main content

English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?


♦  English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
--------------------------------------------------------

1. ကိုယ် နှစ်သက်တဲ့  / စိတ်ဝင်စားတဲ့ Topics တွေကို
 ဦးစားပေးပြီး များများလိုက်နားထောင်ပါ ။
ကိုယ့် Professional ဘာသာရပ် / စီးပွါးရေး / အနုပညာ /
တိုးတက်ရေး / ခေါင်းဆောင်မှု  စ တာ တွေပေါ့ဗျာ ... :)
( လုံးကောက်နားလည်ဖို့ထက် ခြုံငုံပြီး နားလည် နိုင်ဖို့ကိုသာ
-အစပိုင်းမှာ- ဦးစားပေးသွားပါ ။ )

2. Audiobooks တွေ လိုက်ရှာပြီး စာ ( ebook ) နဲ့တွဲပြီး နားထောင်ပါ ။

3. ကိုယ် နှစ်သက်တဲ့
English စကားပြော ဇာတ်လမ်း တစ်ခုတည်းကို စာတန်းထိုးပြီး တစ်ခါ
စာတမ်းဖျောက်ပြီး တစ်ခါ ပြန်ကြည့်ပါ ။
( နားမလည် လိုက်ရင် အဲလိုပဲ ထပ် ထပ် ကျော့သွားပါ  ။
ဇာတ်ကွက် တစ်ခုတည်းကို လုပ်ရင် ပိုထိရောက်ပါတယ် ... )

( သင်ရိုးတွေမှာ ပါလေ့ရှိတဲ့ နမူနာ Conversations တွေကို လည်း နားထောင် လေ့ကျင့်နိုင်ပါတယ် ။ )


ကိုယ့် Skilll ကို ပြန်စစ်ဆေးချင်ရင်
တစ်ကြောင်းပြီးတိုင်း pause လုပ်ပြီး ပြန်လိုက်ပြောကြည့်ပါ ။
ဒါပေမယ့် အဲဒါက ခင်ဗျားကို motivation ကျစေတယ်ဆိုရင် ၁၅ မိနစ်ထက် ပိုမလုပ်မိပါစေနဲ့ ။
Steps 1/2/3 ကို ပြန်လုပ်ပါ ။

Steps 1/2/3 ကို တော့ ဖြစ်နိုင်ရင် တစ်နေ့ ၂ နာရီလောက် အထိ လုပ်ပါ ။
( ကားစီးရင်း / ထမင်းစားရင်း လုပ်လို့ ရပါတယ် ...
၆ လ လောက် လုပ်ရင် သိသိသာသာကြီးကို တိုးတက်လာပါလိမ့်မယ် ...  )


ကျွန်တော်ပြောတာ အမြဲ သတိရပါ ။
Learning မှာ Motivation ( စိတ်အား ထက်သန် မှု  ) ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး ။


English ဘာသာစကား လေ့လာရာမှာ ဒီ ၃ ချက် အရေးအကြီးဆုံးပါ ။

1- စိတ်အား ထက်သန် မှု
2- ကိုယ့်ကို ကိုယ် သိဖို့  ( ကိုယ့် လက်ရှိနေရာ - တိုးတက်မှု - ဆုတ်ယုတ်မှု )
3- English Language လေ့လာနည်း စနစ်တွေရဲ့
ကောင်းကျိုးဆိုးပြစ်တွေကို သိပြီး
ကိုယ်နဲ့ ဆီလျော်တာကို  ရွေးချယ် အသုံးပြုနိုင်ဖို့


* Active English သင်တန်းသား/သူတွေ အတွက်ကတော့
သင်တန်းမှာ သင်ပေးထားတဲ့ ...
- Conversations ( Cambridge Course ) အသံဖိုင်တွေကို ထပ်ကျော့ နားထောင် ပါ ။
- ပုံပြင်တွေကို  ထပ်ကျော့ နားထောင် ပါ ။
- ဟောပြောပွဲ ( အတို/အရှည်) တွေကို ထပ်ကျော့ နားထောင် ပါ ။

နားမလည်တာရှိရင် ကျွန်တော် ( ကိုဇင်ဇေ ) ကို
-အားတဲ့ အချိန်မေးပြီး- ပွင့်ပွင့်လင်းလင်း လာ တိုင်ပင်ပါ ။
( အားတဲ့ အချိန် မေးတာနဲ့ မအားတဲ့အချိန် မေးတာမှာ
ကျွန်တော့် ဘက်က ပြန်ဖြေပေးနိုင်တဲ့ သက်ရောက်မှုကလည်း မတူနိုင်လို့ပါ ။ :)  )


နားထောင်စရာတွေ ကုန်သွားရင် / ထပ်ကျော့နားထောင်ရတာကြာလို့ ပျင်းတဲ့စိတ်ဝင်လာရင်
ဒီ အကြောင်းအရာတွေကို ကိုယ် *နားလည် သလို ပြန်လိုက်ပြောကြည့်ပါ ။
( ကိုယ် နားလည်သလို ပြောခိုင်းတာနော် ။
အလွတ်တွေလည်း ထိုင်ကျက် မနေကြနဲ့ ဦး ... :D  )


ပြီးရင် သင်တန်းမှာ လေ့ကျင့်ပေးနေသလို
ဒီ အကြောင်းအရာတွေကို ကိုယ့်ဘာသာကိုယ် *မေးခွန်းတွေ ထုတ်ကြည့်ပါ ။
ပြန်ဖြေကြည့်ပါ ။
ဒီ အဆင့်မှာတော့ လေ့ကျင့်ဖော်ရှိရင် ပိုကောင်းပါတယ် ။
မရှိတော့လည်း တစ်ယောက်တည်း ချ ပေါ့ဗျာ ။ :)

ဒီ အဆင့် ထိ ထပ်ပြီး ရသွားရင်တော့
ကျွန်တော့် ဆီမှာ ဒေတာတွေ ထပ်တောင်းပါ ။
ကျွန်တော် ၃ နှစ်စာလောက် စုစည်း လေ့လာထား ခဲ့တာတွေ ၅၀၀ MB လောက်တော့ ရှိပါတယ် ။
တစ်နေ့ ၂ နာရီနားထောင်မယ် ဆိုရင်တောင် ၃ နှစ်စာလောက်တော့ ခံပါတယ် ။ :D


ရေရှည်နဲ့ ပုံမှန် လုပ်သွားပါ ။
ဘယ်သူ နဲ့မှ ကိုယ့်ကိုယ် ကို လိုက် နှိုင်းယှဉ်မနေပါနဲ့ ။
ဘယ်သူ ဝေဖန်တာမှလည်း *သောက် ဂရု မစိုက်ပါနဲ့ ။
 ( ရိုင်းသွားရင် ခွင့်လွှတ်ပါ ။
English ဘာသာစကားကို အသုံးချဖို့ထက်
ကြွားဝါဖို့ / တပါးသူကို နှိမ်ချဖို့ လေ့လာလေ့ကျင့်ထားသူတွေ အများကြီး တွေ့နေရလို့ပါ ။
သူတို့ကြောင့် ကိုယ့်ရဲ့ စိတ်ကို အထိ မခံပါနဲ့ ။
တတ်နိုင်ရင် အဲလိုလူတွေနဲ့ ပေါင်းကို မပေါင်းပါနဲ့ ။
အပြုသဘောဝေဖန်တဲ့လူတွေ / ကိုယ့်ကိုအားပေးတဲ့လူတွေနဲ့သာ ပေါင်းသင်းပါ ။ )

ဒီ ခရီးက ရေရှည် သွားရမှာပါ ။
ကျွန်တော်တို့လည်း ပျော်ပျော်ပါးပါးကြီး ဆက်သွားနေရဆဲပါ ။
ကျွန်တော် ပြောတဲ့ Subconscious Learning ရဲ့ စွမ်းအားကို မမေ့ပါနဲ့ ။
ပျော်ပျော်ပါးပါး စိတ်ဝင်တစား နားထောင်လို့ရနိုင်တာတွေကို
ဦးစားပေး ရွေးချယ် လေ့ကျင့်သွားပါ ။

ခင်ဗျား လုပ်နိုင်ပါတယ် ...
ခင်ဗျား လုပ်နိုင်ပါတယ် ...
ခင်ဗျား လုပ်နိုင်ပါတယ် ...

:)

လေးစားလျှက်
ကိုဇင်ဇေ

PS :
ဒီစာစုကို ခင်ဗျား ချစ်ခင် နှစ်သက်တဲ့လူတွေနဲ့ မျှဝေဖတ်ရှု ဆွေးနွေးကြည့်ပါ ။
အကြံကောင်းတွေ ထပ်ရလာပါလိမ့်ဦးမယ် ။
( သီချင်း တို့ သတင်းတို့ ကို ကျွန်တော်က ဒုတိယ ဦးစားပေး အဆင့်မှာ ပဲ ထားပါတယ် ။
ဘာကြောင့်ဆိုတာတော့ နောင်မှပဲ ရှင်းပြပါတော့မယ် ။ )

အဓိက က သိရုံနဲ့ မရ ...
လက်တွေ့ လိုက်လုပ်ပြီး ...
တိုးတက်မှု ရလာဖို့ ...
ပြန်လည် အသုံးချနိုင်ဖို့ ...ဆိုတာလည်း မမေ့ပါစေနဲ့ဗျာ ။   :)

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "

ကိုဇင်ဇေ
Founder & Trainer @Active English
09 4311 5202
www.facebook.com/MmEnglishLearning

---------------------------------


"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေဖို့ ... "
ရည်ရွယ်ဖွင့်လှစ်ထားတဲ့ #ActiveEnglishသင်တန်း မှာ
စနစ်တကျ တက်ရောက်လေ့လာချင်တယ် ဆိုရင်
သင်တန်း နဲ့ သင်ကြားမှု ပုံစံတွေ ၊
သင်တန်းသားတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေကို
အောက်ပါလင့်မှာ အသေးစိတ် သွားရောက်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ :)
( April / May လ အတွင်း အသစ်ဖွင့်လှစ်မည့်
တန်းခွဲသစ်အချိန်ဇယားတွေလည်း ပါဝင်ပါတယ် )
>>>
https://www.facebook.com/activeenglishmyanmar/posts/1336933666399836

တခြား အသေးစိတ် သိချင်တာရှိရင်
ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )

လူကိုယ်တိုင် လာရောက် စုံစမ်းလေ့လာချင်တယ်ဆိုရင်တော့
ဒီလိပ်စာလေးသာ မှတ်ထားပါဗျာ ။
:)

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )
:)

Active English သင်တန်း အကြောင်း


English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."


English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...


သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...


ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...


သင်ခန်းစာတွေတင် မက
English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...


စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....


ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့
Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

***သင်တန်း အချိန်ဇယားများ

( တင်္နလာ မှ ကြာသပတေး = ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = 7 ချိန် )
7:00-8:30 AM /
9:30 - 11:00 AM/
11:30 - 2:00 PM (Sunday only)
2:00-3:30 PM /
3:30-5:00 PM /
5:00 -6:30 PM/
6:30-8:00 PM
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း တောင်းဆိုသူများလာတဲ့အခါ
အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )

လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ်
:)

#ActiveEnglishသင်တန်း မှာ
အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
အောက်ပါ အတိုင်းပါ :)

1. Elementary to
Pre-intermediate ( Part-1 )
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဆက်သွယ်ရန် :
ဖုန်း - 09 4311 5202 / 09 2522 74890

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
=====
=====
သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက်မှာ လေ့လာစရာပေးထားတာတွေ ရှိပါတယ် ။
သေချာ စိတ်ရှည်လက်ရှည် လေ့လာသွားပါဗျာ ။
လေးစားလျှက်
:)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...