Skip to main content

Posts

Facebook လို social network အသုံးပြုရင်း အလိုလို ဝင်ငွေ ရချင်ရင် ဒီ Post ကို ဆုံးအောင် ဖတ်ပါဗျာ

Facebook လို Social Network တစ်ခုမှာ  ကိုယ့် wall/timeline ကို လာကြည့်တဲ့လူတွေ များရင် ကိုယ်ပါ ပိုက်ဆံ ရတာမျိုး မလိုချင်ဘူးလား .. ? မဖြစ်နိုင်ဘူးလို့ အထင်မစောဘဲ ဒီစာကို ဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ ... :) ( - 2nd Edition ) ================================================ ♦ New York အခြေစိုက် ဖေ့စ် ဘွတ် (ခ် ) လိုမျိုး social network တစ်ခု ဖြစ်တဲ့ Tsu ဆိုတဲ့ social network ဟာ ထူးထူးခြားခြား အစီအစဉ် တစ်ခု လုပ်နေပါတယ် ။ ( Tsu - Sancus Capital Prive ကနေ စတင် မတည်ငွေအနေနဲ့ 7 million   ထုတ်ပေးထားတဲ့ social network  တစ်ခု ဖြစ်ပါတယ်  ) ဒါကတော့ သူတို့ ရလာတဲ့ ကြော်ငြာ ဝင်ငွေတွေရဲ့  ၁၀ ရာခိုင်နှုန်းကိုသာ သူတို့ ယူပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို social network အတွင်း member ဝင်သူတွေကို ခွဲဝေပေးမယ် ဆိုတာပါပဲ ။ စာရေး ကောင်းတဲ့လူတွေ ၊ စကား ပြောကောင်းတဲ့လူတွေ ( ဒါမှမဟုတ် ) စကား ကောင်းပြောတဲ့လူတွေ ၊ ဓာတ်ပုံ အတင်ကောင်းတဲ့လူတွေ ကျော်ကြားပြီးသား Celebrities တွေ / သတင်းနဲ့ စာနယ်ဇင်း သမားတွေ အတွက်တော့ သုံးနေကျ အတိုင်း social network လေး သုံးရင်း တစ်ဖက်တစ်လမ်း ကဝင်ငေ...

" English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?

" English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ? ကျွန်တော့်ကို မေးကြတဲ့ သင်တန်းသားတွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ အတော်များလို့ပါ ။ အခုတော့ အတိုချုံးပြီး ပြောပေးပါ့မယ် ။ေေေေေေေ နောက်ကျရင်တော့ အသေးစိတ် ထပ် ဆွေးနွေးပေးပါ့မယ်ဗျာ ။ ------------------- 1.  English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူးဆိုတဲ့ လူအများစုမှာ ဖြစ်တတ်တာက ကြုံရာ ကျဘမ်း ၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာပါ ။ ကြုံတဲ့ သင်တန်းတက်တယ် ကြုံတဲ့ စာအုပ် ၊ ဆောင်းပါး ဖတ်တယ် စသဖြင့်ပေါ့ .... ဒီလို ကြုံရာ လုပ်တာက Intermediate အဆင့်လောက် ရောက်ပြီးတဲ့ လေ့လာသူတွေ အတွက်ဆို သိပ် ပြသနာ မရှိပါ ။ အဲ အဆင့်လောက် မရောက်သေးပဲ ( ကိုယ့်ကို ကိုယ် ဘယ်အဆင့် ရောက်လို့ ရောက်နေမှန်း တောင် မသိသေးပဲ ) အဲလို ကြုံရာ လေ့လာ မိရင် တိုးတက်မှုနှုန်း နှေးတတ်ပါတယ် ။ ဒီတော့ ကိုယ့်မှာ အဲလို ပြသနာ ကြုံနေရင် စနစ်ကျတဲ့ ပုံစံ ၊ သင်ရိုး တစ်ခု ထားပြီး လေ့လာပေးပါ ။ သင်ရိုး တစ်ခုကို စွဲပြီး လေ့လာပေးပါ ။ ( Cambridge, Oxford , Longman , MacMillan တို့ရဲ့ Course/ Publication တစ်ခုခု ကို သာ ကိုင်လိုက်ပါ ။ ) ကိုယ့် တို...

English ဘာသာစကား လေ့လာသူများ အဆင်ပြေစေရန်အတွက် Android Application (Apk ) တစ်ခု

Active English ( MmEnglishLearning Page ) ရဲ့ Fans များ ၊ Active Englishသင်တန်းသူ သင်တန်းသားများ  ၊ သင်တန်း မတက်သော်လည်း Online ပေါ်မှ English ဘာသာစကား လေ့လာသူများ အဆင်ပြေစေရန်အတွက် Android Application (Apk ) Version 2.0 ကို ဖြန့်ချီပေးလိုက်ပါပြီ ခင်ဗျာ ။ Active English ရဲ့ Website ( www.ActiveEnglishMyanmar.com ) မှာ တင်သမျှ Posts တွေ အားလုံးကို အင်တာနက် တစ်ချက် ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ ကြည့်လို့ ရပါပြီ ။ သိမ်းထား ပြီး ထပ်ခါထပ်ခါ လေ့လာနိုင်ပါပြီ :) အောက်က link မှာ download ချပြီး အလွယ်တကူ install လုပ်နိုင်ပါတယ် ။ တကယ်လို့ အင်တာနက်ဖွင့်ထားလျှက်နဲ့ အလိုလျှောက် posts များ ကျလာခြင်း မရှိပါက " Post အသစ်များ ရယူရန် နှိပ်ပါ " ဆိုတာ လေးကို နှိပ်ပေးလိုက်ပါ ။ Posts တွေ ကျလာတာ ကို တွေ့ရပါလိမ့်မယ် ။ http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk အားလုံး အဆင်ပြေပါစေဗျာ ။ ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ ။ :) လေးစားလျှက် ကိုဇင်ဇေ Active English ( MmEnglishLearning Page ) က ပုံမှန်တင်နေတဲ့ Posts အမျိုးအစားများကတော့  ၁။ စိတ်အ...

" Say, tell, talk , ask , reply , answer,speak " <<< အဲဒါတွေ ရောနေလား ?

" Say, tell, talk , ask , reply , answer,speak " <<< အဲဒါတွေ ရောနေလား ? - အဖြေ နှင့် ရှင်းလင်းချက်များ ပါဝင်ပါတယ်ဗျာ Test your English ( 2 ) အောက်မှာ ပေးထားတဲ့ လေ့ကျင့်ခန်းလေးကို ဘယ်ခြမ်းနဲ့ ညာခြမ်း တွဲကြည့်ရအောင်... အများစု ရောနှောနေတဲ့ အသုံးအနှုန်းလေးမှို့ လေ့ကျင့်ဖို့ တင်ပေးလိုက်တာပါ.... ( နံပါတ်လေးတွေကို ပဲ တွဲရေးပြီး comment box မှာ လေ့ကျင့်ခဲ့ပါဗျာ... ဥပမာ ... 1(a) 2(c) , စသဖြင့်ပေါ့ ... ) ကြိုးစားကြည့်ကြပါဦး... 1. Say ---------(a). a letter 2. Answer ---------(b). someone to help you 3. Ask for .---------(c). Happy new year 4. Reply to ----------(d). the door 5. Tell -----------(e). a friend 6. Talk to -----------(f). someone a joke 7. Ask ------------(g). the bill 8. Speak ------------(h). English 9. tell ------------(i). me when you get there 10. Say -------------(j). "hate" in Japanese ချက်ချင်းကြီး အဖြေကို ကျော်မကြည့်ပဲ အရင် ကြိုးစားဖြေကြည့်ပါဦးဗျာ... အဖြေက ဘယ် အချိန် ကြည့်ကြည့် ရပါတယ် ... ...................................

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၂ )

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၂ ) မင်္ဂလာပါဗျာ ... Active English သင်တန်းက တင်ဆက်တဲ့ ဒီ သင်ခန်းစာကတော့ Have ကို သာမန် အသုံး မျိုး သာမကဘဲ ပိုပြီး လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် သုံးနိုင်စေဖို့ ရည်ရွယ်ပါတယ် ... အပိုင်း (၁) ကို ဒီမှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ ... https://www.facebook.com/photo.php?fbid=489009921173852&set=a.479832368758274.1073741828.479830058758505&type=1&relevant_count=1 အပိုင်း ( ၂ ) အနေနဲ့ ကတော့ ... Have နဲ့ တွဲဖက်ပြီး ပြောလေ့သုံးလေ့ ရှိတဲ့ စကားတွဲ "၇" မျိုး ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ... Expressions with "Have" 1. Have a look (= look at it ) Is that your phone ? Can I have a look ? - ဒါ မင်းဖုန်းလား ? ငါ ကြည့်လို့ ရမလားကွာ ? 2. Have a go (=ride it) Is that your bicycle ? Can I have a go? - ဒါ မင်း စက်ဘီးလား ? ငါ စီးလို့ ရမလား ? 3. Have a moment (=have some time) Do you have a moment ? - အချိန် ရလား ? 4. Have a word with you (= speak to y...

House နဲ့ Home ဘာကွာ သလဲ ...

House နဲ့ Home ဘာကွာ သလဲ ... Home က မိသားစု သဘော ၊ နေရပ် သဘော ( စိတ်ပိုင်းဆိုင်ရာ ) ဆောင်ပါတယ် ... House ကတော့ ရုပ်ပိုင်းဆိုင်ရာ ကိုသာ အလေးထားပြောတာပါ ... ( အဆောက်အဦး အမျိုးအစား တစ်မျိုးပါပဲ ... လုံးချင်းအိမ် လို့လည်း အဓိပ္ပါယ် ရနိုင်ပါတယ် ... ) ဒီ စာကြောင်း နမူနာလေးတွေနဲ့ဆို ပိုရှင်းနိုင်မယ် ထင်ပါတယ် ... I have a new house . (or) I've got a new house. ငါ အိမ်သစ် တစ်လုံး ရလိုက်တယ် ( ဝယ်လိုက်တယ် ) (NOT!!! - I've got a new home. ) Do you live in a house or an apartment ? ခင်ဗျား လုံးချင်းအိမ် နဲ့ နေတာလား ၊ တိုက်ခန်းမှာ နေတာလား ? (NOT!!! - Do you live in a home? ) House ရော , Apartment ရောကတော့ ခင်ဗျားရဲ့ Home ဖြစ်နိုင်ပါတယ် ... *** A home is the place where you live, love, and feel welcomed. "Home is where the heart is." I get home around 8 pm on weekdays. တင်္နလာ ကနေ သောကြာနေ့ (ရုံးဖွင့်ရက်) တွေမှာ ငါ အိမ်ကို ည ၈ နာရီ ဝန်းကျင်လောက် ပြန်ရောက်လေ့ရှိတယ် ။ တိုက်ခန်းကို ပြန်လာတာလည်း ဖြစ်နိုင်တယ် ၊ နန်းတော်ကြီး ရော တဲစုတ်လေးရော ဖြစ်နိုင်တယ် ။ ဒါပေမယ်...

Fans 20,000 ပြည့် အမှတ်တရ Ebook

Active English ( www.facebook.com/MmEnglishLearning ) ရဲ့ Fans 20,000 ပြည့် အမှတ်တရ Ebook ဒီမှာ ရယူဖတ်ရှူနိုင်ပါပြီ ခင်ဗျာ ... http://www.mediafire.com/view/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf OR https://drive.google.com/file/d/0Bx6cgo5aZ9VORDRzLVdkamp2cFU/edit?usp=sharing OR https://www.facebook.com/groups/MmEnglishLearning/files/ OR https://www.dropbox.com/s/t7jc0514qsunayj/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf အားလုံးပဲ မင်္ဂလာပါဗျာ ... Active English Page ရဲ့ Fans နှစ်သောင်း ပြည့်တဲ့ အနေနဲ့   အမှတ်တရ စာအုပ် ( Ebook ) လုပ်ပေးမယ်ဆိုပြီး ကြေငြာခဲ့ပြီးမှ သတ်မှတ်ရက်ထက် ၄ ရက် လောက် နောက်ဆုတ်ပြီးမှ တင်ပေးလိုက်နိုင်တဲ့ အတွက် အရင်ဆုံး တောင်းပန်ချင်ပါတယ်ဗျာ ။ အခုလို စာအုပ်လေးကို Download ချပြီး ဖတ်နေပြီဆိုတော့ www.facebook.com/MmEnglishLearning ( Active English) ကို အတော်အတန် သံယောဇဉ် ရှိပြီးသားလူတွေလို့ပဲ ယူဆ ပါရစေဗျာ ။ ဒီစာအုပ်မှာ ပါဝင်တဲ့ ကဏ္ဍလေးတွေကို အရင် ရှင်းပြ ပါ့မယ်ဗျာ ။ စာဖတ်သူတို့ အဓိက လိုအပ်တဲ့ လိုချင်တဲ့ အပိုင်းကို...