Skip to main content

ဘယ္ တကၠသိုလ္ ကေန ဘာဘြဲ့ရခဲ့တယ္ ဆိုတာကို ဘယ္လို ေျပာရမလဲ ?



ဘယ္ တကၠသိုလ္ ကေန ဘာဘြဲ့ရခဲ့တယ္ ဆိုတာကို ဘယ္လို ေျပာရမလဲ ? 

မေန႕က ဘြဲ့ရတာနဲ႕ ပက္သက္တဲ့ အသုံးအႏွုန္းကို ၾကိဳးစားျပီး
ဝင္ေရာက္ေလ့က်င့္သြားၾကတာေတြ႕ရေတာ့ ဝမ္းသာမိပါတယ္ ။

***
ေဖာင့္ အဆင္မေျပသူေတြ အတြက္ Unicode နဲ႕လည္း ေအာက္မွာ ထပ္ ေရးေပးထားပါတယ္ ။
ဖောင့် အဆင်မပြေသူတွေ အတွက် Unicode နဲ့လည်း အောက်မှာ ထပ် ရေးပေးထားပါတယ် ။
***

ေျဖထားတဲ့ Comments အေတာ္မ်ားမ်ားကို လိုက္ဖတ္ေပမယ့္
တစ္ေယာက္ခ်င္း ကို လိုက္ျပီးစစ္ေပး ၊ အေျဖမွန္ ျပန္ေျပာေပးဖို႕ေတာ့
မျဖစ္ႏိုင္တာ နားလည္ေပးေစခ်င္ပါတယ္ ။
ကြၽန္ေတာ္ အခု ေပးလိုက္မယ့္ နမူနာ စာေၾကာင္းေတြကို ၾကည့္ျပီး ျပန္လည္ စစ္ေဆးႏိုင္ပါတယ္ ။

 He graduated in physics from Cambridge University.
သူဟာ ကိမ္းဘရစ္ခ်္ တကၠသိုလ္ကေန ႐ူပေဗဒ ဘာသာရပ္နဲ႕ ဘြဲ့ရခဲ့တယ္ ။
< Subject + graduated ( Past tense ) + in ( major ) + from ( university/college ) > .

Thida graduated from medical school last year.
သီတာ မႏွစ္က ေဆးေၾကာင္းကေန ဘြဲ့ရခဲ့တယ္ ။
< Subject + graduated ( Past tense ) + from ( university/college ) + Time phrase > .

She graduated from Harvard with a degree in business management.
သူ(မ)ဟာ ဟားဗက္ ကေန စီးပြားစီမံ နဲ႕ ဘြဲ့ရခဲ့တယ္ ။
< Subject + graduated ( Past tense ) + from ( university/college ) +
with a degree + in ( subject ) >

"graduate" နဲ႕မဟုတ္ပဲ "got/received" တို႕နဲ႕လည္း သုံးလို႕ရပါတယ္ ။
ရခဲ့တယ္ဆိုျပီး "past tense" နဲ႕ အသုံးမ်ားပါတယ္ ။ 
ေအာက္မွာ နမူနာ စာေၾကာင္းေပးထားပါတယ္ ။

I received my M.A. degree ( master's degree / bachelor's degree )
in Mathematics from Boston University.
< Subject + got/received + my ( master's / bachelor's degree ) +
in ( Subject ) + from ( University/College) > .

ဒီေလာက္ ဆိုရင္ေတာ့ ဘယ္ တကၠသိုလ္ ကေန ဘာဘြဲ့ရခဲ့တယ္ ဆိုတာကို
ေျပာတတ္ေရးတတ္မယ္လို႕ ယူဆမိပါတယ္ဗ်ာ ။
အားလုံးပဲ English ဘာသာစကား စြမ္းရည္ တစ္ေန႕တျခား တိုးတက္ျပီး
အသိပညာ ၊ အခြင့္အလမ္းေကာင္းမ်ား ရယူပိုင္ဆိုင္ ႏိုင္ပါေစဗ်ာ ။

ေလးစားလ်က္

==========================

ဘယ် တက္ကသိုလ် ကနေ ဘာဘွဲ့ရခဲ့တယ် ဆိုတာကို ဘယ်လို ပြောရမလဲ ? 

မနေ့က ဘွဲ့ရတာနဲ့ ပက်သက်တဲ့ အသုံးအနှုန်းကို ကြိုးစားပြီး
ဝင်ရောက်လေ့ကျင့်သွားကြတာတွေ့ရတော့ ဝမ်းသာမိပါတယ် ။
ဖြေထားတဲ့ Comments အတော်များများကို လိုက်ဖတ်ပေမယ့်
တစ်ယောက်ချင်း ကို လိုက်ပြီးစစ်ပေး ၊ အဖြေမှန် ပြန်ပြောပေးဖို့တော့
မဖြစ်နိုင်တာ နားလည်ပေးစေချင်ပါတယ် ။
ကျွန်တော် အခု ပေးလိုက်မယ့် နမူနာ စာကြောင်းတွေကို ကြည့်ပြီး ပြန်လည် စစ်ဆေးနိုင်ပါတယ် ။


He graduated in physics from Cambridge University.
သူဟာ ကိမ်းဘရစ်ချ် တက္ကသိုလ်ကနေ ရူပဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ် ။
< Subject + graduated ( Past tense ) + in ( major ) + from ( university/college ) > .

Thida graduated from medical school last year.
သီတာ မနှစ်က ဆေးကြောင်းကနေ ဘွဲ့ရခဲ့တယ် ။
< Subject + graduated ( Past tense ) + from ( university/college ) + Time phrase > .

She graduated from Harvard with a degree in business management.
သူ(မ)ဟာ ဟားဗက် ကနေ စီးပွားစီမံ နဲ့ ဘွဲ့ရခဲ့တယ် ။
< Subject + graduated ( Past tense ) + from ( university/college ) +
with a degree + in ( subject ) >

"graduate" နဲ့မဟုတ်ပဲ "got/received" တို့နဲ့လည်း သုံးလို့ရပါတယ် ။
ရခဲ့တယ်ဆိုပြီး "past tense" နဲ့ အသုံးများပါတယ် ။
အောက်မှာ နမူနာ စာကြောင်းပေးထားပါတယ် ။

I received my M.A. degree ( master's degree / bachelor's degree )
in Mathematics from Boston University.
< Subject + got/received + my ( master's / bachelor's degree ) +
in ( Subject ) + from ( University/College) > .

ဒီလောက် ဆိုရင်တော့ ဘယ် တက္ကသိုလ် ကနေ ဘာဘွဲ့ရခဲ့တယ် ဆိုတာကို
ပြောတတ်ရေးတတ်မယ်လို့ ယူဆမိပါတယ်ဗျာ ။
အားလုံးပဲ English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်ပြီး
အသိပညာ ၊ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင် နိုင်ပါစေဗျာ ။

လေးစားလျက်
ကိုဇင်ဇေ
( ActiveEnglish သင်တန်း )
 

Comments

Popular posts from this blog

Verb to Be ကို အသုံးခ်ျပီး Wh Question မ်ားေမးျခင္း

Verb to Be ကို အသုံးခ်ျပီး Wh Question မ်ားေမးျခင္း ---------------------------------------------------- အေျခခံ အားနည္းတဲ့ English ဘာသာစကားေလ့လာသူေတြ အတြက္ပါ ။ Verb to Be ( am,is,are ) တစ္မ်ိဳးတည္းကိုပဲ သုံးထားျပီး အမ်ိဳးမ်ိဳး ေမးထားတဲ့ နမူနာေလးေတြပါ ။ Tense ကိုလည္း ႐ႈပ္႐ႈပ္ေထြးေထြးမျဖစ္ေအာင္ Simple Present Tense တစ္မ်ိဳးတည္းပဲ သုံးေပးထားပါတယ္ ။ ကိုယ့္ဘာသာကိုယ္ ထပ္မံ ခ်ဲ႕ထြင္ျပီး ေလ့လာ ေလ့က်င့္ႏိုင္ေအာင္ အစပ်ိဳးေပးရုံေလာက္ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ္သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ္ပုံ ) Whose - ဘယ္သူ႕ဟာလဲ ? Whose book is this ? Why - ဘာေၾကာင့္လဲ ? Why are you late ? How - ဘယ္လိုလဲ ? / က်န္းမာေရး အေျခအေန ( ေနေကာင္းလား ) How are you ? How is your father ? Where - ဘယ္ ေနရာ လဲ  ? Where is the bus stop ? When / What time - ဘယ္ အခ်ိန္ လဲ  ? What time is it ? - အခု ဘယ္ အခ်ိန္လဲ/ဘယ္ ႏွနာရီလဲ ? How much - ဘယ္ေလာက္လဲ ? ( Price - ေစ်းႏွုန္း ) How much are these shoes ? How old - အသက္ ဘယ္ေလာက္လဲ ? How old are your chi...

Level အဆင့္ဆင့္ English Quiz (2) အေမး / အေျဖ ႏွင့္ ရွင္းလင္းခ်က္မ်ား

Level အဆင့္ဆင့္ English Quiz (2) အေမး / အေျဖ ႏွင့္ ရွင္းလင္းခ်က္မ်ား သက္ဆိုင္ရာ Level အလိုက္ အနည္းဆုံး ၁ ေၾကာင္းေတာ့ ရေအာင္ ေျဖဆိုျပီး ဆက္လက္ေလ့က်င့္သြားၾကပါ :) ေနာက္ရက္ေတြမွာလည္း အဲ႔လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...