Skip to main content

ဖြေဆိုရင်း လေ့လာ English စာ (101)

ဖြေဆိုရင်း လေ့လာ English စာ (101)
------------------------------------------

ကွင်းစ ကွင်းပိတ်ထဲက စကားလုံး( ---- ) အစား
a,b,c ထဲက သင့်တော်တဲ့ Idiom ကို ပြန်ဖြည့် သုံးပေးရမှာပါ ။ :)

Jack made the engine of his car (useless) by forgetting to add oil of it regularly.
a. got worse
b. used to
c. wore out
.
.
.
*Language Notes* ကို ဖတ်ပြီးလေ့လာလိုက်ရင် ဖြေလို့ ပိုလွယ်သွားမှာပါ ။ :)


wear out 
-to use something until it has no value or worth anymore ,
တစ်စုံတစ်ခုကို သုံးမရတော့တဲ့ အထိ / တန်ဖိုးမရှိတော့တဲ့ အထိ ဖြစ်အောင် သုံးပစ်လိုက်တာကို ပြောတာပါ ။

-to make useless through wear (S)
ဝတ်ရင်းဝတ်ရင်းနဲ့ သုံးမရ/ဝတ်မရတော့တဲ့ အနေအထားရောက်သွားစေတာကို ပြောတာပါ ။
Eg :
When I wear out these shoes , I'll have to buy some that last longer.
What do you do with your clothes after you wear them out ?


get worse
- to become worse
ပိုပိုပြီး ဆိုးလာတယ် ။
Eg : I hope the economy doesn't get any worse than it is now.


used to
- formerly did
လုပ်ခဲ့ဖူးတယ် ( အခု မလုပ်တော့ဘူး )

- had the habit of
အကျင့်ရှိခဲ့တယ် ( အခု မရှိတော့ဘူး )

Eg : I used to live in New York , but I moved to California two years ago.
Kim used to smoke cigarettes, but she stopped the habit last month.

အခုလောက်ဆို လေ့လာရတာအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။
လေ့လာရတာ အဆင် ပြေမပြေ Comment မှာ ရေးပြီး အားပေးသွားနိုင်ပါတယ် ။
:)


ဒီ Page/Group မှာ ဘာသာစကားစွမ်းရည် တိုးတက်လာဖို့ ၊
သိပြီးသား အကြောင်းအရာတွေကိုလည်း ပိုင်နိုင်အောင် ပြန်နွှေးနိုင်ဖို့
လေ့ကျင့်ခန်း နဲ့ သင်ခန်းစာလေးတွေ တင်ပေးသွားပါ့မယ် ။
မှာ ဝင်ရောက် ဖြေဆို လေ့ကျင့်သွားနိုင်ပါတယ် ။
လွတ်လွတ်လပ်လပ်လည်း ထပ်ဆင့် မျှဝေနိုင်ပါတယ် ။


ဘာသာစကား စွမ်းရည် က တွန်းဖွင့်ပေးလိုက်မယ့်
အသိပညာသစ်တွေ ၊ အခွင့်အလမ်းသစ်တွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ၊
လေးစားလျှက်
ကိုဇင်ဇေ
Founder and Trainer @ActiveEnglish


အလားတူ သင်ခန်းစာများ ထပ်မံလေ့လာလိုပါက
www.ActiveEnglishMyanmar.com သို့ လာရောက်နိုင်ပါတယ် ။


English ဘာသာစကားစွမ်းရည်ကို သင်တန်းတက်ပြီး စနစ်တကျ လေ့လာလေ့ကျင့် သင်ယူလိုပါက
အောက်ပါ လင့်မှာ သင်တန်းလိပ်စာ/ မြေပုံ နှင့် အချိန်ဇယားကို သွားရောက်ကြည့်ရှုနိုင်ပါတယ် ။
:)
အမြဲ လှုပ်ရှားတက်ကြွနေသော သင်ကြားရေးပုံစံသစ် ဖြင့် #ActiveEnglish

>>> www.activeenglishmyanmar.com/2015/08/active-english-interactive-english.html
အမှတ် ၂၉ ( A ) ၊  မြေညီထပ် ၊ ၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း ) ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone : 09 4311 5202 / 09 25000 5174 / 09 2522 74 890

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...