Skip to main content

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )



* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ
အသုံးပြုနိုင်တဲ့ Idioms များ *
==========================

ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့
ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့
အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။
မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။
ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။
:)

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ
အသုံးပြုနိုင်တဲ့ Idioms များ *

1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ
2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ
3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ

4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ
5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ

6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ
7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊
တီဗီ သာ ထိုင်ကြည့်နေတတ်သူ
8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလွန်းသူ

9. an early bird = မနက် စောစော ထတတ်သူ
10. a night owl = ည ဘက် ညဉ့်နက်တဲ့ အထိ နေတတ်သူ

11. a quitter = အလွယ်တကူ အရှုံးပေးတတ်လေ့ရှိသူ
12. a big cheese = အဖွဲ့အစည်း ၊ နယ်ပယ် တစ်ခုတွင်
ဩဇာ အာဏာ အလွန်ရှိသူ

စကားပြော အနေနဲ့ လေ့ကျင့်ချင်ရင်တော့
" မင်း ငါ့ကို ဘယ်လို ထင်လဲ / မြင်လဲ ? "
What do you think of me ? ( How နဲ့ မမေးသင့်ပါ ) လို့
မေးကြည့်လို့ ရသလို
" ငါ မင်းကို -------- လို့ ထင်တယ် "
I think you are ------- . လို့
ဖြေကြည့်လို့ ရပါတယ်ဗျာ ။
:)

အင်္ဂလိပ်ဘာစကား အရည်အသွေးများ တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။
:)
စေတနာဖြင့်
#ကိုဇင်ဇေ ( #ActiveEnglish )

#ActiveEnglish သင်တန်း အကြောင်း >>>
https://www.facebook.com/activeenglishmyanmar/posts/1398455630247639
ဖုန်း - 09 43115202 / 09 25000 5174
အမှတ် ၁၈ ၊ ၁၆၇ လမ်း ၊ တာမွေ ၊ ရန်ကုန်မြို့ ။

*Image from Google Search

===========

English ဘာသာစကား ကို စနစ်တကျ လေ့လာလိုသူတွေ ၊
လေ့လာနေသူတွေ ဖတ်ထားရင် အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့
ကျွန်တော် ( #ကိုဇင်ဇေ ) ရေးသားပြုစုထားတဲ့ စာစု တစ်ချို့ကိုပါ ထည့်ပေးလိုက်ပါတယ် ...
အေးအေးဆေးဆေး အချိန်ယူ စဉ်းစား ဖတ်ရှုလေ့လာနိုင်ပါတယ်ဗျာ ...
:)

>>>

♦ 1 ♦
English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
( စာအုပ် တွေ ကိုပါ ညွှန်ပေးထားပါတယ် )
https://www.facebook.com/activeenglishmyanmar/posts/978862532206953

♦ 2 ♦
English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့
လူတိုင်း သုံးနိုင်တဲ့ နည်းစနစ်
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1036745266418679/

♦ 3 ♦
English စကားလုံး ၊ အသုံးအနှုန်း အသစ်တွေကို
စွဲစွဲမြဲမြဲ မှတ်မိ အသုံးချနိုင်အောင် ဘယ်လို လေ့လာရမလဲ ? ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1104188889674316/

♦ 4 ♦
English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ
https://www.facebook.com/mmenglishlearning/posts/534701390028194

♦ 5 ♦
ကျွန်တော် ပြောပြချင်တဲ့
English ဘာသာစကားလေ့လာသူ အချို့ရဲ့ ခံယူချက် အလွဲတွေ အကြောင်း ( ၁ )
https://www.facebook.com/mmenglishlearning/posts/560065544158445

♦ 6 ♦
English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
https://www.facebook.com/mmenglishlearning/posts/656031797895152:0

♦ 7 ♦
ထိရောက်ပြီး ရေရှည် အကျိုးရှိတဲ့ စာမေးနည်း
https://www.facebook.com/activeenglishmyanmar/posts/1089626921130513

♦ 8 ♦
English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်
https://www.facebook.com/activeenglishmyanmar/posts/1286161231477080:0

♦ 9 ♦
8 Parts of Speech ( ဝါစင်္ဂ ၈ မျိုး ) အခြေခံ အဆင့် ရှင်းလင်းချက်
https://www.facebook.com/activeenglish.basicgrammar/posts/252626258458147:0

♦ 10 ♦
Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1339596146133588/?type=3&theater

============

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ ... "

စေတနာဖြင့်
ကိုဇင်ဇေ
Active English သင်တန်း
( Personal Account : www.facebook.com/zin.zae )

===========

သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့
၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း **
https://www.facebook.com/activeenglishmyanmar/posts/1071598456266693
<<< သင်တန်းတက်ဖို့ စိတ်ဝင်စားရင် ဒီ Post လေးမှာ
ဖုန်းနံပါတ် ၊ လိပ်စာ ၊ အချိန်ဇယား ၊ သင်တန်းကြေး ၊ သင်ကြားမှု ပုံစံ နဲ့
တခြား ရနိုင်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်စုံစုံ သေသေချာချာ သွားလေ့လာနိုင်ပါတယ်ဗျာ ။
:)
Active English သင်တန်း အချိန်ဇယား ၊ လိပ်စာ ၊ လမ်းညွှန် နှင့် ဖုန်းနံပါတ်များ

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊
၁၆၇ လမ်း (ရာပြည့်စျေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

=========

သင်တန်း မတက် ဖြစ်သေးရင်လည်း
အဝေး/Onlineကနေ လေ့လာလိုတယ်ဆိုရင်
Ebooks နဲ့ Mobile Application တွေ တောင်းလို့ရပါတယ် ။
English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များ <<<
ဒီ Page / Post မှာလည်း ကိုယ့်ဘာသာ တိုက်ရိုက် သွားယူနိုင်ပါတယ် ။  :)
>>>
https://www.facebook.com/pg/activeenglishapp/photos/?tab=album&album_id=937289036362521

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

မိုင် ထောင်ချီ ခရီးကို လည်း ခြေ တစ်လှမ်းနဲ့ စ တာပါ

မိုင် ထောင်ချီ ခရီးကို လည်း ခြေ တစ်လှမ်းနဲ့ စ တာပါ ။ The journey of a thousand miles begins with one step . < Lao Tzu > ရင်ထဲမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ ရှိနေပေမယ့် အလှမ်းဝေးလွန်းနေတဲ့အခါ စိတ်ပျက် လက်လျှော့လိုက်မယ့် အစား ဒီ စကားလေးကို သတိရလိုက်ပါ ။ အဓိ က အာရုံစိုက်ထားရမှာက ရှေ့ကို ခြေတစ်လှမ်း ဆက် တိုး နိုင်ဖို့ပါ ။ အိပ်မက်ကို ကြီးကြီးမက်ပြီး အလုပ်ကိုတော့ တစ်ဆင့်ချင်း ပြီးမြောက်ဖို့ကို အာရုံစိုက်ပါ ။ သင် တောင့်တတဲ့ အနာဂတ်က ဟို ရှေ့နားဆီမှာ . . . :) ကိုဇင်ဇေ

Unit-2_တစ်နေ့တာ အချိန်တွေကို ဘယ်လို ကုန်ဆုံးစေလဲ ? - Daily routines

Unit-2 လူ တစ်ယောက် တစ်နေ့တာ အချိန်တွေ ဘယ်လို ကုန်ဆုံးစေလဲ ? တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေလဲ ဆိုတာကို သိရှိဆွေးနွေးလိုရင် ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - English လို သက်သက် တစ်ပိုင်း - မြန်မာလို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။ *** # ActiveEnglish ...