Skip to main content

♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦


♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့
လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦

ကျွန်တော် ညွှန်ပေးထားတဲ့ Cambridge - Interchange ( Intro/1/2/3 ) သင်ရိုးကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီး လေ့လာနေကြတာကို
 ပြန်ကြားရလို့ ဝမ်းသာပါတယ် ။
တကယ် လေ့လာတဲ့အခါမှာ လိုအပ်ချက်တွေ ၊ မသေချာတာတွေ ရှိလို့ လာမေးကြတဲ့ထဲက
အရေးကြီးမယ်လို့ ထင်တဲ့ အချက် ၁ ချက်ကို အဓိကထားပြီး ဖြေပေးလိုက်ပါတယ်ဗျာ ။
Interchange တင်မကပဲ နိုင်ငံတကာ သင်ရိုး တစ်ခုခု သုံးပြီး
English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း
ဒီ လေ့လာနည်း စနစ်ကို သုံးနိုင်ပါတယ် ။
:)

( ကျွန်တော့် လမ်းညွှန်ချက် အတိုင်း ကြိုးစားနေတဲ့
တခြား အဝေးရောက် လေ့လာနေသူတွေ ရှိရင်လည်း
ကျွန်တော့် ကို Message  ပို့ထားပေးနိုင်ပါတယ် ။
လိုအပ်တဲ့ အကြံဉာဏ် ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့
နောင် အဝေးသင် အစီအစဉ် သေချာ စ ဖြစ်တဲ့အခါ
အကြောင်းကြားပေးနိုင်အောင်လို့ပါ ။ )

:)

အမေး ။ ( သတ်ပုံ တွေက မူရင်း မေးသူ ရေးပို့လိုက်တဲ့ အတိုင်းပါပဲ ) 
ဆ၇ာ ဆ၇ာရဲ့www.activeenglishmyanmar.com မှာ ရေးထားတဲ့ ကိုယ့်ကိုတိုင်လေ့လာနည်းအ၇
ကျနော် interchange series ကိုစတင်လေ့လာနိုင်ရန် data တွေစုဆောင်းပီးပါပြီ
ဘယ်လိုဘယ်ပုံလေ့လာရမလဲဆိုတာလေ ကျနော့်ကို ပြောပြပေးပါဆ၇ာ
ကျနော့်level က level 1 စလေ့လာရမှာပါဆ၇ာ
ကျနော်ဆိုလိုချင်တာက အသံဖိုင်ကိုနားထောင်ရင် စာကိုလိုက်ကြည့်ရမှာလား
အဲလိုမျိုးပြောတာပါဆ၇ာ အသံကိုပဲ သည်းသန့်နားထောင်ရမလား
ဘယ်လိုမျိုးလေ့ကျင့်ရမလဲ မသိလို့ပါဆ၇ာ ကျေးဇူးတင်ပါတယ်ဆ၇ာ




ကျွန်တော့် အဖြေ ။
တကယ်တမ်းတော့ သင်ရိုး ၁ ခုတည်းကိုပဲ ဆရာ အမျိုးမျိုးက
ကိုယ့်သင်တန်းသားတွေရဲ့ အသက် အရွယ် ၊ စိတ်နေစိတ်ထား နဲ့ Level  အပေါ် မူတည်ပြီး
ချဉ်းကပ်ပုံ အမျိုးမျိုး နဲ့ သင်လေ့ရှိပါတယ် ။
ညီကတော့ ကိုယ့်ဘာသာကိုယ် လေ့လာနေရတာ ဖြစ်တဲ့အတွက်
ဒီ နည်းလမ်းတွေအတိုင်း အဆင့်ဆင့် လုပ်သွားတာ ပို အကျိုးရှိပါလိမ့်မယ် ။

Interchange စာအုပ်ထဲမှာ ပါတဲ့ Conversation တွေကို လေ့လာတဲ့အခါ ....

♦ Listening တိုးတက်ဖို့ အတွက် ...

၁။ စာ ကို လုံးဝမကြည့်ပဲ အသံ သီးသန့် အရင် နားထောင်ပါ ။

၂။ အဓိက ကျတယ်လို့ ထင်ရတဲ့ အချက်တွေ လိုက်မှတ်ပါ ။
( ပြောသူတွေရဲ့ နာမည် ၊ ဇာတိ ၊ ဘာပြောကြသလဲ စတာတွေပေါ့ )

၃။ မရှင်း ရင် ( လိုအပ်ရင် ) နောက် တစ်ခေါက် စာကို လုံးဝမကြည့်ပဲ အသံ သီးသန့် ပြန် နားထောင်ပါ ။

၎။ ပြီးမှ စာသားကို ကြည့်ပြီး ဖတ်ပါ ။ ( အေးအေးဆေးဆေး အချိန်ယူဖတ်ပါ ။ အသံ မဖွင့်ထားပါနဲ့ ဦး ။ )

၅။ ပြီးရင် စာသားကို ကြည့်ပြီး တစ်ပြိုင်တည်း အသံကို လိုက်နားထောင်ပါ ။
( အသံ ဖိုင် နားထောင်ရင်း စာသား လိုက်ဖတ်ပါ ။ )

( အဲ့အချိန်မှာ Contraction / Linking / Stress / Reduction တွေကို သတိထားရတော့မှာပါ ။ စာမှာ လွယ်ပြီး အသံမှာ ခက်နေတာတွေကို အထူး သတိထားမှတ်သားရမှာပါ ။ )

၆။ ပြီးရင် စာအုပ်ပြန်ပိတ် ပြီး ပြန်နားထောင်ပါ ။

 ဒီ တစ်ခါ နားထောင်တဲ့အခါ ၁ ကြောင်းပြီး တိုင်း Pause လုပ်ပြီး
ကိုယ်ကပါ လိုက်ပြောကြည့်ပါ ။
( ပီပီပြင်ပြင် မရတဲ့ နေရာဆိုရင် သေချာမှတ်သားဖို့ စာသားကို ပြန်ဖတ်ကြည့်ပါ ။ )

♦ Speaking တိုးတက်ဖို့ အတွက် ...

၇။ စကားပြောခန်းဆိုတော့ အနည်းဆုံး ဇာတ်ကောင် ၂ ယောက် ပါပါလိမ့်မယ် ။
တစ်ယောက်ချင်း စီရဲ့ နေရာကို အသံဖိုင်ဖွင့်ပြီး ကိုယ်က လိုက်ပြောပါ ။

( Pause မလုပ်ပဲ တောက်လျှောက်လိုက်ပြောမှာ ဖြစ်တဲ့အတွက်
၂ ယောက်လုံးနေရာကနေ မပြောပဲ ၁ ယောက် တည်း နေရာကိုသာ လိုက်ပြောပါ ။ )

၈။ ကိုယ် မသိတဲ့ ဝေါဟာရ ၊ Grammar Rules , Sentence Patterns စတာတွေ ပါလာရင် မှတ်စုထုတ်ပါ ။

( ကိုယ့်ဘာသာကိုယ် လေ့လာတဲ့အခါ ဆရာက ဘေးကနေ မရှင်းပြနိုင်တဲ့အတွက် Vocabulary စာအုပ် ကောင်းကောင်း ၊ Grammar စာအုပ် ကောင်းကောင်းတွေ ကို မဖြစ်မနေ ကိုးကားရပါလိမ့်မယ် ။ )

၉။ ဒီ စကားပြောခန်းကနေ ရလိုက်တဲ့  ဝေါဟာရတွေ ၊ 
Grammar Rules , Sentence Patterns တွေကို
ကိုယ့်လက်ရှိ အနေအထားပေါ်မှာ အစားထိုး တီထွင်ပြီး ပြောကြည့်ပါ ။

( ဘေးကနေ အမှား စစ်ပေးမယ့် ဆရာ မရှိတဲ့အတွက်
တတ်နိုင်သလောက် အရမ်း မကွန့်ပဲ
ရှိရင်းစွဲ စကားပြောခန်းနဲ့ အနီးစပ်ဆုံး အစားထိုးပြောပါ ။)

၁၀။ ကိုယ် လေ့လာလိုက်တဲ့ စကားပြောခန်းကို မှီငြမ်းပြီး
ကိုယ်ပိုင် စကားပြောခန်း တစ်ခု ဖန်တီးပါ ။ ပြောဆို လေ့ကျင့်ပါ ။

ဒီ အချက် ၁၀ ချက်ကို လိုက်နာပြီး လေ့ကျင့်မယ်ဆိုရင်တော့ အချိန်တိုအတွင်း ထိထိရောက်ရောက် တိုးတက်လာပါလိမ့်မယ် ။

သတိထားရမှာက
- လွယ်လွန်းလို့လည်း မပေါ့ပါနဲ့ ။
- ခက်လွန်းလို့လည်း မကြောက်ပါနဲ့ ။
- လေ့လာစရာ ရှိတာကို ပုံမှန် သာ လေ့လာသွားပါဗျာ ။


English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများကို ရယူ ပိုင်ဆိုင်နိုင်ပါစေဗျာ ။

လေးစားလျက်
ကိုဇင်ဇေ

=====

* Listening လေ့ကျင့်တာနဲ့ ပတ်သက်လို့ ဒီ စာစုလေးလည်း ရေးပေးထားပါတယ် ။
မဖတ်ရသေးရင် သွားဖတ်လိုက်ပါဦး ။  :) 
>>> http://www.activeenglishmyanmar.com/2014/12/develop-listening-skill.html

* Online ပေါ်ကနေ English ဘာသာစကား လေ့လာနေသူတွေ အဆင်ပြေအောင်
အခမဲ့ ဖြန့်ချီပေးထားတဲ့ Android Application နဲ့ စာအုပ်တွေကို ဒီ Link မှာ သွားယူလို့ ရပါတယ် ။  :)
>>> https://www.facebook.com/media/set/?set=a.937289036362521.1073741828.937228599701898&type=3

* ရှေ့မှာ ညွှန်ပေးထားတဲ့ ဆောင်းပါးကို မဖတ်ဖူးသေးရင် ဒီမှာ သွားဖတ်နိုင်ပါတယ်ဗျာ :)
English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
>>> https://www.facebook.com/mmenglishlearning/posts/570735336424799

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "

လေးစားလျှက်
#ကိုဇင်ဇေ





( #ActiveEnglish စကားပြော သင်တန်း ဦးစီး တည်ထောင် သင်ကြားသူ
#MyanmarDream လူငယ် ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး မဂ္ဂဇင်း ကို ( အခမဲ့ ) စီစဉ်ထုတ်ဝေသူ )

တစ်နည်းအားဖြင့် ..... " ကြယ်ငါး ကောက်နေသူ "

=====


"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေဖို့ ... "
ရည်ရွယ်ဖွင့်လှစ်ထားတဲ့ #ActiveEnglishသင်တန်း မှာ
စနစ်တကျ တက်ရောက်လေ့လာချင်တယ် ဆိုရင်
သင်တန်း နဲ့ သင်ကြားမှု ပုံစံတွေ ၊
သင်တန်းသားတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေကို
အောက်ပါလင့်မှာ အသေးစိတ် သွားရောက်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ :)
( April / May လ အတွင်း အသစ်ဖွင့်လှစ်မည့်
တန်းခွဲသစ်အချိန်ဇယားတွေလည်း ပါဝင်ပါတယ် )
>>>
https://www.facebook.com/activeenglishmyanmar/posts/1336933666399836

တခြား အသေးစိတ် သိချင်တာရှိရင်
ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )

လူကိုယ်တိုင် လာရောက် စုံစမ်းလေ့လာချင်တယ်ဆိုရင်တော့
ဒီလိပ်စာလေးသာ မှတ်ထားပါဗျာ ။
:)

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )
:)

Active English သင်တန်း အကြောင်း


English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."


English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...


သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...


ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...


သင်ခန်းစာတွေတင် မက
English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...


စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....


ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့
Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

***သင်တန်း အချိန်ဇယားများ

( တင်္နလာ မှ ကြာသပတေး = ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = 7 ချိန် )
7:00-8:30 AM /
9:30 - 11:00 AM/
11:30 - 2:00 PM (Sunday only)
2:00-3:30 PM /
3:30-5:00 PM /
5:00 -6:30 PM/
6:30-8:00 PM
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း တောင်းဆိုသူများလာတဲ့အခါ
အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )

လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ်
:)

#ActiveEnglishသင်တန်း မှာ
အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
အောက်ပါ အတိုင်းပါ :)

1. Elementary to
Pre-intermediate ( Part-1 )
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဆက်သွယ်ရန် :
ဖုန်း - 09 4311 5202 / 09 2522 74890

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
=====
=====
သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက်မှာ လေ့လာစရာပေးထားတာတွေ ရှိပါတယ် ။
သေချာ စိတ်ရှည်လက်ရှည် လေ့လာသွားပါဗျာ ။
လေးစားလျှက်
:)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...