Skip to main content

Pre-intermediate Part -2 တန်း ( Unicode Version )

မနေ့က Pre-intermediate Part -2  တန်း စဖွင့်တာကို
သတိမထားလိုက်မိတဲ့ အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ ၊
သင်တန်းသားဟောင်းတွေအတွက်ပါ ။

♦ မနေ့က စတဲ့ Pre-intermediate Part -2  တန်း ကို
ဒီနေ့ ဝင်တက်ချင်လည်း ရပါသေးတယ် ။ ♦

(12) Thu , Fri ( 6:30 - 8:00 PM )
စတင်ဖွင့်လှစ်မည့်နေ့ _ 27.10.2016
Level _  Pre-intermediate - Part ( 2 )
သင်တန်းကာလ = ၃ လ
သင်တန်းကြေး = 55,000 kyats

♦ Pre-intermediate ( Part-2 ) အတွက်
Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။
သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာပါ ။
အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

#ActiveEnglishသင်တန်း ရဲ့ ဟန်အတိုင်းပဲ
Speaking နဲ့ Listening ကို အဓိက လေ့ကျင့် သင်ကြားပေးသွားမှာပါ ။

☆
Pair Work ( ၂ ယောက် တစ်တွဲ ) လေ့ကျင့်တာတွေ အပြင်
Group Work ( အဖွဲ့လိုက် ) လေ့ကျင့်တာတွေ ၊
Group Discussion -အဖွဲ့လိုက် ဆွေးနွေးခိုင်းပြီး
ပြန်ပြီး Presentation လုပ်ခိုင်းတာတွေ ပါပါမယ် ။
( သင်တန်းသားတွေရဲ့ Level အလိုက် ချိန်ညှိပြီး လုပ်ပေးသွားမှာပါ ။ )

Cambridge က ထုတ်တဲ့ Interchange သင်ရိုးကို အဓိကထားသင်မှာ ဖြစ်ပေမယ့်
စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြင်ပ တကယ့် English စာ/စကား ကိုလည်း ထိတွေ့ခွင့်ရအောင်
Personal Development / Motivation /
Goal-Setting / Self-Managment စတဲ့
ကိုယ်ရည်ကိုယ်သွေး တိုးတက်စေမယ့် အကြောင်းအရာကောင်းတွေကို
ဆရာ ကိုဇင်ဇေက အားဖြည့် သင်ပေးသွားမှာပါ ။ :)

☆
ဆရာ ကိုဇင်ဇေ ရဲ့ Page က ဒီမှာပါ
> https://www.facebook.com/sharingkozin
ဆရာ ကိုဇင်ဇေ စီစဉ် ထုတ်ဝေပေးနေတဲ့
မြန်မာ့အိပ်မက် ( လူငယ်တိုးတက်ရေး မဂ္ဂဇင်း ) Page က ဒီမှာပါ
> https://www.facebook.com/myanmadream

☆
ဆရာတွေကို မရှိန်အောင် ၊ မေးစရာရှိတာကို ပေါ့ပေါ့ပါးပါး မေးရဲအောင်
သင်တန်းသားတွေ အချိန်တိုတိုနဲ့ နားလည်လွယ်အောင် လို့
ဆရာတွေက English လို ( ၁၀၀ ရာခိုင်နှုန်း ) တောက်လျှောက် ပြောသင်တဲ့ နည်းစနစ်ကို မသုံးပါဘူး ။
ဒါပေမယ့် ကျောင်းသားတွေရဲ့ Level အလိုက်
လိုက်နိုင်လောက်တယ် ထင်သလောက်ကို
English လို ညှပ် ညှပ်ပြီး ရှင်းပြတာမျိုး လုပ်ပေးသွားမှာပါ ။ :)

☆
Native Speakers တွေရဲ့ သင်ကြားရေး Videos တွေ ၊
ဟောပြောပွဲ ၊ ဆွေးနွေးပွဲတွေကိုလည်း
ဆရာနဲ့ အတူ လေ့ကျင့် နားထောင် လေ့လာနိုင်မှာပါ ။

☆
သင်တန်းကြေးက Level တစ်ခုစာ အတွက်ကို ၅ သောင်းခွဲ ပါ ။
စာအုပ်စာတမ်း / အသံဖိုင် နဲ့ Softwares တွေ ပါ အပြီးအစီးပါ ။
စာအုပ်ပေါင်း ၈၀၀ ကျော်ရှိတဲ့ mini-library သုံးစွဲခွင့်လည်း ပါပြီးသားပါဗျာ ။
စာဖတ်ကျင့်မရှိသေးတဲ့လူတွေကို ဘယ်စာအုပ်တွေကို ဖတ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးသွားဦးမှာပါ ။

သင်တန်းသားတွေ အတွက် လိုအပ်မယ့် / အားဖြည့်လေ့လာလို့ရမယ့်
Ebooks တွေ နဲ့ Audio/Video Files တွေလည်း အခမဲ့ ရယူနိုင်ပါတယ် ။
ဒေတာတွေကို ပေးရုံတင် ပေးလိုက်တာမဟုတ်ပဲ
ဘာပြီး ဘာကိုလေ့ကျင့်ရမယ် ။
ဘာနဲ့ ပြန်တွဲ လေ့ကျင့်ရမယ် ဆိုတာတွေပါ လမ်းညွှန်ပေးမှာပါ ။
:)

တက်ချင်လို့ စာရင်းတော့ပေးထားပြီး မအပ်ရသေးတဲ့ သင်တန်းသားဟောင်းတွေ /
တက်ဖို့ စိတ်ဝင်စားတဲ့ သင်တန်းသားသစ်တွေ ရှိခဲ့ရင်
09 4311 5202 / 09 2522 74890 / 09 25000 5174 ကို
ဖုန်း သေချာ ကြိုဆက်ထားလိုက်ပါ ။

English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ကြပါစေဗျာ ။
:)

စေတနာဖြင့်
ကိုဇင်ဇေ

=======

 ♦ သင်တန်းလိပ်စာ :

Active English ( Applied English Class )
အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်စျေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
:)
ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

=========

 သင်ကြားမှု ပုံစံ တွေနဲ့ ၊ သင်တန်းကြေး ၊ လိပ်စာ အပါအဝင် မေးလေ့ရှိတဲ့ မေးခွန်းတွေ ၊
October လ အတွင်း ဖွင့်ထားကာစ ၊ ဖွင့်ထားပြီးသား ၊ ဖွင့်လှစ်မယ့်
အတန်း အချိန်ဇယား ( စုစုပေါင်း ၁၉ တန်း ) အားလုံးကို
အောက်ပါ လင့်မှာ သွားရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ ။ :)

>>> https://www.facebook.com/activeenglishmyanmar/posts/1165241950235676 <<<

♦ "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

♦ English ဘာသာ စကားကို ရင်းနှီးတက်ကြွစွွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

♦ English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...

♦ သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...

♦ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...

♦ သင်ခန်းစာတွေတင် မက English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...

♦ စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....

ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့ Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...