Skip to main content
စ တင်လိုက်ပါပြီ  :)
===
Q-1.
Q-2.
(B) He is medium tall.
(C) He is medium high.
(D) He is medium height.
Q-3.
(A) He is normal.
Q-4
Q-5
Example sentence :
===
:)
လေးစားလျက်
ကိုဇင်ဇေ
Founder & Trainer
#ActiveEnglishClass
===
:)
===
=====
* Unicode Version *
Level အဆင့်ဆင့် English Quiz ( 1 )
#ActiveEnglishClass ( ဆရာ #ကိုဇင်ဇေ ) ရဲ့
English ဘာသာစကား စွမ်းရည် တိုးတက်အောင်
လေ့ကျင့်ဖြေဆိုနိုင်မယ့် မေးခွန်းလေးတွေ ပုံမှန် တင်ပေးမယ့် အစီအစဉ်ကို
စ တင်လိုက်ပါပြီ  :)
အခြေခံ မကောင်းသေးတဲ့ လူတွေလည်း ပါဝင် ဖြေဆိုနိုင်အောင်
အခြေခံ ကောင်းပြီးသားလူတွေလည်း ပျင်းမသွားအောင်
Level အဆင့်ဆင့် ခွဲပြီး မေးခွန်းလေးတွေ တင်ပေးလိုက်ပါတယ် ။
အနည်းဆုံး မေးခွန်း ၁ ခုကိုတော့ မဖြစ်မနေ ဝင်ဖြေကြိုးစားသွားမယ်ဆိုရင်
အသီးသီး English ဘာသာစကား စွမ်းရည် တိုးတက်မှု ကို ရရှိခံစားရမှာပါ ။
အများဆုံးကတော့ ရသလောက် သာ ဖြေသွားပေါ့ဗျာ ;)
ဘယ်သူ့ကိုမှ ( အထူးသဖြင့် အခြေခံ အားနည်းသူများကို )
ချန်မထားခဲ့ချင်တာကြောင့် ဒီလို စီစဉ်ထားလိုက်ရတာပါ ။
Level မြင့်သွားတဲ့အခါ မေးခွန်းက အစ မြန်မာလို မေးမထားတာမျိုးလည်း ရှိမှာပါ ။
English လို တိုက်ရိုက် ဖတ်နိုင်ပြီးသား လို့ ယူဆလို့ပါ။
< အဖြေမှန်တွေကို မူရင်း Post မှာပဲ လုပ်ပြီး ပြန်တင်ပေးမှာမို့
ကိုယ် ဖြေဆိုသွားတဲ့ အဖြေ မှန်/မမှန် သိချင်ရင်
မေးခွန်း တင်ပြီး ၂၄ နာရီ ကျော်တဲ့အခါ ပြန်လာ ကြည့်ပေးပါဗျာ ။ >
===
Q-1.
" သူ က အရပ် ရှည်တယ် " လို့ လို ပြောတဲ့အခါ ဘယ်လိုပြောရမှာလဲ ? အမှန်ကို ရွေးပါ ။
(A) He tall.   (B) He is long. (C) He does tall. (D) He is tall.
Q-2.
အရပ် မရှည်လွန်း ၊ မပုလွန်းတဲ့ လူ ကို ဘယ်လို ပြောရမှာလဲ ?
(A) He is not tall, not short.
(B) He is medium tall.
(C) He is medium high.
(D) He is medium height.
(E) A to D အကုန်လုံး အမှားတွေပါ ။ အဖြေမှန်က ( --- ) ပါ
မိမိ ကြိုက်ရာ ကို ကွက်လပ်ထဲမှာ ဖြေဆိုပါ ။
Q-3.
အရပ် ရော ၊ ကိုယ်လုံးကိုယ်ထည် ရော လူများစု အတိုင်း ရှိတဲ့လူကို ဘယ်လို ပြောရပါမလဲ ?
(A) He is normal.
(B) He is tall and fat like others.
(C) He is medium height and medium fat.
(D)A to C အကုန်လုံး အမှားတွေပါ ။ အဖြေမှန်က ( --- ) ပါ
မိမိ ကြိုက်ရာ ကို ကွက်လပ်ထဲမှာ ဖြေဆိုပါ ။
Q-4
"Fat" may sound impolite . Instead we should say ( -------- )
မိမိ ကြိုက်ရာ ကို ကွက်လပ်ထဲမှာ ဖြေဆိုပါ ။
Q-5
Substitute the suitable words/phrase for ( a fold of fat beneath the chin. / fat around the chin. )
Example sentence :
He's got ( a fold of fat beneath the chin. / fat around the chin. )
===
အခုလို Level အလိုက် အဆင့်ဆင့် မေးခွန်း မေးမြန်းလေ့ကျင့်ပုံကို နှစ်သက် သဘောကျမိလို့
Online ပေါ်မှ English စာ/သင်ခန်းစာများ မျှဝေနေတဲ့ အခြား ဆရာများက လိုက်လံ မေးမြန်းချင်ရင်လည်း
ဒီ ပုံစံလေးကို အားမနာတမ်း လိုက်သုံးနိုင်ပါကြောင်း တိုက်တွန်း လိုက်ပါရစေဗျာ ။
မြန်မာ လူငယ်/လူလတ်တွေ ဘာသာစကားစွမ်းရည် တိုးတက်ပြီး
နိုင်ငံတကာ ကို အမှီလိုက်နိုင်ကြအောင် ဝိုင်း တွန်းကြရအောင်ဗျာ ။
:)
လေးစားလျက်
ကိုဇင်ဇေ
Founder & Trainer
#ActiveEnglishClass
===
English ဘာသာစကား လေ့လာသူများအတွက် အထောက်အကူပြု
Mobile Application နဲ့ Ebooks များကို
www.facebook.com/activenglishapp မှာ တင်ပေးထားပါတယ် ။
သွားပြီး အခမဲ့ Download ရယူနိုင်ပါတယ်ဗျာ ။
ရှာမတွေ့ရင်လည်း Comment/Message Box မှာ တောင်းခဲ့နိုင်ပါတယ် ။
:)
===
#ActiveEnglishသင်တန်း က ပြုလုပ်ပေးထားတဲ့
English ဘာသာစကားလေ့လာသူများ အထောက်အကူပြု Group ကိုလည်း
အောက်ပါ လင့်ကနေ တဆင့် သွား Join နိုင်ပါတယ် ။
www.facebook.com/groups/mmenglishlearning
Comments
Popular posts from this blog
Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း
Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...
Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )
♦ Unit-1 ♦ နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း < Greeting & Introduction > လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊ မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - မြန်မာလို သက်သက် တစ်ပိုင်း - English လို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ ♦ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်...
Unit-2_တစ်နေ့တာ အချိန်တွေကို ဘယ်လို ကုန်ဆုံးစေလဲ ? - Daily routines
Unit-2 လူ တစ်ယောက် တစ်နေ့တာ အချိန်တွေ ဘယ်လို ကုန်ဆုံးစေလဲ ? တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေလဲ ဆိုတာကို သိရှိဆွေးနွေးလိုရင် ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - English လို သက်သက် တစ်ပိုင်း - မြန်မာလို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။ *** # ActiveEnglish ...