Skip to main content

Quiz - ဒီ ဖိနပ္ေတြကို ဘယ္လို ျမင္လဲ ? ( ဒီ ဖိနပ်တွေကို ဘယ်လို မြင်လဲ ? )

ဒီ ဖိနပ္ေတြကို ဘယ္လို ျမင္လဲ ? ၾကိဳက္လား ?  .....
လို႕ ေမးတဲ့အခါ ဘယ္ စာေၾကာင္းဟာ အမွန္ ျဖစ္မလဲ ?
( လြယ္မေယာင္နဲ႕ အမွား မ်ားတတ္တဲ့ ေလ့က်င့္ခန္းေလးပါ )

< Unicode >
ဒီ ဖိနပ်တွေကို ဘယ်လို မြင်လဲ ? ကြိုက်လား ?  .....
လို့ မေးတဲ့အခါ ဘယ် စာကြောင်းဟာ အမှန် ဖြစ်မလဲ ?
( လွယ်မယောင်နဲ့ အမှား များတတ်တဲ့ လေ့ကျင့်ခန်းလေးပါ )

A. How do you see these shoes? Do you like them?
B. How do you think of these shoes? Do you like them?
C. What do you think of these shoes? Do you like them?
D. How do you think these shoes? Do you like them?
E. What do you think about these shoes? Do you like them?

အေျဖမွန္ နဲ႕ ရွင္းလင္းခ်က္ ကို ေအာက္မွာ တင္ေပးထားပါတယ္ ။
မဖတ္ခင္ အရင္ စဥ္းစားေျဖၾကည့္ပါဦးဗ်ာ :)
< Uni > အဖြေမှန် နဲ့ ရှင်းလင်းချက် ကို အောက်မှာ တင်ပေးထားပါတယ် ။
မဖတ်ခင် အရင် စဉ်းစားဖြေကြည့်ပါဦးဗျာ :)

ေစတနာျဖင့္
#ကိုဇင္ေဇ
( Phone : 09 4311 5202 / 09 25000 5174 )

စေတနာဖြင့်
#ကိုဇင်ဇေ


အဂၤလိပ္ ဘာသာစကား ေလ့လာနည္းမ်ား
အင်္ဂလိပ် ဘာသာစကား လေ့လာနည်းများ

------------------------------------------------------------------------------

အေျဖမွန္ ႏွင့္ ရွင္းလင္းခ်က္

1.
ဘယ္လို ျမင္လဲ ဆိုတာ ျမန္မာဆန္ဆန္ ေျပာတာျဖစ္ေပမယ့္
English လို ေျပာတဲ့ အခါ "see" ကို မသုံးရပါဘူး ။ "think" ကို ပဲ သုံးရပါမယ္ ။
ဒါေၾကာင့္ A. How do you see these shoes? က မွားပါတယ္ ။

2.
ျမန္မာလို ေျပာတဲ့ အခါ ဘယ္လို ျမင္လဲ/ထင္လဲ လို႕ ေျပာၾကေပမယ့္
လို ေမးတဲ့ အခါ ကို သုံးျပီး မေမးရပါဘူး ။ ကို ပဲ သုံးေလ့ရွိပါတယ္ ။
ကြၽန္ေတာ္တို႕ ျမန္မာေတြ အျပင္ အာရွသား အေတာ္မ်ားမ်ား မွားေလ့ရွိတဲ့ အမွားပါ ။
ဒါေၾကာင့္ ဒီ နဲ႕ ေမးထားတဲ့ ၂ စာေၾကာင္းေတြကလည္း မွားပါတယ္ ။
B. How do you think of these shoes?
D. How do you think these shoes?

ေနာက္ဆုံး တစ္ခ်က္ စဥ္းစားရမွာကေတာ့
" think of " လား ? " think about " လား ဆိုတာပါပဲ ။
အျပန္အလွန္ ဖလွယ္ျပီး သုံးလို႕ ရတာလည္း ရွိေပမယ့္
အေရးၾကီးတဲ့ စည္းမ်ဥ္းေလး တစ္ခု ရွိပါတယ္ ။
တိက်တဲ့ အရာ ၊ လူ တစ္ေယာက္ေယာက္ အေပၚမွာ ဘယ္လို ျမင္လဲ သိခ်င္ရင္
" think of " ကို သုံးရျပီးေတာ့
ေယဘူယ ျခဳံျပီး ေဆြးေႏြးရတဲ့ အေၾကာင္းအရာမ်ိဳး ကို ေမးခ်င္ရင္
" think about " ကို သုံးရတယ္ ဆိုတာပါ ။

ဥပမာ " Superman Vs Batman " ႐ုပ္ရွင္ကို ဘယ္လို ျမင္လဲ ဆိုတာမ်ိဳးကို
What do you think of .... ? နဲ႕ ေမးရမွာ ျဖစ္ျပီး
႐ုပ္ရွင္႐ိုက္တာကို ဘယ္လို ျမင္လဲ ဆိုတာမ်ိဳးကို
What do you think about ... ? နဲ႕ ေမးသင့္ပါတယ္ ။

ဒါေၾကာင့္ ဒီ ေလ့က်င့္ခန္းမွာ
E. What do you think about these shoes? က မွားျပီး
C. What do you think of these shoes? က မွန္ပါတယ္ ။

အခုေလာက္ ဆိုရင္ေတာ့ နားလည္ သေဘာေပါက္ၾကလိမ့္မယ္လို႕ ေမွ်ာ္လင့္ပါတယ္ဗ်ာ ။
English ဘာသာစကား စြမ္းရည္မ်ား တစ္ေန႕တျခား ပိုမိုတိုးတက္လာျပီး
အသိပညာ နဲ႕ အခြင့္အလမ္းေကာင္းေတြ ရယူပိုင္ဆိုင္ႏိုင္လာပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ ။

ေစတနာျဖင့္
#ကိုဇင္ေဇ

-----------------------------------------------

< Unicode >

အဖြေမှန် နှင့် ရှင်းလင်းချက်

1.
ဘယ်လို မြင်လဲ ဆိုတာ မြန်မာဆန်ဆန် ပြောတာဖြစ်ပေမယ့်
English လို ပြောတဲ့ အခါ "see" ကို မသုံးရပါဘူး ။ "think" ကို ပဲ သုံးရပါမယ် ။
ဒါကြောင့် A. How do you see these shoes? က မှားပါတယ် ။

2.
မြန်မာလို ပြောတဲ့ အခါ ဘယ်လို မြင်လဲ/ထင်လဲ လို့ ပြောကြပေမယ့်
လို မေးတဲ့ အခါ ကို သုံးပြီး မမေးရပါဘူး ။ ကို ပဲ သုံးလေ့ရှိပါတယ် ။
ကျွန်တော်တို့ မြန်မာတွေ အပြင် အာရှသား အတော်များများ မှားလေ့ရှိတဲ့ အမှားပါ ။
ဒါကြောင့် ဒီ နဲ့ မေးထားတဲ့ ၂ စာကြောင်းတွေကလည်း မှားပါတယ် ။
B. How do you think of these shoes?
D. How do you think these shoes?

နောက်ဆုံး တစ်ချက် စဉ်းစားရမှာကတော့
" think of " လား ? " think about " လား ဆိုတာပါပဲ ။
အပြန်အလှန် ဖလှယ်ပြီး သုံးလို့ ရတာလည်း ရှိပေမယ့်
အရေးကြီးတဲ့ စည်းမျဉ်းလေး တစ်ခု ရှိပါတယ် ။
တိကျတဲ့ အရာ ၊ လူ တစ်ယောက်ယောက် အပေါ်မှာ ဘယ်လို မြင်လဲ သိချင်ရင်
" think of " ကို သုံးရပြီးတော့
ယေဘူယ ခြုံပြီး ဆွေးနွေးရတဲ့ အကြောင်းအရာမျိုး ကို မေးချင်ရင်
" think about " ကို သုံးရတယ် ဆိုတာပါ ။

ဥပမာ " Superman Vs Batman " ရုပ်ရှင်ကို ဘယ်လို မြင်လဲ ဆိုတာမျိုးကို
What do you think of .... ? နဲ့ မေးရမှာ ဖြစ်ပြီး
ရုပ်ရှင်ရိုက်တာကို ဘယ်လို မြင်လဲ ဆိုတာမျိုးကို
What do you think about ... ? နဲ့ မေးသင့်ပါတယ် ။

ဒါကြောင့် ဒီ လေ့ကျင့်ခန်းမှာ
E. What do you think about these shoes? က မှားပြီး
C. What do you think of these shoes? က မှန်ပါတယ် ။

အခုလောက် ဆိုရင်တော့ နားလည် သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။
English ဘာသာစကား စွမ်းရည်များ တစ်နေ့တခြား ပိုမိုတိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

စေတနာဖြင့်
#ကိုဇင်ဇေ



Comments

Popular posts from this blog

Verb to Be ကို အသုံးခ်ျပီး Wh Question မ်ားေမးျခင္း

Verb to Be ကို အသုံးခ်ျပီး Wh Question မ်ားေမးျခင္း ---------------------------------------------------- အေျခခံ အားနည္းတဲ့ English ဘာသာစကားေလ့လာသူေတြ အတြက္ပါ ။ Verb to Be ( am,is,are ) တစ္မ်ိဳးတည္းကိုပဲ သုံးထားျပီး အမ်ိဳးမ်ိဳး ေမးထားတဲ့ နမူနာေလးေတြပါ ။ Tense ကိုလည္း ႐ႈပ္႐ႈပ္ေထြးေထြးမျဖစ္ေအာင္ Simple Present Tense တစ္မ်ိဳးတည္းပဲ သုံးေပးထားပါတယ္ ။ ကိုယ့္ဘာသာကိုယ္ ထပ္မံ ခ်ဲ႕ထြင္ျပီး ေလ့လာ ေလ့က်င့္ႏိုင္ေအာင္ အစပ်ိဳးေပးရုံေလာက္ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ္သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ္ပုံ ) Whose - ဘယ္သူ႕ဟာလဲ ? Whose book is this ? Why - ဘာေၾကာင့္လဲ ? Why are you late ? How - ဘယ္လိုလဲ ? / က်န္းမာေရး အေျခအေန ( ေနေကာင္းလား ) How are you ? How is your father ? Where - ဘယ္ ေနရာ လဲ  ? Where is the bus stop ? When / What time - ဘယ္ အခ်ိန္ လဲ  ? What time is it ? - အခု ဘယ္ အခ်ိန္လဲ/ဘယ္ ႏွနာရီလဲ ? How much - ဘယ္ေလာက္လဲ ? ( Price - ေစ်းႏွုန္း ) How much are these shoes ? How old - အသက္ ဘယ္ေလာက္လဲ ? How old are your chi...

Level အဆင့္ဆင့္ English Quiz (2)

Level အဆင့္ဆင့္ English Quiz (2) သက္ဆိုင္ရာ Level အလိုက္ အနည္းဆုံး ၁ ေၾကာင္းေတာ့ ရေအာင္ ေျဖဆိုျပီး ဆက္လက္ေလ့က်င့္သြားၾကပါ :) ေနာက္ရက္ေတြမွာလည္း အဲ႔လို ေလ့က်င့္ခန္းေတြ ဆက္တင္ေပးသြားပါ့မယ္ :) ေလးစားလ်က္ ‪#‎ ကိုဇင္ေဇ‬ Active English သင္တန္း === Q-1 " ဒီ စာအုပ္က စိတ္ဝင္စားဖို႕ေကာင္းတယ္ " ဆိုတာကို ဘယ္လိုေျပာရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပြားေရး စိတ္ဝင္စားတယ္ " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့္ဆင့္ English Quiz (2) အေမး / အေျဖ ႏွင့္ ရွင္းလင္းခ်က္မ်ား

Level အဆင့္ဆင့္ English Quiz (2) အေမး / အေျဖ ႏွင့္ ရွင္းလင္းခ်က္မ်ား သက္ဆိုင္ရာ Level အလိုက္ အနည္းဆုံး ၁ ေၾကာင္းေတာ့ ရေအာင္ ေျဖဆိုျပီး ဆက္လက္ေလ့က်င့္သြားၾကပါ :) ေနာက္ရက္ေတြမွာလည္း အဲ႔လ...