Skip to main content

English ဘာသာစကားကို မိမိဘာသာ လေ့လိုသူများ အတွက်

♦ English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
================================

English ဘာသာစကားကို ကိုယ့်ဘာသာ ဘယ်လို လေ့လာရမလဲဆိုတာ ကို
အွန်လိုင်းကနေ လှမ်းမေးတဲ့ လူတွေများတယ် ။ 
သင်တန်း ဆင်းသွားတဲ့ တပည့်တစ်ချို့လည်း ပြန်မေးတတ်ကြတယ် ။
< တကယ်က သူတို့ကို သင်တန်း စဖွင့်တဲ့ ပထမဆုံး ၂ ရက်မှာ ကတည်းက
အဲဒါတွေ သေချာ အချိန်ယူ ရှင်းပြပြီးသားကို မေ့သွားကြပြီး ပြန် ပြန်မေးကြတာ :D >
ဒါကြောင့် အကျိုးရှိမယ် ထင်လို့ ဒီစာလေး ရေးပေးလိုက်ပါတယ် ။
ကိုက်သော် ယူ ပါဗျာ ။

♦
English ဘာသာစကားကို
Self-study လုပ်ချင်သူတွေ အနေနဲ့ Cambridge ကထုတ်တဲ့
Interchange Series ကို လေ့လာသင့်ပါ တယ် ။
Communication skill ( Listening / Speaking ) ကို အဓိက ထားတဲ့ သင်ရိုး မို့လို့ပါ ။  ။
Reading & Writing လည်း ပါပေမယ့် အတော်လေး မှိန်ထားတယ် ။

Interchange Series က ၄ အုပ်ရှိတယ် ။
Intro , 1 , 2 , 3 ဆိုပြီးထွက်တာ ။
ဈေးကွက်ထဲမှာလည်း လွယ်လွယ် ဝယ်လို့ရတယ် ။
Listening လေ့ကျင့်ဖို့ အခွေလည်း ဝယ်လို့ ရတယ် ။
( အဆင်မပြေရင် Memory Stick ယူပြီး သင်တန်းမှာ လာတောင်းလို့ရပါတယ် )

Interchange 1 ဝယ်ပြီး စလေ့လာ လို့ရတယ် ။
ပြီးရင် Interchange 2, 3 အဆင့်ဆင့် သွားပေါ့ ။
( Interchange - Intro က တော့ English အရမ်းကို အားနည်းတဲ့လူတွေပဲ လုပ်သင့်တာပါ ။ )

♦
စာကြောင်းတွေကို ရှေ့နောက် မစီတတ်တာ
( စာလုံးတစ်လုံးဆီရဲ့အဓိပ္ပါယ်ပြန်တာနဲ့ sentence အပြည့်ကျပုံမဖော်တတ်တော့တာ )
ဟာ များသောအားဖြင့်  Grammar နဲ့ ဆိုင်တယ် ။
စာကြောင်း ဖွဲ့စည်းပုံတွေကို နားမလည်တာပေါ့ ။
စီတော့စီတတ်တယ် ။ အရမ်း နှေးနေတယ်ဆိုတာမျိုးကတော့ လေ့ကျင့်မှု များများ လုပ်ပေးရမှာပါပဲ ။

Grammar အရမ်းအားနည်းနေတယ် ဆိုရင်
"Grammar in Use" ဆိုတဲ့ Cambridge က Series ကိုလည်း တွဲပြီး လေ့လာသင့်တယ် ။
Essential ( Elementary ) , Intermediate , Advanced ဆိုပြီး ၃ အုပ် ထွက်တယ် ။
Essential ( Elementary )  ကို အရင် ကျေညက်အောင်လေ့လာပါ ။
ပြီးရင် Intermediate ကို ဖြေးဖြေးချင်း လုပ်သွားပါ ။
Advanced ကတော့ သိပ်မလိုသေးပါဘူး။
Intermediate လောက်ကို တကယ်ကျေညက်ရင်တောင်
စကားပြောအတွက် အတော်လေး ကောင်းနေပြီ ။

♦
နောက် တစ်ခုက လုံးကောက် အနက် ယူလို့ မရတဲ့
တွဲ သုံးရတဲ့ expression တွေ မသိတာတွေလည်း ရှိတတ်တယ် ။
vocabulary တွေ / expression တွေ  များများ ထပ်လေ့လာဖို့ လိုတာပေါ့ ။

ဒီအတွက်လည်း "Vocabulary in Use"  ဆိုတဲ့ စာအုပ်ရှိတယ် ။
1. Elementary
2. Pre-intermediate & Intermediate
3. Upper-intermediate
4. Advanced  ဆိုပြီး ၄ အုပ် ထွက်တယ် ။
အနည်းဆုံး  1. Elementary နဲ့
2. Pre-intermediate & Intermediate  ကို
သေချာကျေညက်အောင် လေ့လာထားသင့်တယ် ။

ကျန်တာတွေ ရံပြီး လေ့လာလို့လည်း ရတယ် ။
ဒါပေမယ့် သတိထားရမှာ တစ်ခုက
" ရံ တာ များ ရင် ယောင် တတ်တယ် "
( ဟို ယောင်ယောင် ဒီ ယောင်ယောင် ဖြစ်သွားတာကိုပြောတာ )
ကျန်တဲ့ E to E ရှင်းပြတဲ့ စာအုပ်ကောင်းတွေလည်း အများကြီးရှိပေမယ့်
အခုနက သင်ရိုးတွေက Self-study လေ့လာဖို့ အတော်လေးကို အဆင်ပြေလို့ညွှန်းပေးတာပါ ။

မြန်မာ ပြန် စာအုပ်တွေ သိပ်အားမကိုးစေချင်ဘူး ။
( အခြေခံ သိပ်အားနည်းရင်တော့ လည်း ကိုင်ချင် ကိုင်ပေါ့ )

♦
ပြီးရင်တော့ ကိုယ့်ရဲ့ Career English ကိုသွားလို့ ရပြီ  ။
Accounting ဆိုလည်း English for Accounting ပေါ့
Engineering ဆိုလည်း English for Engineering ပေါ့ ...

အပေါ်က ဟာတွေ ( Interchange , Grammar/Vocab in Use ) ကို
တကယ်ကျေညက်အောင် လုပ်ခဲ့မယ်ဆိုရင်
Communication Skill  အခြေခံ/ အတန်အသင့် ကတော့ ရနေမှာပါ ။
English to English ရှင်းပြတဲ့ စာအုပ်တွေနဲ့ လေ့လာသွားနိုင်ဖို့ ပြင်ဆင်ပြီးသားလည်း ဖြစ်သွားမယ် ။

ဒါတွေ မရဘဲ Career English ကို တန်းသွားလည်း ရပေမယ့် ပို ပင်ပန်းမယ် ။
အခြေမခိုင် ဖြစ်မယ်ပေါ့ ။
တစ်ချိန်လုံး ဆရာ မှီနေရတာမျိုး ဖြစ်တတ်တယ် ။

♦
ဒါတွေ ပြီးဖို့ တစ်နေ့ကို အချိန် ၂ နာရီ ပေးပြီး သေချာလုပ်မယ်ဆိုရင်
၁ နှစ်နီးပါးလောက်တော့ ကြာနိုင်တယ် ။
စာတွေကို သိရုံသက်သက် ဆိုတာမျိုး မဟုတ်ဘဲ
သိသလောက်ကို သေချာ ပြန်သုံးနိုင်ဖို့ ရည်ရွယ်ပြီးလေ့လာပါ ။

တစ်နေ့ ၂ နာရီ နဲ့ ၁ နှစ်ဆိုတာလောက်ကို ကြာလှချည်လို့ တွေးမနေနဲ့ ။
ဒီ ၁ နှစ် လောက်လေး သေချာ လုပ်လိုက်ရင်
ဘဝ တစ်ဆစ်ချိုး ပြောင်းနိုင်တယ် ။
အတိုင်းအတာတစ်ခု အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ် ။
လမ်းတွေ ပွင့်သွားမယ် ။

( တစ်နေ့ ၂ နာရီ မလုပ်နိုင်ရင်လည်း ကိုယ် လုပ်နိုင်သလောက် သတ်သတ်မှတ်မှတ် လုပ်ပေါ့ ။
ထိတွေ့မှု မပြတ်သွားဖို့ / လုပ်ရင်း ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ က ပိုပြီး အရေးကြီးပါတယ် ။
ကျွန်တော် ပြောနေကျလိုပဲ ကိုယ် ဝါသနာပါတာနဲ့  English Learning ကိုတွဲလုပ်နိုင်အောင် လည်း ကြိုးစားပါ ။ )

စာလည်း ရှည်သွားပြီ ထင်တယ် ။
တကယ်တိုးတက်ချင်ရင် လုပ်ဖြစ်အောင် လုပ်ဖို့ပဲ အဓိက လိုတယ် ။

♦♦♦
အခက်အခဲ ရှိရင် ကျွန်တော့်ကို ( https://www.facebook.com/kozin.zae )
ဒါမှ မဟုတ် ကိုယ်နဲ့ နီးစပ်ရာ ဆရာ တစ်ယောက်ယောက်ကို လှမ်းမေးလို့ ရပါတယ် ။

♦
( တကယ် လုပ်ကြည့်ပြီး တကယ် အခက်အခဲရှိမှ လှမ်းမေးပါ ။
ဆရာတွေရဲ့ အချိန် ကို တန်ဖိုးထား ပေးပါ ။
ဒီခေတ်မှာ တကယ်တော်တဲ့ စာသင်နေတဲ့ ဆရာတွေ
ဘယ်သူမှ အားနေလေ့မရှိပါဘူး ။
အများစုက အချိန်လုပြီး ကူညီပေးနေရတာပါ ။
ဒီတော့ ဒါကို မေးခွန်းမေး / အကူအညီ တောင်းတဲ့ လူတစ်ယောက်အနေနဲ့ တန်ဖိုးထားသင့်ပါတယ် ။

စကားလုံး တစ်လုံး မသိတာလောက်ကို ဆရာတွေ  ကို လှမ်းမမေးပါနဲ့ ။
English to Myanmar / Myanmar to English Dictionary  လေး ဝယ်ထားပြီးတော့
အရင် အားစိုက် ရှာကြည့်ပါ ။
ပြီးမှ မရှင်းရင် မေးပေါ့ ။ 

အခု အွန်လိုင်းမှာ စာရေးနေကြတဲ့ ဆရာတွေချင်း ရင်ဖွင့်ဖြစ်ရင်
အဲ့ အကြောင်း ပြောဖြစ်ကြလွန်းလို့ အမုန်းခံ ပြောပြတာပါ ။
ကြီးကျယ်တာ မဟုတ်ပါဘူး ။
ကြီးကျယ် စရာရှိတယ် လို့လည်း ကိုယ့်ကိုယ်ကို တစ်ခါမှ မခံယူဖူးပါဘူး ။   )

ဖတ်မိတဲ့လူတွေ အကျိုး တစ်စုံတစ်ရာ ရှိမယ်ဆို ကျေနပ်ပါပြီ ။

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "

လေးစားလျှက်
ကိုဇင်ဇေ

♦♦♦
( #ActiveEnglish စကားပြော သင်တန်း ဦးစီး တည်ထောင် သင်ကြားသူ
#MyanmarDream လူငယ် ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး မဂ္ဂဇင်း ကို ( အခမဲ့ ) စီစဉ်ထုတ်ဝေသူ )

တစ်နည်းအားဖြင့် ..... " ကြယ်ငါး ကောက်နေသူ "

====

Active English သင်တန်း အကြောင်း

♦
English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

♦
English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...
♦
  သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...
♦
  ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...
♦
  သင်ခန်းစာတွေတင် မက
English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...
♦
  စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....
♦
  ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီ စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့
Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

***သင်တန်း အချိန်ဇယားများ

( တင်္နလာ မှ ကြာသပတေး = ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = ၅ ချိန် )
7:00-8:30 AM /
10:00AM - 12:00 Noon/
2:00-4:00 PM /
4:00-6:00 PM /
6:30-8:00 PM    
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း တောင်းဆိုသူများလာတဲ့အခါ အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )

လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ် :)

#ActiveEnglishသင်တန်း မှာ
အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ် :)
အောက်ပါ အတိုင်းပါ :)

1. Elementary to
Pre-intermediate ( Part-1 )
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဆက်သွယ်ရန် :
ဖုန်း - 09 4311 5202 / 09 2522 74890

သင်တန်းလိပ်စာ :
အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ )

=====

***
သင်တန်း မတက် ဖြစ်သေးလည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
Message or Comment box ကနေ လေ့လာစရာ
-Mobile Application
( Post အသစ်တင်တိုင်း App ကနေ ဖတ်ရှုသိမ်းဆည်းနိုင်မည့် ) နဲ့
- Ebooks ( Post အဟောင်းများ စုစည်းမှု ၂ အုပ် ) တွေ တောင်းနိုင်ပါတယ်ဗျာ :)

ဒီ Page မှာလည်း English ဘာသာစကားဆိုင်ရာ ဆောင်းပါးများ / သင်ခန်းစာများကို ပုံမှန်တင်ပေးသွားမှာမို့လို့
မလွတ်တမ်း ဖတ်ချင်ရင်
Page ကို Like လုပ်ပြီး
See first ယူထားနိုင်ပါတယ်ဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
:)

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...