Skip to main content

မှားတတ်သူများ အတွက်

♦
အမှား မလုပ်ဖူးတဲ့ လူ ဆိုတာ
အသစ် တစ်ခုမှ စမ်း မလုပ်ကြည့် ခဲ့လို့ပါ ။
#ကိုဇင်ဇေ ( ဘာသာပြန် )

A person who never made a mistake
never tried anything new.
-Albert Einstein

♦
English ဘာသာစကား အပါအဝင်
တစ်ခုခုကို လေ့လာ လေ့ကျင့်တဲ့အခါမှာ
မှားမှာ ကြောက်ပြီး တွန့်နေတတ်တာ ဟာ
ပထမဆုံး အမှားပါ ။ 

မှားချင်မှားပလေ့စေ
လုပ်ချင်သလို လုပ်မယ်ကွာ
ပြီးသွားရင် ပြီးရော ဆိုတာမျိုးက
ဒုတိယ အမှားပါ ။

♦
(၁)
အမှား ကို မကြောက်ဘဲ ရဲရဲလုပ်
(၂)
မှားလေ့ရှိတာတွေကို သေချာမှတ်ထား
(၃)
- မသိလို့ မှားတာ ဆိုရင် သိအောင်လေ့လာ
- သိလျက်နဲ့ မှားတာဆိုရင် အမြဲ သတိလေးကပ်ပြီး နောင် အခါတွေမှာ မှန်အောင် ကြိုးစား

ဒီ အဆင့်တွေအတိုင်း လုပ်သွားနိုင်မှ
တကယ် စစ်မှန်တဲ့
ရေ ရှည်ခံတဲ့ တိုးတက်မှုကို ရမှာပါ ။

♦
English ဘာသာစကားလေ့လာတဲ့ အခါမှာ
အဆင့် ၁ ကိုပဲ လိုက်နာပြီး ကျန်တာတွေကို
ဆက်မလုပ်တဲ့ လေ့လာသူတွေ တွေ့နေရတော့ အားမရ ဖြစ်နေမိတယ် ။

အဆင့် ၂ နဲ့ ၃ ကိုပါ လိုက်နာကျင့်သုံးကြည့်ကြဖို့
အကြံပေးပါရစေဗျာ :)

♦
English ဘာသာစကား စွမ်းရည်က တွန်းဖွင့်ပေးလိုက်မယ့်
အသိပညာသစ်တွေ ၊ အခွင့်အလမ်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ . . . :)

လေးစားလျှက်
#ကိုဇင်ဇေ
Founder and Trainer @ActiveEnglish

♦
ဆရာကိုဇင်ဇေ  #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ
ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

♦
အလားတူ သင်ခန်းစာများ ထပ်မံလေ့လာလိုပါက
www.ActiveEnglishMyanmar.com သို့ လာရောက်နိုင်ပါတယ် ။

♦
English ဘာသာစကားစွမ်းရည်ကို သင်တန်းတက်ပြီး စနစ်တကျ လေ့လာလေ့ကျင့် သင်ယူလိုပါက အောက်ပါ လင့်မှာ သင်တန်းလိပ်စာ/ မြေပုံ နှင့် အချိန်ဇယားကို သွားရောက်ကြည့်ရှုနိုင်ပါတယ် ။
:)
အမြဲ လှုပ်ရှားတက်ကြွနေသော သင်ကြားရေးပုံစံသစ် ဖြင့် #ActiveEnglish

>>> www.activeenglishmyanmar.com/2015/08/active-english-interactive-english.html

အမှတ် ၂၉ ( A ) ၊  မြေညီထပ် ၊ ၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း ) ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone : 09 4311 5202 / 09 25000 5174 / 09 2522 74 890

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...