Skip to main content

** Active English သင်တန်း ** ♦ August လ နဲ့ September လ အတွင်း အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်ချိန်ဇယားများ




သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့
၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း **

♦ August လ နဲ့  September လ အတွင်း
အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်ချိန်ဇယားများ ပါဝင်ပါတယ်။

လူပြည့်သွားလို့ မတက်လိုက်ရမှာ စိုးရိမ်သူများ
ကြိုတင်အပ်နှံနိုင်ပါပြီဗျာ။
:)

♦ "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

♦ English ဘာသာ စကားကို ရင်းနှီးတက်ကြွစွွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

♦ English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...

♦ သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...

♦ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...

♦ သင်ခန်းစာတွေတင် မက English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...

♦ စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....

ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့

Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

~~~~~~~~~~~~~~~~~~~~~~~

Active English သင်တန်းနဲ့ ပတ်သက်ပြီး
မေးမြန်း စုံစမ်းလေ့ ရှိတာလေးတွေ စုပြီး ဖြေပေး လိုက်ပါတယ်။

၁။ သင်ကြားမှု ပုံစံ

♦ Applied English ကို အဓိက ထားပြီးသင်မှာပါ… 4 skills လုံး သင်မှာ ဖြစ်ပေမယ့် Listening နဲ့ Speaking ကို (၈၀) ရာခိုင်နှုန်း ဦးစားပေးသွားမှာပါ။

♦ သင်ရိုးကို ခိုင်မာပြီး စနစ်ကျအောင် Cambridge University ရဲ့ Course တွေကို ယူသုံးပါတယ်။ Cambridge သင်ရိုးမှာ မပါတဲ့ တစ်ခြား
လိုအပ်မယ် ထင်တာလေးတွေ ၊ Pair Work ( ၂ ယောက် တစ်တွဲ ) လေ့ကျင့်တာတွေ အပြင် Group Work ( အဖွဲ့လိုက် ) လေ့ကျင့်တာတွေ ၊
Group Discussion -အဖွဲ့လိုက် ဆွေးနွေးခိုင်းပြီး
ပြန်ပြီး Presentation လုပ်ခိုင်းတာတွေ ပါပါမယ် ။

( သင်တန်းသားတွေရဲ့ Level အလိုက် ချိန်ညှိပြီး လုပ်ပေးသွားမှာပါ ။ )
သင်တန်းရဲ့ အဓိက ဟန်ဖြစ်တဲ့ Personal Development,
Motivation, Effective Thinking, Successology စတဲ့ အကြောင်းအရာတွေကို ဆရာ ကိုဇင်ဇေ က ဖြည့်စွက်ပြီး သင်ပေးပါတယ်။


ဆရာ ကိုဇင်ဇေ ရဲ့ Page & Website က ဒီမှာပါ
( ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ စာစုတွေကို သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် )
> https://www.facebook.com/sharingkozin

ဆရာ ကိုဇင်ဇေ စီစဉ် ထုတ်ဝေပေးနေတဲ့
မြန်မာ့အိပ်မက် ( လူငယ်တိုးတက်ရေး မဂ္ဂဇင်း ) Page က ဒီမှာပါ
> https://www.facebook.com/myanmadream

♦ (Reading & Writingက အရင်ကျောင်းတွေမှာလဲ အတော် လုပ်ခဲ့ပြီးသား ဖြစ်ကြမှာပါ။)
ဒီတော့ အဓိက အားနည်းနေတဲ့ Listening and Speaking အပိုင်းတွေကို အရင် စပြီး ဖိဖိစီးစီး လေ့ကျင့် သင်ကြားပေးမှာပါ ။
Grammar အဓိက ထားပြီး သွားတဲ့ သင်ကြားမှု ပုံစံမျိုး မဟုတ်ဘဲ လက်တွေ့ အသုံးချ ဘာသာစကား သင်ကြားရေး ပုံစံကို အဓိက ထားမှာပါ။
(ပြောချင်တာက ကျောင်းသင် ပုံစံမဟုတ်ဘဲ
Grammar က အနောက်က လိုက်မှာပါ။)

♦ ဆရာတွေကို မရှိန်အောင် ၊ မေးစရာရှိတာကို ပေါ့ပေါ့ပါးပါး မေးရဲအောင် သင်တန်းသားတွေ အချိန်တိုတိုနဲ့ နားလည်လွယ်အောင် လို့
ဆရာတွေက English လို ( ၁၀၀ ရာခိုင်နှုန်း ) တောက်လျှောက် ပြောသင်တဲ့ နည်းစနစ်ကို မသုံးပါဘူး ။ ဒါပေမယ့် ကျောင်းသားတွေရဲ့
Level အလိုက် လိုက်နိုင်လောက်တယ် ထင်သလောက်ကို English လို ညှပ် ညှပ်ပြီး ရှင်းပြတာမျိုး လုပ်ပေးသွားမှာပါ ။

♦ လက်ရှိ စဖွင့်တဲ့ သင်တန်း တန်းခွဲတွေမှာ
သဒ္ဒါကို အလွန်အမင်း ဦးစားပေးပြီး မသင်ပါဘူး။
နားထောင်မှု စွမ်းရည်၊ တုံ့ပြန်နိုင်မှု စွမ်းရည် ၊
 တွေးခေါ်မှု စွမ်းရည်၊ ပြောဆို ဆွေးနွေးမှု စွမ်းရည်တွေကို လေ့ကျင့် သင်ကြား ပေးဖို့အတွက် အချိန် ပိုပေးချင်လို့ ဖြစ်ပါတယ်။

♦ Grammar တအား အားနည်းတဲ့ ကျောင်းသားတွေ အတွက်တော့ လိုအပ်သလောက်ကို ညှိပြီး အကြံပေး လမ်းညွှန်ပေးပါတယ်။
ဆရာကိုယ်တိုင် အချိန်အနည်းငယ် ပေးပြီး တွဲဖက် လေ့လာရမယ့် ဖြည့်စွက် စာအုပ်တွေနဲ့ လေ့လာရမယ့် ပုံစံတွေကို ဆွေးနွေးပေးပါတယ်။

Grammar တအား အားနည်းတဲ့ ကျောင်းသားတွေ အတွက်
သင်တန်းကြေး ထပ်မံ သွင်းစရာမလိုပဲ
အချိန်ပို ထပ်ခေါ်ပြီးလည်း လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။

ကိုယ်က Grammar အခြေခံ သိပ်အားနည်းလွန်းနေလို့
သင်တန်းမတက်ရဲသေးရင် ဒီ Page လေးက
သင်ခန်းစာတွေကို ကြိုတင် လေ့လာနေနိုင်ပါတယ် ။  :)
>>> Grammar အားနည်းသူများအတွက် သင်ခန်းစာများ - ကိုဇင်ဇေ <<<

သင်တန်းပျက်တာ ၊ စာမလိုက်နိုင်တာတွေ ရှိခဲ့ရင်လည်း
အဆင်ပြေမယ့် တန်းခွဲတွေမှာထပ်ကျော့ ပြီး
တက်ရောက် လေ့လာလေ့ကျင့်နိုင်ဖို့ သင်တန်းမှူးတွေနဲ့ ညှိနှိုင်းနိုင်ပါတယ်။

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ
ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။
ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်
ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

♦♦♦ တကယ်တမ်းတော့ ဇွဲလေး နည်းနည်း ထည့်လိုက်ရင်တော်ရုံ အားနည်းသူတွေတောင် လိုက်နိုင်ကြပါတယ်။ ♦♦♦

~~~~~~~~~~~~~~~~~~~~~~~

၂။ သင်ကြားပေးမည့် ဆရာများ

♦ သင်မယ့်ဆရာထဲမှာ ကျွန်တော်( ကိုဇင်ဇေ )ပါ ပါတယ်။
တခြားပြင်ပက သင်ကြားရေး အတွေ့အကြုံရှိတဲ့ ဆရာတွေ ပါ ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

၃။ “သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း ပြန်အမ်းပေးခြင်း”

♦ သင်ကြားမှု ပုံစံနှင့် မိမိ၏ တိုးတက်မှုအပေါ် ကျေနပ်မှု မရှိရင်သာ တကယ် ငွေပြန်အမ်း ပေးပါတယ်။
(တစ်ပတ်အတွင်းဆို(၁၀၀)ရာခိုင်နှုန်းပြန်အမ်းပေးပါတယ်။)
ကျွန်တော်သင်တန်းသားတွေကိုကိုယ်ချင်းစာလို့ဒီအစီအစဉ် ကို ထည့်ပေးတာပါ။

♦ စာတတ်၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး။
စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့သေချာပေါက် မပြောနိုင်ပါဘူး။
ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား
ကိုယ်နဲ့ ပိုအဆင်ပြေတဲ့ ဆရာ ရှာနိုင်ဖို့ ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ။

~~~~~~~~~~~~~~~~~~~~~~~

၄။ သင်တန်းတွင် လူဦးရေ ကန့်သတ်ထားခြင်း။

♦ တန်းခွဲ တစ်ခုမှာ လူဦးရေ ( ၃၀ - ၄၀ ) ယောက် အထိပဲ လက်ခံပါတယ်။
အသစ်ဝင်လာတဲ့ ကျောင်းသားတွေကို အဟောင်းတွေနဲ့ ရောသင်တာမျိုး
ကျွန်တော်တို့ သင်တန်းမှာ လုံးဝ မရှိပါဘူး။

၅။ သင်တန်းကာလ (တစ်ခု) ပြီးတိုင်း နောက် Level တွေ ရှိလား? လပိုင်းလောက်ပဲ တက်ပြီး ကျွမ်းကျင်နိုင်လား ... ?

♦ သင်တန်းကာလ တစ်ခုပြီးတိုင်း နောက် level တွေ ရှိပါတယ်။ ဆက်တက်လို့ရပါတယ်။

♦ အကယ်၍ နောက် level တွေဆက်မတက်ဖြစ်ရင်
ဘယ်စာအုပ် စာတမ်းတွေကို ဘယ်လို အသုံးပြုပြီး
ဆက်လက် လေ့လာသွားရမယ် ဆိုတာကိုလည်း လမ်းညွှန် ပေးပါတယ်။

♦ တကယ် ကျွမ်းကျင်ချင်ရင် ဘယ်ပညာရပ်မဆို “နာရီ တစ်သောင်း” အချိန်ပေးရတယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။

♦ လပိုင်းလောက် တက်မယ်။
ဟိုဟာ ဖြစ်မလား?.. ဒီဟာ ဖြစ်မလား ဘုမသိ ဘမသိ
(မေးသူရဲ့ အနေအထားကို မသိဘဲ)
ကျွန်တော်တို့ သင်တန်းမှ ပြန်မဖြေချင်ပါဘူး။
< အဲ့အကြောင်းနဲ့ ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်လည်း သီးသန့်ရေးပေးထားပါတယ်
ဒီလင့်မှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် >>>
https://www.facebook.com/activeenglishmyanmar/posts/984282104998329 >
:)

~~~~~~~~~~~~~~~~~~~~~~~

၆။ သင်တန်းသားဟောင်းများ အတွက် အခွင့်အရေး။

♦ သင်တန်းပြီးဆုံးသွားသော်လည်းသင်တန်းသားဟောင်း တွေဟာ မိမိရဲ့ ကိုယ်တိုင်လေ့လာမှု လမ်းခရီးမှာအခက်အခဲ တွေရှိခဲ့ရင်
အမြဲတတ်နိုင်သလောက် အကြံပေးပေးပါတယ်။

♦ သင်တန်းပြီးသွားလည်း English ဘာသာစကား လေ့လာမှုနဲ့ အဆက်မပြတ်အောင် အတတ်နိုင်ဆုံး Channel ပေါင်းစုံ၊
Media ပေါင်းစုံ သုံးပြီး ဆက်သွယ်ပေးထားပါတယ်။
- Website
- Facebook Page
- Facebook Group
- Mobile App တွေ နဲ့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~

၇။ သင်တန်းသားများအတွက် စာကြည့်တိုက် ထားရှိပေးထားခြင်း။

♦ စာကြည့်တိုက် ထားပေး ထားပါတယ်။
စာအုပ်ပေါင်း ၁၅၀၀ ကျော် ရှိပါတယ် ။
စာအုပ်တွေ ငှားဖတ်လို့ ရပါတယ်။
ဘယ် စာအုပ်တွေ ဖတ်သင့်ကြောင်းပါ လမ်းညွှန်ပေးပါတယ်။

♦ English ဘာသာစကားဆိုင်ရာ စာအုပ်များသာမက English ဝတ္ထုတိုများ၊ စီးပွားရေး နှင့် တိုးတက် အောင်မြင်ရေးဆိုင်ရာ English ၊ မြန်မာ စာအုပ်
စာပေများ၊ မဂ္ဂဇင်းများ၊ အခြားသုတ၊ ရသနှင့် နည်းပညာ စာအုပ်များကို သင်တန်းသားများအတွက် စီစဉ်ထားရှိ ပေးထားပါတယ် ။ ♦

~~~~~~~~~~~~~~~~~~~~~~~

၈။ Level ဘယ်နှစ်ခုရှိလဲ ? ဘယ်လိုတွေခွဲထားလဲ ?
ဘယ် level ကနေစတက်ရမလဲ ?

♦ Active English မှာ အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ်လိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
:)

အောက်ပါ အတိုင်းပါ
:)

1. Elementary to Pre-intermediate Part-1
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဘယ် Level တက်ရမယ်ဆိုတာကို
Placement Test တော့ ဖြေစရာ မလိုပါဘူး ။

♦ အခုမှ စပြီး သင်တန်းတက်မယ့်သူ / အခြေခံကနေ စချင်သူ /
Elementary to Pre-intermediate ( Part-1 ) တက်မယ့်လူတွေက
အနိမ့်ဆုံး ပညာအရည်အချင်း ၁၀ တန်းအောင်ဆိုရင် အဆင်ပြေပါတယ် ။

၁၀ တန်းအောင်ပြီးကာစ လူငယ်တွေ /
ဘွဲ့ရပြီးသူတွေ / လုပ်ငန်းခွင် ဝင်နေသူတွေလည်း အခြေခံအားနည်းရင်
Level( 1 ) - Part (1) < Elementary to Pre-intermediate > တန်းကနေပဲ စတက်ပါဗျာ ။

♦ သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာ ဖြစ်ပေမယ့်
Pre-intermediate ( Part-2 ) အတွက်
Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။
အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

♦ Intermediate ( Part-1 ) အတွက်
Target Vocabulary Range က ( 5,000 to 6,500 ) ပါ ။
အနည်းဆုံး 4,000 to 5,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ
ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။
ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်
ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

Level-1 ကနေ စမတက်ဘဲ ကျော်တက်ချင်တယ်ဆိုရင် သင်တန်းကို
လူ ကိုယ်တိုင် လာဆွေးနွေးတာ ပို အဆင်ပြေပါတယ် ။
တခြား ဘယ်သင်တန်းတွေ မှာ ဘယ်လောက် ကြာအောင် လေ့လာဖူးတယ်။ ဘယ်သင်ရိုးတွေနဲ့ ဘယ် အဆင့်အထိ လေ့လာဖူးတယ်
ဆိုတာတွေ နဲ့ ချိန်ညှိပြီး သင့်တော်မယ့် Level ကို အကြံပြုပေးပါတယ် ။
တက်ရောက်မယ့်လူဘက်ကလည်း ကိုယ်တိုင် ချင့်ချိန် ဆုံးဖြတ်နိုင်ပါတယ်ဗျာ
:)

~~~~~~~~~~~~~~~~~~~~~~~

၉။ သင်တန်းကြေးက ဘယ်လောက်လဲ?
စာအုပ်စာတမ်း ကြေး ထပ်ပေးရသေးလား ?

♦ သင်တန်းကြေးက Level တစ်ခုစာ ( ၁လခွဲ/၂လ/၃လ/၃လခွဲ )
အတွက်ကို ၅ သောင်းခွဲ ပါ ။
စာအုပ် စာတမ်းတွေကို အဆင့်မြှင့်လိုက်တာ /
Data တွေ - စာအုပ်တွေ ထပ်တိုးတာ /
တခြား ပညာရေးလှုပ်ရှားမှုတွေ ထပ်ပေါင်းထည့်တာမျိုး
လုပ်ပေးထားပါတယ် ။

စာအုပ်စာတမ်းကြေး ထပ် ပေးစရာ မလိုပါဘူး။
သင်တန်းကြေး ၅သောင်း ခွဲက စာအုပ်စာတမ်း /
အသံဖိုင် နဲ့ Softwares တွေ ပါ အပြီးအစီးပါ ။
စာအုပ်ပေါင်း ၁၅၀၀ လောက် ရှိတဲ့ mini-library သုံးစွဲခွင့်လည်း ပါပြီးသားပါဗျာ
:)

စာဖတ်ကျင့်မရှိသေးတဲ့လူတွေကို
ဘယ်စာအုပ်တွေကို ဖတ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးသွားဦးမှာပါ ။

♦ သင်တန်းသားတွေ အတွက် လိုအပ်မယ့် / အားဖြည့်လေ့လာလို့ရမယ့်
Ebooks တွေ နဲ့ Audio/Video Files တွေလည်း အခမဲ့ ရယူနိုင်ပါတယ် ။
Data တွေကို ပေးရုံတင် ပေးလိုက်တာမဟုတ်ပဲ
ဘာပြီး ဘာကိုလေ့ကျင့်ရမယ် ။
ဘာနဲ့ ပြန်တွဲ လေ့ကျင့်ရမယ် ဆိုတာတွေပါ လမ်းညွှန်ပေးမှာပါ ။

စာအုပ်စာတမ်း မှာ သင်ရိုးညွှန်းတမ်းများ အပြင် ဗလာစာအုပ် ဘောပင်ကအစပါလို့
သင်တန်းသားဘက်က ဘာမှယူလာစရာမလိုပါဗျာ
:)

♦♦♦ ☆ သင်တန်းသား/သူ များ ဘက်က ယူလာရမှာကတော့
လူနဲ့ စိတ် (စာသင်ချင် ၊ စာလုပ်ချင်) ပါပဲ
:)
:)
:)
♦♦♦

~~~~~~~~~~~~~~~~~~~~~~~

၁၀။ တန်းခွဲသစ် ဘယ်အချိန်တွေ ဖွင့်ဖို့ရှိလဲ?

August လ အတွင်းမှာ - တန်းခွဲ သစ် ၁၀ တန်း
September လ အတွင်းမှာ - တန်းခွဲ သစ် ၈ တန်း ဖွင့်ဖို့ စီစဉ်ထားပါတယ် ။

☆ လူဦးရေ ကန့်သတ်ထားတဲ့ တန်းခွဲတွေ ဖြစ်လို့ ့
ကြိုတင် လာရောက် အပ်နှံပေးမှ အဆင်ပြေမှာပါ
:)

♦♦♦ August လ အတွင်း ဖွင့်လှစ်မည့် တန်းခွဲများ ( ၁၀ တန်း ) ♦♦♦

☆ Elementary to Pre-intermediate - Part ( 1 ) Level တန်းခွဲများ ☆
♦ တနင်္လာ မှ ကြာသပတေး အထိ တက်ရောက်ရသော တန်းခွဲများ

(1) Mon,Tue,Wed,Thu ( 4:00 - 5:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 15.8.2016
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 55,000 kyat

(2) Mon,Tue,Wed,Thu ( 7:00 - 8:30 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 23.8.2016
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 55,000 kyat

(3) Mon,Tue,Wed ( 6:30 - 8:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 22.8.2016
> သင်တန်းကာလ = ၂ လခွဲ > သင်တန်းကြေး = 55,000 kyat

(4) Mon,Tue,Wed,Thu ( 9:00 - 11:00 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 29.8.2016
> သင်တန်းကာလ = ၁ လခွဲ > သင်တန်းကြေး = 55,000 kyat

=====

☆ Elementary to Pre-intermediate - Part ( 1 ) Level တန်းခွဲများ ☆
♦ စနေ ၊ တနင်္ဂနွေ တက်ရောက်ရသော တန်းခွဲများ

(5) Sat/Sun ( 9:30 - 11:00 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 20.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(6) Sat/Sun ( 7:00 - 8:30 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 27.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(7)Sat/Sun ( 6:30 - 8:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 27.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(8) Sat/Sun ( 3:30 - 5:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 28.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

=====

☆ Pre-intermediate - Part ( 2 ) Level တန်းခွဲ

(8) Thu,Friday ( 6:30 - 8:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 25.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

☆ Intermediate Part ( 1 ) Level တန်းခွဲ

(9) Sat,Sun ( 5:00 - 6:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 20.8.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

=====

♦♦♦ September လ အတွင်း ဖွင့်လှစ်မည့် တန်းခွဲများ ( ၈ တန်း ) ♦♦♦

☆ Elementary to Pre-intermediate - Part ( 1 ) Level တန်းခွဲများ ☆
♦ တနင်္လာ မှ ကြာသပတေး အထိ တက်ရောက်ရသော တန်းခွဲများ

(1) Mon,Tue,Wed,Thu ( 7:00 - 8:30 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 14.9.2016
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 55,000 kyat

(2) Mon,Tue,Wed,Thu ( 9:00 - 11:00 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 12.9.2016
> သင်တန်းကာလ = ၁ လခွဲ > သင်တန်းကြေး = 55,000 kyat

(3) Mon,Tue,Wed,Thu ( 4:00 - 5:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 6.9.2016
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 55,000 kyat

(4) Mon,Tue,Wed,Thu ( 5:30 - 6:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 12.9.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(5) Mon,Tue,Wed ( 6:30 - 8:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 19.9.2016
> သင်တန်းကာလ = ၂ လခွဲ > သင်တန်းကြေး = 55,000 kyat

=====

☆ Elementary to Pre-intermediate - Part ( 1 ) Level တန်းခွဲများ ☆
♦ စနေ ၊ တနင်္ဂနွေ တက်ရောက်ရသော တန်းခွဲများ

(6) Sunday Only ( 11:30 AM - 2:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 11.9.2016
> သင်တန်းကာလ = ၃ လခွဲ > သင်တန်းကြေး = 55,000 kyat

(7) Sat/Sun ( 9:30 - 11:00 AM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 11.9.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(8) Sat/Sun ( 2:00 - 3:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _11.9.2016
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

~~~~~~~~~~~

*** လစဉ် ပုံမှန် ဖွင့်လှစ်ပေးနေသော သင်တန်း အချိန်ဇယားများ***
( တနင်္လာ မှ ကြာသပတေး = ၅ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = ၇ ချိန် )
7:00-8:30 AM /
9:30AM - 11:00 AM/
11:30 - 2:00 PM ( တနင်္ဂနွေ သီးသန့်အတန်း )/
2:00-3:30 PM /
3:30-5:00 PM /
5:00-6:30 PM /
6:30-8:00 PM

♦ လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ် :)
ကြိုတင် စုံစမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်ဗျာ ။

~~~~~~~~~~~~~~~~~~~~~~~

၁၁။ သင်တန်းနေရာက ဘယ်မှာလဲ? ဘယ်လိုလာရမလဲ?

♦ သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်စျေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
:)

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

၁၂။ ဘယ်နေ့တွေ သင်တန်း ဖွင့်ပါသလဲ ?
ဘယ် အချိန် လာအပ်လို့ ရပါသလဲ ?

♦ သောကြာနေ့ က လွဲလို့ ကျန်တဲ့ ရက်အားလုံး
မနက် ၇ နာရီ မှ ည ၈ နာရီအထိ သင်တန်းဖွင့်ပါတယ် ။
လာအပ်လို့ ရပါတယ် ။
:)

www.facebook.com/MmEnglishLearning
www.activeenglishmyanmar.com
<<< သင်တန်း Page နဲ့ Website မှာ
သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။

***
သင်တန်း မတက် ဖြစ်သေးလည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
Message or Comment box ကနေ လေ့လာစရာ
- Mobile Application ( Post အသစ်တင်တိုင်း App ကနေ ဖတ်ရှုသိမ်းဆည်းနိုင်မည့် )
- Ebooks တွေ ( Post အဟောင်းများ စုစည်းမှု ၂ အုပ်) ကို တောင်းနိုင်ပါတယ်ဗျာ
:)

English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များ

ဒီ Page မှာလည်း English ဘာသာစကားဆိုင်ရာ ဆောင်းပါးများ /
သင်ခန်းစာများကို ပုံမှန်တင်ပေးနေတာမို့လို့
မလွတ်တမ်း ဖတ်ချင်ရင် Page ကို Like လုပ်ပြီး See first ယူထားနိုင်ပါတယ်ဗျာ ။
:)

♦ "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်နိုင်ကြပါစေဗျာ ...

စေတနာဖြင့်
ကိုဇင်ဇေ
English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့
Active English သင်တန်း

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )

♦ Unit-1 ♦ နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း < Greeting & Introduction > လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊ မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - မြန်မာလို သက်သက် တစ်ပိုင်း - English လို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ ♦ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်...

Unit-2_တစ်နေ့တာ အချိန်တွေကို ဘယ်လို ကုန်ဆုံးစေလဲ ? - Daily routines

Unit-2 လူ တစ်ယောက် တစ်နေ့တာ အချိန်တွေ ဘယ်လို ကုန်ဆုံးစေလဲ ? တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေလဲ ဆိုတာကို သိရှိဆွေးနွေးလိုရင် ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - English လို သက်သက် တစ်ပိုင်း - မြန်မာလို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။ *** # ActiveEnglish ...