" ခဏခဏ လာမေးလေ့ရှိပြီး မေးခံရတိုင်း ရင်မောမိတဲ့ မေးခွန်း " အမေး ။ မေးခွန်းတွေမှာ haveနဲ့ မေးတာကဘယ်လိုမေးခွန်း /Are နဲ့မေးတာက ဘယ်လိုမေးခွန်း/ Do နဲ့မေးတာက ဘယ်လိုမေးခွန်း ဆိုတာပြောပြပေးပါ please အဖြေ ။ အခုလို အရမ်း အခြေခံကျတာလေးတွေတောင်နားမလည်ရင် အခုလို ကြုံရင် ကြုံသလို လျှောက်မေး လျှောက်လေ့လာနေတာမျိုး မလုပ်ပဲ အခြေခံ သဒါ္ဒလောက်ကို ပိုင်နိုင်အောင် သင်ရိုးကောင်း တစ်ခုခုကို သေချာ အချိန်ပေး လေ့လာ လေ့ကျင့်စေချင်တယ် ညီ ။ အခု အကို အကြမ်းဖျဉ်း ဖြေပေးလိုက်ပါ့မယ် ။ ဒါပေမယ့် အခြေခံ သဒါ္ဒ မပိုင်ရင် ဒါတွေ အလွတ် မှတ်ထားလည်း ရေရှည်အတွက် သိပ် မကောင်းပါဘူး ။ အကို စေတနာနဲ့ ပြောတာနော် ။ မဟုတ်ရင် အချိန် ပေးသလောက် ထိုက်တန်တဲ့ ခရီး မပေါက်မှာ စိုးလို့ ... :) Verb to Have , Verb to Be , Verb to Do နဲ့ စတဲ့ မေးခွန်းတွေဟာ မြန်မာလို " လား " နဲ့ ဆုံးတဲ့ မေးခွန်းတွေ ဖြစ်တာများတယ် ။ English Grammar မှာတော့ Yes/No Questions လို့ ခေါ်ကြတယ် ။ ၁။ Verb to Have ( has,have ) နဲ့ စမေးတဲ့ မေးခွန်း အများစုဟာ Present Perfect Tense သို့မဟုတ် Present Perfect Continuous Tense ကို သုံးတာများတယ် ။ ဥပမာ - > Hav...