Skip to main content

လူငယ်တွေ အတွက် ဟောပြောဆွေးနွေးပွဲလေးပါ


လူငယ်တွေ အတွက်ပါ ...

- ဘဝ မှာ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေတဲ့ လူငယ်တွေ
- လုပ်ချင်တာနဲ့ လုပ်သင့်တာကြား ဗျာများနေတဲ့ လူငယ်တွေ
- ကိုယ် လုပ်ချင်တာနဲ့ မိဘ ဖြစ်စေချင်တာ လွန် ဆွဲနေရတဲ့ လူငယ်တွေ
- ဟိုဟာ လုပ်ရမလိုလို ဒီဟာ လုပ်ရမလိုလို ဆုံးဖြတ်ရမှာ ဝေဝေဝါးဝါး ဖြစ်နေတဲ့ လူငယ်တွေ
- ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ်နိုင်သူတွေ
- လုပ်ချင်တာတော့ သိပေမယ့် ဘယ်က စ လုပ်ရမှန်း မသိတဲ့ လူငယ်တွေ
- ကိုယ်တိုင် လုပ်နေတာလေးတွေ လမ်းကြောင်းမှန်ပေါ် ရောက်နေ လား / မ ရောက်ဘဲ ဖြစ်နေလား /
- ပို မြန်မြန် သွားလို့ ရမယ့် လမ်းကြောင်းတွေရော ရှိနိုင်သေးလား သိချင်နေတဲ့ လူငယ်တွေ

ဒီ လူငယ်တွေထဲက တစ်ယောက်ယောက်က သင် ဖြစ်နေခဲ့မယ် ဆိုရင်
ကျွန်တော် မျှဝေဆွေးနွေးမယ့် ပွဲလေး ကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ် ။

ခေါင်းစဉ်ကိုတော့ " ပန်းတိုင် စစ်ကို ဘယ်လို ရှာလို့ ဘယ်လို သွားရမှာ " လို့ နာမည် ပေးထားပါတယ် ။

- 25.10.2015 ( တနင်္ဂနွေ နေ့ ) 
- မနက် ၁၀ နာရီက နေ ၁၂ နာရီ အထိ
- Global Enchanting - Safety and Management Training Center
( အမှတ် ၂၃ ၊ မြေညီထပ် ၊ မြေနု လမ်း ၊ မြေနီဂုံး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ။  )
မှာ ဆွေးနွေး မျှဝေပေးသွားမှာပါ ။

- ကိုယ့်ရဲ့ ဘဝ ပန်းတိုင် ချမှတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ ?
- ဘဝ ပန်းတိုင် ကို ဘယ်လို စနစ်တကျ ချမှတ်မလဲ ?
- ဘယ် အချက်တွေ ထည့်သွင်း စဉ်းစားရမလဲ ?
- ပန်းတိုင် ချမှတ်ပြီးရင် ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ ဘယ်လို အသေးစိတ် စီမံကိန်း ဆွဲရမလဲ ?
- ကိုယ် လုပ်ချင်တာနဲ့ မိဘ ဖြစ်စေချင်တာ လွန် ဆွဲလာရင် ဘယ်လို လုပ်သင့်လဲ ?
- ဒါတွေ အားလုံးကို တကယ် လုပ်ဖြစ်သွားအောင် မောင်းနှင်ပေးနိုင်မယ့် အဓိက အား က ဘာဖြစ်မလဲ ?
စတဲ့ အကြောင်းအရာတွေကို ကျွန်တော် ဖတ်မှတ် လေ့လာထားသလောက် နဲ့
ကျွန်တော် ဖြတ်သန်းလာရတဲ့ ဘဝ အတွေ့အကြုံလေးတွေကို အနှစ်ချုပ် စုစည်းပြီး
တတ်နိုင်သလောက် မျှဝေ ဆွေးနွေးပေးပါ့မယ် ။

၁ နာရီခွဲ လောက် ကျွန်တော့် ဘက်က တောက်လျှောက် မျှဝေ ပေးမှာ ဖြစ်ပြီး
ကျန်တဲ့ နာရီဝက် လောက်ကတော့
ပွဲကိုလာတဲ့ ညီငယ်/ညီမငယ်တွေ မေးတဲ့
မေးခွန်းတွေကို တတ်နိုင်သလောက် ဖြေပေးသွားမှာ ပါ ။

တကယ်တမ်းကတော့ Goal Setting / Life Planning ဆိုတာ မျိုးဟာ
အနည်းဆုံး ၃ နာရီလောက် ပြောရတဲ့ Topic မျိုးပါ ။
1-Day Workshop လိုမျိုး လုပ်နိုင်ရင် ပို ထိရောက်ပါတယ် ။
ဒါပေမယ့် ပွဲ စီစဉ်သူတွေဘက်ကရော
ဒီလို အကြောင်းအရာမျိုးတွေကို အခုမှ တက်ရောက် နားထောင်မယ့် ညီငယ်/ညီမငယ်တွေအတွက်ရော
အဆင်ပြေအောင် အချိန်ကို ချုံ့ပြီး ပြောရမှာ ဖြစ်ပါတယ် ။
ပွဲ တက်ရောက်လာတဲ့ လူငယ်တွေထဲက တကယ် စိတ်ဝင်စားတဲ့ လူတွေ ရှိခဲ့ရင်
နောက်ထပ် အသေးစိတ် ထပ်မံ ဆွေးနွေးတဲ့ ပွဲမျိုးလေးတွေ လုပ်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ် ။
:)

စိတ်ဝင်စားတဲ့ ညီငယ်/ညီမငယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ် ။
ကိုယ့်အတွက် မလိုအပ်ပေမယ့်လည်း အခြား လိုအပ်တဲ့လူတွေအတွက်
ထပ်ဆင့် မျှဝေပေးနိုင်ပါတယ်ဗျာ ။

ဒီ ဖုန်းနံပါတ်တွေကို ရုံးချိန်အတွင်း ဆက်သွယ်ပြီး စာရင်း ကြိုပေးရမှာပါ ။
( 01-230 4836  /  09-518 1316  /  09- 7312 7074 )
လူဦးရေ အကန့်အသတ်ရှိနိုင်တာကြောင့် အမှန်တကယ် တက်ရောက်ဖြစ်မှ
စာရင်း ပေးသွင်းကြဖို့လည်း ကြိုတင် မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ ။

စာကြွင်း ။   ။
- ဒီ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ရေးဖူးတဲ့ ဆောင်းပါးတွေကို ဖတ်ချင်ရင်
www.sharingkozinzae.wordpress.com နဲ့ www.myanmardreamer.com တို့ မှာ အမြည်းသဘော သွားဖတ်လို့ ရပါတယ်ဗျာ ။ 

- " ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ် " ဆိုတဲ့ စကားကို ဆရာ ဇော်ဇော်အောင် ဆီက ယူသုံးပါတယ် ခင်ဗျာ ။

- ကျွန်တော် ( ကိုဇင်ဇေ ) ပြောမှာ ဖြစ်ပေမယ့် ကျွန်တော့် သင်တန်း
( Active English ) မှာ မဟုတ်ပါဘူး ဗျာ ။ နေရာ မှားပြီး လာမိမှာ စိုးလို့ပါ ။
ဒီပွဲကို Global Enchanting - Training Center မှာ လုပ်မှာပါ ။
( အမှတ် ၂၃ ၊ မြေညီထပ် ၊ မြေနု လမ်း ၊ မြေနီဂုံး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ။  )

Active English သင်တန်းသား/သူ တွေကိုလည်း စိတ်ဝင်စားရင် လာတက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။
စာရင်းသွင်းတာကတော့ Global Enchanting ကိုပဲ တိုက်ရိုက်ဖုန်းဆက်ပြီး စာရင်းသွင်းနိုင်ပါတယ် ။
( 01-230 4836  /  09-518 1316  /  09- 7312 7074 )

လေးစားလျှက်
ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေ ဗျာ "

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...