Skip to main content

*Unicode Version* အဘိ ဓာန်ထဲက meaning တွေ အကုန်ကျက်တာက တစ်ကယ်အကျိုးရှိပါလား

ဒီနေ့ English စာ လေ့လာသူ တစ်ယောက် မေးထားတာလေး
အများအတွက် အကျိုးရှိမယ်ထင်လို့ ဖြေပြီး Post တင် ပေးလိုက်ပါတယ် ။
:)

Q: English လေ့လာတဲ့နေရာမှာ အဘိ ဓာန်ထဲက
meaning တွေ အကုန်ကျက်တာက တစ်ကယ်အကျိုးရှိပါလားဗျ

A :
ကျက်နိုင်ရင် အကျိုး မယုတ်ပေမယ့် မကျက်သင့်ဘူးဗျ ။
ဘာလို့ဆို ကျွန်တော်တို့ ဦးနှောက်က ကွန်ပြူတာလို ထည့်သမျှ အကုန် ဝင်ပြီး
အချိန်မရွေး ပြန်သုံးလို့ ရတာမျိုး မဟုတ်ဘူးလေ ။
( ကွန်ပြူတာတောင် အကန့်အသတ် တစ်ခုတော့ ရှိနေတာပါပဲ ။ )

Photographic memory လို့ ခေါ်တဲ့ တစ်ခါမြင်ရုံနဲ့ အသေးစိတ်ကို မှတ်မိပြီး
အချိန်မရွေး ခေါင်းထဲကနေ ပြန်ထုတ်ပြီး အသုံးချနိုင်လောက်အောင် ကောင်းတဲ့ မှတ်ဉာဏ်မျိုးရှိရင် ၊
ပါရမီထူးရင်တော့လည်း တစ်မျိုးပေါ့ဗျာ ။

ဥပမာ Look ကို Longman Dictionary မှာ Usage/Definitions ပေါင်း
အမျိုး ၂၀ ကျော် အသုံးအနှုန်းအလိုက် ဖွင့်ပေးထားတယ် ။
နောက်မှာ Preposition ပေါင်းထည့်ပြီး Phrasal Verbs အနေနဲ့ သုံးတာတွေပါ ထည့်တွက်လိုက်ရင်
အသုံးအနှုန်း တစ်ရာ နီးပါးလောက် ရှိတယ် ။
ဘယ်လို လို့ အကုန်မှတ်နိုင်မှာလဲ ?

ဒီတော့ ရှိသမျှ Meanings / Definitions အကုန် လိုက်မကျက်ပဲ
- ကိုယ်ရောက်နေတဲ့ Level နဲ့ မနိမ့်လွန်း မမြင့်လွန်းတဲ့ အသုံးအနှုန်း တွေ
- ကိုယ့်ရဲ့ အလုပ်အကိုင် ၊ ကိုယ် ကျင်လည်ရာ ပတ်ဝန်းကျင်မှာ အသုံးများနိုင်တဲ့
အသုံးအနှုန်းတွေကိုပဲ ကျက်ထား မှတ်ထားသင့်တယ်ဗျ ။

ပြီးတော့မှ တစ်ဆင့် ချင်း အကြောင်းတိုက်ဆိုင်တိုင်း နည်းနည်းချင်း တိုးတိုးပြီး မှတ်သွားတာ ပို သင့်တော်တယ်ဗျ ။

အဆင်ပြေပါစေဗျာ :)

English ဘာသာစကား စွမ်းရည်များ တစ်နေ့တခြား တိုးတက်ပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများ
ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ...

လေးစားလျက်
ကိုဇင်ဇေ
Active English သင်တန်း


=====

English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များကို
ဒီ Link မှာ သွားပြီး ယူနိုင်ပါတယ်
:)
https://www.facebook.com/media/set/?set=a.937289036362521.1073741828.937228599701898&type=3

======

သင်တန်း တက်ရောက်ရန် စိတ်ဝင်စားပါက
ဒီ Link ကို သွားရောက် ဖတ်ရှုလေ့လာစုံစမ်းနိုင်ပါတယ်ဗျာ
:)
https://www.facebook.com/mmenglishlearning/posts/593432270821772

======



Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...