"too" နဲ့ "very" ဘာကွာလဲ ? အခြေခံ အဆင့် English ဘာသာစကားလေ့လာသူ အတော်များများ ဒီ အသုံးအနှုန်း ၂ ခုကိုရောပြီး/မှားပြီး သုံးလေ့ရှိတတ်ကြပါတယ် ။ ဒါကြောင့် ဒီလို ခွဲထုတ်ကြည့်ရအောင် ။ ♦ A: It is "very" hot. ဒီ စာကြောင်းက " အရမ်း ပူတယ် ကွာ " လို့ ပြောရုံ/သိစေချင်ရုံ သက်သက်ပါပဲ ။ B: It is "too" hot. ဒီလို ပြောလိုက်ပြီ ဆိုရင်တော့ ဒီလို အရမ်းပူရတဲ့အတွက် သူ့မှာ အတော်လေး အဆင်မပြေဖြစ်နေရတဲ့ / အခက်ကြုံနေရတဲ့ သဘောဆောင်ပါတယ် ။ ♦ နောက် ဥပမာ တစ်ခု ထပ်ကြည့်ကြည့်ပါ ။ C: Lisa is very tall. ဒီ စာကြောင်းမှာ ပြောတာက Lisa ဟာ အရပ်ရှည်တယ် လို့ ပြောခြင်ရုံ သက်သက်ပါပဲ ။ D: Lisa is too tall. ဒီလို ပြောလိုက်ပြီဆိုရင်တော့ Lisa ဟာ အရပ်ရှည်လွန်းနေတယ် ။ တခါတလေ အမိုးနဲ့တောင် မလွတ်ဘူး :D ဒါမှမဟုတ် အရပ်က ရှည်လွန်းနေတော့ သူ့ကို ကြိုက်တဲ့လူ သိပ်မရှိလှဘူး ။ စတဲ့ အဆိုးမြင်သဘော ဆောင်သွားပါတယ် ။ ♦ ဒီတော့ ခြုံပြီး ပြောရရင် "very" လို့ သုံးရင် သာမန် သဘောနဲ့ ပြောတာဖြစ်ပေမယ့် "too" နဲ့ သုံးပြီးပြောရင် အဆိုးမြင်သဘော/ ပြဿနာ တစ်ခုခု ရှိနေတဲ့ သဘော ဆောင်ပါတယ် ။ ၂ ခု...