Skip to main content

Present Continuous Tense နဲ့ Present Tense ( Simple ) ကို မှားပြီး မသုံးမိအောင်

ကျွန်တော်တို့ မြန်မာ ကျောင်းသားအများစုဟာ
Present Continuous Tense နဲ့ Present Tense ( Simple ) ကိုရောပြီး သုံးတတ်ပါတယ် ။
အထူး သဖြင့် Present Tense ကို ပစ္စုပ္ပန် လို့
အလွတ်ကျက်လာခဲ့ရတဲ့ ကျောင်းသားတွေမှာ ဖြစ်လေ့ရှိပါတယ် ။
တကယ်တမ်းတော့ Present Tense = ပစ္စုပ္ပန် ဆိုတဲ့ ဖွင့်ဆိုချက်ဟာ
တကယ် English စာ  ကို လေ့လာအသုံးချမယ့် လူ တစ်ယောက် အတွက် သိပ်အဆင်မပြေလှပါဘူး ။
စဉ်းစားကြည့်လေ ။
အခု သင် ဒီစာကို ဖတ်နေတယ် ။ ဒါဟာ ပစ္စုပ္ပန်  ပဲ ။
ဒါပေမယ့် ဒါကို "I read now." လို့ ပြောသင့်လား ?
"I am reading now." လို့ ပြောရမှာလား ?
ဒီလောက်ဆို ကျွန်တော် ရှင်းပြချင်တာကို နားလည်နိုင်မယ် ထင်ပါတယ် ။
အခု ကျွန်တော် Present Continuous Tense နဲ့ Present Tense ( Simple ) ကို
မှားမသုံးမိအောင် ခွဲထုတ်နိုင်တဲ့ အချက်လေးတွေကို
နည်းနည်းချင်း ခွဲတင်ပေးပါ့မယ် ။
ဖြည်းဖြည်းချင်း မှတ်နိုင်အောင်လို့ပါ ။
ပြီးရင် တော့ ပြန်စုပြီး တစ်ပုဒ်တည်း အနေနဲ့ ပြန်တင်ပေးပါ့မယ် :)

ကွာခြားချက် ( ၁ )
Now or sometimes ? ( အခုလား ၊ တစ်ခါတလေလား ? )
Present Continuous Tense ကို လောလောဆယ် ဖြစ်ပျက်နေတဲ့အရာတွေမှာ သုံးရပါတယ် ။
Example:
It's raining at the moment.
- အခု မိုးရွာနေတယ်  ။
Look. That man is taking a photo of you.
- ဟေ့ ကြည့်လိုက်ဦး ။ ဟိုလူ မင်း ကို ဓာတ်ပုံရိုက်နေတယ် ။
Present Tense ကိုတော့ ထပ်ခါတလဲလဲ လုပ်နေတဲ့ ဖြစ်ရပ်/လုပ်ရပ်တွေကို ဖော်ပြရာမှာသုံးပါတယ် ။
Example:
It always rains at the weekend.
- စနေ၊တနင်္ဂနွေ တွေဆို အမြဲ မိုးရွာလေ့ရှိတယ် ။
He's a photographer. He takes lots of photos.
- သူ က ဓာတ်ပုံဆရာ ၊ သူက ဓာတ်ပုံတွေ အများကြီး ရိုက်လေ့ရှိတယ် ။

ကွာခြားချက် ( ၂ )
Temporary or permanent ? ( ယာယီလား ? အမြဲတမ်းလား ? )
Present Continuous Tense ကို ယာယီ အနေနဲ့လုပ်နေရတယ်လို့
ယူဆတဲ့ အနေအထားတွေ ၊ လုပ်ရပ်တွေကို ဖော်ပြရာမှာ သုံးပါတယ် ။
Example:
I'm working at a sports shop for six weeks.
- ငါ အားကစားပစ္စည်း အရောင်းဆိုင်မှာ ၆ ပတ်လောက် အလုပ်လုပ်နေတယ် ။
At the moment they're living in a very small flat.
- လောလောဆယ်တော့ သူတို့ တွေ အတော်လေးကျဉ်းတဲ့ တိုက်ခန်းလေးမှာ နေ နေကြတယ် ။
Present Tense ကိုတော့ အမြဲတမ်း အနေနဲ့လုပ်နေရတယ်လို့
ယူဆတဲ့ အနေအထားတွေ ၊ လုပ်ရပ်တွေကို ဖော်ပြရာမှာ သုံးပါတယ် ။
Example:
I work at a sports shop. It's a permanent job.
- ငါက အလုပ်လုပ်တယ် ။ အမြဲတမ်း အလုပ်ပဲလေ ။
They live in a very nice flat.
- သူတို့က အလွန်ကောင်းတဲ့ တိုက်ခန်းမှာ နေတယ် ။
- ကိုဇင်ဇေ
( Founder and Trainer at
Active English သင်တန်း )
- 0943115202

ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ
သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/09/active-english-september.html?m=1

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...