Skip to main content

"too" နဲ့ "very" ဘာကွာလဲ ?


 "too" နဲ့ "very" ဘာကွာလဲ ?

အခြေခံ အဆင့် English ဘာသာစကားလေ့လာသူ အတော်များများ
ဒီ အသုံးအနှုန်း ၂ ခုကိုရောပြီး/မှားပြီး သုံးလေ့ရှိတတ်ကြပါတယ် ။
ဒါကြောင့် ဒီလို ခွဲထုတ်ကြည့်ရအောင် ။


 ♦
A: It is "very" hot.
ဒီ စာကြောင်းက " အရမ်း ပူတယ် ကွာ " လို့ ပြောရုံ/သိစေချင်ရုံ သက်သက်ပါပဲ ။

B: It is "too" hot.
ဒီလို ပြောလိုက်ပြီ ဆိုရင်တော့ ဒီလို အရမ်းပူရတဲ့အတွက်
သူ့မှာ အတော်လေး အဆင်မပြေဖြစ်နေရတဲ့ / အခက်ကြုံနေရတဲ့ သဘောဆောင်ပါတယ် ။




နောက် ဥပမာ တစ်ခု ထပ်ကြည့်ကြည့်ပါ ။

C: Lisa is very tall.
ဒီ စာကြောင်းမှာ ပြောတာက Lisa ဟာ အရပ်ရှည်တယ် လို့ ပြောခြင်ရုံ သက်သက်ပါပဲ ။

D: Lisa is too tall.
ဒီလို ပြောလိုက်ပြီဆိုရင်တော့ Lisa ဟာ အရပ်ရှည်လွန်းနေတယ် ။
တခါတလေ အမိုးနဲ့တောင် မလွတ်ဘူး :D
ဒါမှမဟုတ် အရပ်က ရှည်လွန်းနေတော့ သူ့ကို ကြိုက်တဲ့လူ သိပ်မရှိလှဘူး ။
စတဲ့ အဆိုးမြင်သဘော ဆောင်သွားပါတယ် ။


ဒီတော့ ခြုံပြီး ပြောရရင်
"very" လို့ သုံးရင် သာမန် သဘောနဲ့ ပြောတာဖြစ်ပေမယ့်
"too" နဲ့ သုံးပြီးပြောရင် အဆိုးမြင်သဘော/ ပြဿနာ တစ်ခုခု ရှိနေတဲ့ သဘော ဆောင်ပါတယ်  ။

၂ ခုလုံးကတော့ အဓိပ္ပာယ်က ခပ်ဆင်ဆင် ဖြစ်နေတာမို့ 
ကိုယ့် စိတ်ခံစားမှု အပေါ်မှာ မူတည်ပြီးသာ ချင့်ချိန် သုံးပါဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
Founder & Trainer @ActiveEnglish 


English သင်ခန်းစာများ Online မှ အခမဲ့ ထပ်မံလေ့လာလိုပါ က
Website > www.ActiveEnglishMyanmar.com 
Facebook > www.facebook.com/MmEnglishLearning
သို့ လာရောက် လေ့လာနိုင်ပါတယ် ဗျာ :)


English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ
သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/11/active-english-novemberdecember.html


ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...