Skip to main content

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ ? /
သာမန် အခြေအနေမှာ သုံးဖို့ မသင့်တော်ဘူးလဲ ?
:)

A. I want go home now.
B. There are many new homes in our street.
C. I wanna go house now.
D. There are many new houses in our street.

#ActiveEnglishQuiz
#ကိုဇင်ဇေ

==========

ခုနက စာ ၄ ကြောင်းမှာ မှားနေတာက
A,B,C <<< ၃ ကြောင်းပါဗျာ ။

A မှာက want go home အစား " want to go home " ဖြစ်ရမှာပါ ။

B မှာက houses ဆိုရင် မှန်ပေမယ့် homes ဆိုရင် မှားပါတယ် ။
အိမ်တွေဆိုတာကို ရုပ်ပိုင်းဆိုင်ရာ အသားပေးပြောချင်တာမို့လို့
houses လို့ သုံးပေးမှ မှန်မှာပါ ။

C မှာက အဲ့ဒါနဲ့ ပြောင်းပြန် သဘောပါ ။
အိမ်ပြန်မယ်ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ အိမ်ကို သက်သက် ပြောချင်တာမဟုတ်ပဲ
စိတ်က ခံစားသတ်မှတ်ထားတဲ့ နေရာလေးတစ်ခု အနေနဲ့ ပြောတာမို့လို့
home လို့ သုံးမှ မှန်မှာပါ ။
wanna ဆိုတာ ကတော့ want to ကို စကားပြောမှာ အတိုကောက် သုံးတာ ဖြစ်ပါတယ် ။

D ကတော့ မှန်ကန်တဲ့ စာကြောင်း ဖြစ်ပါတယ် ။
B မှာ မှားနေတာကို ပြန်ပြင်ထားတဲ့ စာကြောင်း ပါ ။
:)

ဒီလောက်ဆိုရင် နားလည် အဆင်ပြေလိမ့်မယ် ထင်ပါတယ်ဗျာ ။
:)
#ကိုဇင်ဇေ



House နဲ့ Home ဘာကွာ သလဲ ...

Home က မိသားစု သဘော ၊ နေရပ် သဘော ( စိတ်ပိုင်းဆိုင်ရာ ) ဆောင်ပါတယ် ...

House ကတော့ ရုပ်ပိုင်းဆိုင်ရာ ကိုသာ အလေးထားပြောတာပါ ...
( အဆောက်အဦး အမျိုးအစား တစ်မျိုးပါပဲ ...
လုံးချင်းအိမ် လို့လည်း အဓိပ္ပါယ် ရနိုင်ပါတယ် ... )

ဒီ စာကြောင်း နမူနာလေးတွေနဲ့ဆို ပိုရှင်းနိုင်မယ် ထင်ပါတယ် ...

I have a new house . (or) I've got a new house.
ငါ အိမ်သစ် တစ်လုံး ရလိုက်တယ် ( ဝယ်လိုက်တယ် )
(NOT!!! - I've got a new home. )

Do you live in a house or an apartment ?
ခင်ဗျား လုံးချင်းအိမ် နဲ့ နေတာလား ၊ တိုက်ခန်းမှာ နေတာလား ?
(NOT!!! - Do you live in a home? )

House ရော , Apartment ရောကတော့ ခင်ဗျားရဲ့ Home ဖြစ်နိုင်ပါတယ် ...

*** A home is the place where you live, love, and feel welcomed.
"Home is where the heart is."

I get home around 8 pm on weekdays.
တင်္နလာ ကနေ သောကြာနေ့ (ရုံးဖွင့်ရက်) တွေမှာ ငါ အိမ်ကို ည ၈ နာရီ ဝန်းကျင်လောက် ပြန်ရောက်လေ့ရှိတယ် ။

တိုက်ခန်းကို ပြန်လာတာလည်း ဖြစ်နိုင်တယ် ၊ နန်းတော်ကြီး ရော တဲစုတ်လေးရော ဖြစ်နိုင်တယ် ။
ဒါပေမယ့် "အိမ် ဆိုတာ အိမ် ပါပဲ ..."

လေးစားလျှက်
ကိုဇင်ဇေ

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...