ရန်ကုန် - ညောင်တုန်း ( လူ သီးသန့် ၁၅ ယောက်စာလောက် ) ကား အကူအညီ ပေးနိုင်ရင် ပြောကြပါ ။ ကူညီရုံသက်သက် မဟုတ်ဘဲ အခကြေးငွေ နဲ့ ဆိုလည်း ရပါတယ် ။
#ကိုဇင်ဇေ
09250005174
ရေဘေး ကူညီဖို့အတွက်
ကြယ်ငါးကောက်သူများအဖွဲ့
ဒီနေ့ 13.8.2015 ကြာသပတေးည သန်းခေါင်ကျော်
စထွက်မယ့် ခရီးစဉ်
- ရန်ကုန်က နေ ညောင်တုန်း ကို ကားနဲ့ သွားရပါမယ် ။
( ရေစီးအရမ်းကြမ်းနိုင်တဲ့ နေရာကို ရှောင်ရမှာမို့လို့
အောက်က လမ်းကြောင်းအတိုင်း အတိုင်းသွားပါမယ် ။
အဲ့ဒီမှာလည်း အတန်အသင့်တော့ ရေစီးရှိမှာပါပဲ ။ သွားလှုရမယ့် နေရာမှာ မြေကြီးပေါ် ခြေချလို့မရသေးပါဘူး ။
ရေက အနည်းဆုံး လူ တစ်ရပ်ကျော်တွေပဲ ဖြစ်မှာမို့ သတိ/သတ္တိ မွေးနိုင်မှ လိုက်ပါ ခင်ဗျာ)
- ပြီးရင် စက်လှေနဲ့ သံကြိုး ရွာကို ၁နာရီခွဲလောက် ကြာအောင် သွားရပါမယ် ။
- ပြီးရင် ဆိုင်ကယ် ကယ်ရီတွေနဲ့ တာရိုးကို ဖြတ်ပြီး ၁၀ မိနစ်စာ ခရီးကို သွားရပါ့မယ် ။
( အခြားယာဉ် နဲ့ သွားမရပါ ။
ဆန်အိတ် ၁၀၀ ကို အခေါက်ခေါက် အခါခါ သယ်ရမှာပါ ။ )
- ပြီးရင် စက်လှေ အသေးလေးတွေနဲ့
သွားလှုမယ့်ရွာ အထရောင် ကို ၁ နာရီခွဲ လောက် ကြာအောင် ထပ်စီးရပါမယ် ။
( အထရောင် ကနေ နောက် ထပ်လှုမယ့် ကတုက္ကမရွာ ကို နာရီဝက် လောက် ကြာနိုင်ပါတယ် )
- မနက် အစောကြီး ( သန်းခေါင် ကျော်ကျော် ) လောက် စထွက်ပြီး ရန်ကုန်ကို ည ၉/၁၀ နာရီ ဝန်းကျင် ပြန်ရောက်မယ် လို့ မှန်းထားပါတယ် ။
Comments
Post a Comment