Skip to main content

တန်းခွဲတွေ အားလုံးကို 25.4.2016 မှ ပြန် စဖွင့်မှာပါ

#ActiveEnglish သင်တန်း ရဲ့
တန်းခွဲတွေ အားလုံးကို
25.4.2016 မှ ပြန် စဖွင့်မှာပါ ။
( ပိတ်ရက်တွေ အကုန် အစားထိုး ပြန်ဖြည့်ပေးသွားမှာပါ )

- သင်တန်း အပ် လက်ခံတာကိုလည်း အဲ့ဒီ နေ့မှပဲ
တရားဝင် စပြီး ပြန်လက်ခံ သွားမှာပါ ။
( တန်းခွဲသစ်တွေ 27 မှာ စမှာဆိုတော့ အဲ့ဒီရက်အနည်းငယ်လေးအတွင်း သေချာလာအပ်နိုင်ဖို့လိုပါတယ် ။
သင်ကြားရေးမှာ ပိုပြီး ထိရောက်အောင်
သတ်မှတ်လူဦးရေပြည့်ရင် ထပ် လက်မခံတော့လို့ပါ ။

သင်္ကြန် အပြီးနဲ့ ခပ်ခွာခွာလေး ထားပြီးမှ
ပြန်ဖွင့်တာ အကြောင်း ၂ ခု ရှိပါတယ် ။

၁။ သင်တန်းက ဆရာတွေနဲ့ ဝန်ထမ်းတွေ
အေးအေးဆေးဆေး အနားရစေချင်လို့ပါ ။
၁ နှစ်ပတ်လုံး ပင်ပန်းကြတယ်လေ :)

၂။ ActiveEnglish  သင်တန်းသား/သူတွေ အတွက်
သင်တန်း မတက်ဖြစ်သေးပေမယ့်
English  ဘာသာစကားကို အမှန် တကယ် လေ့လာချင်သူတွေအတွက်
ထိရောက်တဲ့ အစီအစဉ် အသစ်တွေ လုပ်ဖို့
အချိန် ပို ရချင်လို့ပါ ။

ကျွန်တော်တို့အနေနဲ့ ၆/၇ လပိုင်း လောက်က စပြီး
အစီအစဉ် သစ်တွေ စဖို့ ရှိပါတယ် ။
လက်ရှိ လေ့လာနေသူတွေလည်း ပိုပြီး အဆင်ပြေအောင်
နောင် လေ့လာမယ့်လူတွေလည်း ပိုပြီး အဆင်ပြေထိရောက်အောင် ရေးဆွဲထားတဲ့ အစီအစဉ်တွေပါ ။
( သင်တန်းသားဟောင်းတွေလည်း ပြန် ဆက်သွယ်ကြစေချင်ပါတယ် )

ဘာတွေလဲဆိုတာ မစခင်/ မပြီးခင် ကြိုတော့
မပြောချင်သေးပါဘူး ။
ဒါပေမယ့် စောင့်ရကျိုးနပ်မယ့် အစီအစဉ်တွေ ဖြစ်ဖို့ ကြိုးစားနေပါတယ် ဆိုတာလေးတော့
ကြိုပြောထားချင်ပါတယ်ဗျာ
:)

ကိုဇင်ဇေ
( Founder & Trainer Active English သင်တန်း )

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...