Skip to main content

" English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?



" English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?



ကျွန်တော့်ကို မေးကြတဲ့ သင်တန်းသားတွေ ၊
မိတ်ဆွေ သူငယ်ချင်းတွေ အတော်များလို့ပါ ။
အခုတော့ အတိုချုံးပြီး ပြောပေးပါ့မယ် ။
ေေေေေေေ နောက်ကျရင်တော့ အသေးစိတ် ထပ် ဆွေးနွေးပေးပါ့မယ်ဗျာ ။



-------------------
1. 


English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူးဆိုတဲ့ လူအများစုမှာ ဖြစ်တတ်တာက
ကြုံရာ ကျဘမ်း ၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာပါ ။

ကြုံတဲ့ သင်တန်းတက်တယ်
ကြုံတဲ့ စာအုပ် ၊ ဆောင်းပါး ဖတ်တယ်
စသဖြင့်ပေါ့ ....

ဒီလို ကြုံရာ လုပ်တာက
Intermediate အဆင့်လောက် ရောက်ပြီးတဲ့ လေ့လာသူတွေ အတွက်ဆို
သိပ် ပြသနာ မရှိပါ ။

အဲ အဆင့်လောက် မရောက်သေးပဲ
( ကိုယ့်ကို ကိုယ် ဘယ်အဆင့် ရောက်လို့ ရောက်နေမှန်း တောင် မသိသေးပဲ )
အဲလို ကြုံရာ လေ့လာ မိရင် တိုးတက်မှုနှုန်း နှေးတတ်ပါတယ် ။

ဒီတော့ ကိုယ့်မှာ အဲလို ပြသနာ ကြုံနေရင်
စနစ်ကျတဲ့ ပုံစံ ၊ သင်ရိုး တစ်ခု ထားပြီး လေ့လာပေးပါ ။
သင်ရိုး တစ်ခုကို စွဲပြီး လေ့လာပေးပါ ။
( Cambridge, Oxford , Longman , MacMillan တို့ရဲ့
Course/ Publication တစ်ခုခု ကို သာ ကိုင်လိုက်ပါ ။ )

ကိုယ့် တိုးတက်နှုန်းကို ကိုယ်ပြန်ပြီး သိစေမယ့်
Diary/record လို ဟာမျိုးထားပါ ။
အဲလို Diary မလုပ်နိုင်ရင်တောင်
သင်ရိုးကို ကိုယ့်ရဲ့ Checklist လိုသဘောထားပြီး
ပုံမှန် ကျေညက်အောင် လေ့လာသွားပါ ။

သူများတွေ ပြောနိုင် ၊ ရေးနိုင် နေတာတွေကို အားကျပြီး
ကိုယ့် လေ့လာလက်စကိုချ ၊
သူတို့ လုပ်နေတာတွေ လိုက်လုပ်မိတတ်တာမျိုးကို
ရပ်တန်းက ရပ်ပါ ။

ဗန်းစကားတွေ ၊ တောက်တိုမယ်ရ စကားတွေကို
ဘုမသိ ဘမသိ လိုက်လုပ်နေရင်း
ကိုယ် လေ့လာနေတဲ့ လမ်းကြောင်းကနေ
သွေဖယ်သွားတတ်လို့ပါ ။
အခုနက ကျွန်တော် ပြောခဲ့တဲ့ အဖွဲ့အစည်းတွေထဲက
တစ်ခုခုရဲ့ သင်ရိုးကိုသာ ပုံမှန်လုပ်သွားပါ ။
တဖြည်းဖြည်း အဲဒါတွေလည်း ပါ လာ မှာပါ ။
( Intermediate အဆင့် မရောက်သေးတဲ့ လူတွေ အတွက် ပြောတာနော် )

ဘာသာစကား ဆိုတာ ရေရှည်လုပ်တဲ့ လူက သာပြီးသားပါ ။
ကိုယ်က သူတို့ကို မမှီသေးဘူး ဆိုပြီး ဘယ်တော့မှ မသိမ်ငယ်ပါနဲ့ ။
အဓိက ကိုယ့် နှုန်းနဲ့ ကို မှန်မှန်လေး သွားနိုင်ဖို့ပါ ။

အရေးအကြီးဆုံး အချက်က
" လေ့လာမိပြီးသမျှကို သိရုံသက်သက် မဟုတ်ပဲ
အသုံးချနိုင်အောင် ကြိုးစားနေဖို့ပါ "

English ဘာသာစကားသင်တာ ကြွားဖို့မဟုတ်ပါဘူး ။
သုံးဖို့ပါ ။
ထပ်ပြောရရင် " အကျိုးရှိအောင် အသုံးချ ဖို့ပါ "

ဒီတော့ ယောင်ဝါးဝါးတွေ မလုပ်မိပါစေနဲ့ ။
တစ်ခုခု ကို အပိုင် ကိုင်စွဲလေ့လာပါ ။

ဒီလိုမျိုး တကယ် လုပ်သွားမယ်ဆိုရင်
၆ လ ၊ ၁ နှစ် လောက်နဲ့တောင်
သိသိသာ သာ တိုးတက်လာနိုင်ပါတယ် ။
တစ်နေ့ကို ၁/ ၂ နာရီလောက်ပဲ သေသေချာချာ လုပ်ရင်တောင်
သိသာပါတယ် ။

နောက်တစ်ခုက အရေးအကြီးဆုံးက စိတ်အားတက်ကြွမှူပါ ။
ဘာပဲ လုပ်လုပ် အဲဒါက အရေးကြီးပါတယ် ။

ကိုယ့်ကိုယ်ကို သတိထားပြီး ....
လေ့လာရာမှာ စိတ်ဓာတ်တက်ကြွစေမယ့် နည်းလမ်းတွေကို သုံးပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် သင်ရိုးတွေကို လေ့လာပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် ဆရာသမားတွေ ဆီမှာ သင်ယူပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် လေ့ကျင့်ဖော်တွေနဲ့ လေ့ကျင့်ပါ ။

ဒါဆို ကိုယ်က မတိုးတက်ချင်ပါဘူး ။
အပျော် လုပ်တာပါ ဆိုရင်တောင် မနေပါဘူးဗျာ ။
မုချ မလွဲ တိုးတက်လာပါလိမ့်မယ် ။

ကျန်တာတွေတော့ နောင်မှ ဆက်ပြောပေးပါ့မယ်ဗျာ ။
အခု ပြောသွားတာလေးတွေကိုတော့
ကိုယ့်မှာလည်း ဒီလို ပြသနာ ရှိနေတယ်ဆိုရင်
ဖတ်ပြီး မေ့မပစ်လိုက်ပဲ .....

.....အခုပဲ စလုပ် ကြည့်ကြပါစို့ဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ

=============================
2

English ဘာသာစကား ဆောင်းပါးများ သင်ခန်းစာများ ဖတ်ရှူရင်း
English ဘာသာစကားကို ထိတွေ့မှု မပြတ်စေဘဲ
အမြဲ လေ့လာလိုသူများ အတွက်
Android App ကို ဒီ link ကနေ download ရယူနိုင်ပါတယ် ။
>>>
http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk
======================

3

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p


=========================



"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေဖို့ ... "
ရည်ရွယ်ဖွင့်လှစ်ထားတဲ့ #ActiveEnglishသင်တန်း မှာ
စနစ်တကျ တက်ရောက်လေ့လာချင်တယ် ဆိုရင်
သင်တန်း နဲ့ သင်ကြားမှု ပုံစံတွေ ၊
သင်တန်းသားတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေကို
အောက်ပါလင့်မှာ အသေးစိတ် သွားရောက်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ :)
( April / May လ အတွင်း အသစ်ဖွင့်လှစ်မည့်
တန်းခွဲသစ်အချိန်ဇယားတွေလည်း ပါဝင်ပါတယ် )
>>>
https://www.facebook.com/activeenglishmyanmar/posts/1336933666399836

တခြား အသေးစိတ် သိချင်တာရှိရင်
ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )

လူကိုယ်တိုင် လာရောက် စုံစမ်းလေ့လာချင်တယ်ဆိုရင်တော့
ဒီလိပ်စာလေးသာ မှတ်ထားပါဗျာ ။
:)

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )
:)

Active English သင်တန်း အကြောင်း


English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."


English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...


သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...


ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...


သင်ခန်းစာတွေတင် မက
English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...


စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....


ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့
Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

***သင်တန်း အချိန်ဇယားများ

( တင်္နလာ မှ ကြာသပတေး = ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = 7 ချိန် )
7:00-8:30 AM /
9:30 - 11:00 AM/
11:30 - 2:00 PM (Sunday only)
2:00-3:30 PM /
3:30-5:00 PM /
5:00 -6:30 PM/
6:30-8:00 PM
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း တောင်းဆိုသူများလာတဲ့အခါ
အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )

လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ်
:)

#ActiveEnglishသင်တန်း မှာ
အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
အောက်ပါ အတိုင်းပါ :)

1. Elementary to
Pre-intermediate ( Part-1 )
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဆက်သွယ်ရန် :
ဖုန်း - 09 4311 5202 / 09 2522 74890

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
=====
=====
သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက်မှာ လေ့လာစရာပေးထားတာတွေ ရှိပါတယ် ။
သေချာ စိတ်ရှည်လက်ရှည် လေ့လာသွားပါဗျာ ။
လေးစားလျှက်
:)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

သေသေချာချာ ဖတ်ရှူ အားပေးသွားတဲ့ အတွက်
ကျေးဇူး အထူးတင်မိပါတယ် ခင်ဗျာ ...

လိုအပ်မယ့် မိတ်ဆွေ သူငယ်ချင်းများ အတွက်လည်း
လက်ဆင့်ကမ်း မျှဝေ Share ပေးနိုင်ပါတယ် ...

လေးစားလျှက်
ကိုဇင်ဇေ
www.facebook.com/MmEnglishLearning
www.ActiveEnglishMyanmar.com

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...