Present Continuous Tense နဲ့ Present Tense ( Simple ) ♦ ကွာခြားချက် ( ၄ ) - Present Tense ကို အတွေးတွေ ၊ ခံစားချက်တွေကို ဖော်ပြရာမှာ သုံးလေ့ရှိတယ် ။ I think you're right . ( မင်းမှန်တယ်လို့ ငါ ထင်တယ် ) I like my job. ( ငါ့ အလုပ်က ငါ နှစ်သက်တယ် ။ ) - အမြဲမှန်တဲ့ ဖြစ်ရပ်တွေ ၊ အမြဲ ဖြစ်နေလေ့ရှိတဲ့ အခြေအနေတွေကို ဖော်ပြရာမှာ သုံးလေ့ရှိတယ် ။ Paper burns easily. စက္ကူ က လွယ်လွယ် မီးလောင်တယ် ။ ( မီးလောင် လွယ်တယ် ) - Verbs တွေကို State verbs နဲ့ Action verbs ဆိုပြီး ခွဲလေ့ရှိတယ် ။ အခြေအနေ တစ်ခု ကို ဖော်ပြတဲ့ verbs တွေကို State verbs လို့ ခေါ်ပြီး လုပ်ရပ်ကို ဖော်ပြရင် Action verbs လို့ ခေါ်လိုက်တယ် ။ - သာမန်အားဖြင့် State verbs နဲ့တွေကို Present Continuous Tense နဲ့ မသုံးဘဲ Present Tense နဲ့ဘဲ သုံးလေ့ရှိတယ် ။ ( *** ခြွင်းချက်တွေတော့ရှိတတ်တယ် ။ ဒါကြောင့် အမြဲတမ်းလို့ မသုံးဘဲ သာမန်အားဖြင့်လို့ သုံးပေးထားတာပါ ။ ) -State verbs တစ်ချို့ ဖော်ပြပေးလိုက်ပါတယ် ။ ( be, believe, belong , consist of, contain, depend on, deserve, exist, hate, know, like, love, matter, mean, own, need, prefer, ...