Skip to main content

" ခဏခဏ လာမေးလေ့ရှိပြီး မေးခံရတိုင်း ရင်မောမိတဲ့ မေးခွန်း "

" ခဏခဏ လာမေးလေ့ရှိပြီး မေးခံရတိုင်း ရင်မောမိတဲ့ မေးခွန်း "

အမေး ။
မေးခွန်းတွေမှာ haveနဲ့ မေးတာကဘယ်လိုမေးခွန်း
/Are နဲ့မေးတာက ဘယ်လိုမေးခွန်း/ Do နဲ့မေးတာက ဘယ်လိုမေးခွန်း
ဆိုတာပြောပြပေးပါ please

အဖြေ ။
အခုလို အရမ်း အခြေခံကျတာလေးတွေတောင်နားမလည်ရင်
အခုလို ကြုံရင် ကြုံသလို လျှောက်မေး လျှောက်လေ့လာနေတာမျိုး မလုပ်ပဲ
အခြေခံ သဒါ္ဒလောက်ကို ပိုင်နိုင်အောင်
သင်ရိုးကောင်း တစ်ခုခုကို သေချာ အချိန်ပေး လေ့လာ လေ့ကျင့်စေချင်တယ် ညီ ။
အခု အကို အကြမ်းဖျဉ်း ဖြေပေးလိုက်ပါ့မယ် ။
ဒါပေမယ့် အခြေခံ သဒါ္ဒ မပိုင်ရင် ဒါတွေ အလွတ် မှတ်ထားလည်း
ရေရှည်အတွက် သိပ် မကောင်းပါဘူး ။
အကို စေတနာနဲ့ ပြောတာနော် ။
မဟုတ်ရင် အချိန် ပေးသလောက် ထိုက်တန်တဲ့ ခရီး မပေါက်မှာ စိုးလို့ ...
:)

Verb to Have , Verb to Be , Verb to Do နဲ့ စတဲ့ မေးခွန်းတွေဟာ
မြန်မာလို " လား " နဲ့ ဆုံးတဲ့ မေးခွန်းတွေ ဖြစ်တာများတယ် ။
English Grammar မှာတော့ Yes/No Questions လို့ ခေါ်ကြတယ် ။

၁။ Verb to Have ( has,have ) နဲ့ စမေးတဲ့ မေးခွန်း အများစုဟာ
Present Perfect Tense သို့မဟုတ်
Present Perfect Continuous Tense ကို သုံးတာများတယ် ။

ဥပမာ -
> Have you been to Bagan?
မင်း ပုဂံ ရောက်ဖူးလား ?

> Have you been waiting for me long?
ငါ့ကို စောင့်နေတာ ကြာပြီလား ?

Had နဲ့ စမေးတဲ့ မေးခွန်း တွေ
( Past Perfect / Past Perfect Continous Tense ) ကို
အခုလောက် အခြေခံတောင် မပိုင်သေးပဲ မှတ်မနေနဲ့ဦး ။
ခေါင်းရှုပ်တာပဲ အဖတ်တင်မှာ စိုးလို့ထည့်မရေးတော့ဘူး ။

၂။ Verb to Do ( do,does,did ) နဲ့ စတဲ့ မေးခွန်းတွေဟာ
Present Tense သို့မဟုတ် Past Tense ကို သုံးထားတာများတယ် ။

ဥပမာ -
> Do you live in Yangon?
မင်း ရန်ကုန်မှာ နေလား ?

> Does your friend work in a restaurant?
မင်း သူငယ်ချင်းက စားသောက်ဆိုင်မှာ အလုပ် လုပ်သလား ?

> Did you go shopping yesterday?
မင်း မနေ့က စျေးဝယ်ထွက်သေးလား ?

၃။ Verb to be ( am,is,are,was,were ) နဲ့ စတဲ့ မေးခွန်းတွေကတော့
Subject ခံပြီးရင် အနောက်မှာ Noun,Adjective,Preposition တွေ လိုက်လေ့ရှိတယ် ။

ဥပမာ -
> Are you a student?
မင်းက ကျောင်းသားလား?

> Is your father tall?
မင်း အဖေက အရပ်ရှည်လား?

> Is your mother at home?
မင်း အမေက အိမ်မှာလား ?

> Was he a student two years ago?
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သူက ကျောင်းသားလား ?

Present/Past Continuousနဲ့ စပြီး သုံးမယ်ဆိုရင်တော့
Subject ခံပြီး V-ing လိုက်ရတယ် ။
> Are you playing the guitar?
မင်း ဂစ်တာ တီးနေတာလား ?
> Were you singing last night?
မင်း မနေ့က သီချင်းဆိုနေသေးလား ?

Verb to be နဲ့ စပြီး Passive Voice ဆိုရင်တော့
Object ခံပြီး V-3 လိုက်ရတယ် ။
> Was your bicycle stolen?
မင်း စက်ဘီး အခိုးခံလိုက်ရတာလား ?

ဒါတွေက လောလောဆယ် အလွယ် အမြန် ရှင်းပြလိုက်တာ ။
နားယဉ်ပြီးသား အခေါ်အဝေါ်တွေ ( V2,V3,Ving စတာတွေ ) ပဲ
 ပြန် သုံးပေးထားတယ် ။
အခြေခံ သဒါ္ဒကို သေချာ ပြန်လေ့လာပါ ညီ ။
ကြုံသလို လျှောက်လုပ်မနေပါနဲ့ ။

စေတနာဖြင့်
ကိုဇင်ဇေ
#ActiveEnglishသင်တန်း

Phone: 09 4311 5202 / 09 25000 5174
အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။


Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...