Skip to main content

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်


English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် "
-----------------------------------------------------------------------------------

English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ
ဒီ စာ ဆက်ဖတ်ပါ ။ :)

ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ
သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။
ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ
အရင်က English ဘာသာစကားကို
ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ
လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။

ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့
ဒီလို အခက်အခဲတွေ ကြုံနေရတာကို
လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ?
ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။

တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။
သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင်လို့
စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။
အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။
သူတို့ သာ ၂ လ လောက် တောင့်ခံပြီး တီးနိုင်ရင်
လက်နာတယ်ဆိုတာ ဘာမှန်းတောင် မသိ တော့ တဲ့ အခြေအနေ တစ်ခုကို ရောက်သွားမှာပါ ။
ဒါပေမယ့် ကိုယ့်ကိုကိုယ် အလို လိုက်စိတ် က ကြီးလွန်းတော့
အချိန် ကာလ တစ်ခု တောင့်ခံဖို့ ပျက်ကွက်ကြတယ် ။
ဒီတော့ သံစဉ်တွေနဲ့ ဝေးပြီးပေါ့ ။

ဒီလိုပါပဲ ဘာသာစကားကို အဆင့်မြင့် ပညာရပ်တွေလေ့လာဖို့ / ကျောင်းကောင်းကောင်းတွေ တက်ချင်လို့ /
နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ /
အလုပ် အကိုင် ကောင်းကောင်းတွေ ရချင်လို့ /
ရပြီးသား အလုပ်မှာ ရာထူး တိုးချင်လို့ /
ရောက်ပြီးသား ရာထူး မှာ သင့်တော်တဲ့ ဘာသာစကားစွမ်းရည်ကို
ယုံကြည်မှု ရှိရှိ အသုံးချချင်လို့ စသဖြင့် လေ့လာကြပါတယ် ။

ဒါပေမယ့် အတန်းထဲမှာ စာ မလိုက်နိုင်တာ /
အတန်အသင့် ဖတ်နိုင်ရေးနိုင်ပေမယ့် မပြောရဲလို့ သူများတွေက ရယ်မှာစိုးတာ ၊
( လူများလွန်းတဲ့ သင်တန်းတွေ သွားတက်မိတဲ့ အခါ ) ဆရာတွေရဲ့ ဂရုစိုက်လမ်းညွှန်မှု ကို သေချာမရတာ
စတာတွေဟာ ဂစ်တာတီးရင် လက်ထိပ်လေးတွေ နာသလိုပဲ အခံရ ခက်လှပါတယ် ။
ဒါကြောင့် English ဘာသာစကားကို တတ်မြောတ်ချင်ပါလျက်နဲ့
ဘာသာစကားရဲ့ ရှေ့ပြေးစွမ်းရည်လေးတွေတောင် မရဘဲ
တပ်ခေါက်သွားရတဲ့ လူတွေ အများကြီးရှိပါတယ် ။

English ဘာသာစကား လေ့လာရာမှာ ဒီကာလလေးကို ကျော်ဖြတ်နိုင်ဖို့
ထိုက်သင့်တဲ့ ယုံကြည်မှု လေးရပြီး
လေ့လာရေး လမ်းကြောင်း မှန်ပေါ်ကို ရောက်သွားနိုင်ဖို့
အရမ်း အရေးကြီးပါတယ် ။

အထူးသတိပေးချင်တာ တစ်ခုက
*** တစ်ခါကြောက်လို့ ထွက်ပြေးနေရင်
တစ်သက်လုံး ပြေးနေရတတ်တာပါ ***
ဒါကြောင့် ဖြစ်နိုင်ရင် စိတ်ဓာတ်ခွန်အားလေးမွေးပြီး
တစ်ခါလောက်တော့ သေသေချာချာ ကျကျနနလေ့လာစေချင်ပါတယ် ။

ခက်ခဲ့တဲ့ ရှေ့ပိုင်းကာလ လေး ( လူပေါ်မူတည်ပြီး ၃ လ မှ ၆ လ ) လောက်ကို
တောင့်ခံနိုင်ရင် English ဘာသာစကား ကြောက်စိတ်ကို ပယ်သတ်နိုင်ပြီး
ကိုယ့်ဘာသာကိုယ် လေ့လာလို့ ရမယ့် ခိုင်မာတိကျတဲ့ နည်းစနစ်တွေ /
ကိုးကားစရာတွေ ရသွားမယ်ဆိုရင် သင့် ဘဝ ရှေ့ခရီးမှာ
English ဘာသာစကား အရံအတားကို သေချာပေါက် ကျော်လွှားနိုင်မှာ ပါ ။

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တခြား တူညီမှုတွေလည်း အများကြီး ရှိပါသေးတယ် ။
စာရှည်ရင် သိပ်မဖတ်ဖြစ်ကြမှာစိုးလို့ ဒီမှာ ခဏနားပြီး နောင် ဆက်ဆွေးနွေးပေးပါဦးမယ် ။

ဒီ စာစုမှာ အရမ်းရှည်သွားမှာစိုးလို့ English ဘာသာစကား ဘယ်လို လေ့လာသင့်တယ်ဆိုတာတွေကို
အရင် ရေးတင်ပေးပြီးသား လင့်လေးတွေ ပဲ ပေးလိုက်ပါတော့မယ် ။
ဖတ်ဖြစ်အောင် သွားဖတ်ကြည့်ပါ ။
အကြောင်း အမျိုးမျိုးကြောင့် သင်တန်းကို လာမတက်ဖြစ်ရင်တောင်
အွန်လိုင်းပေါ်ကနေ နိုင်သလောက် လေ့လာလို့ ရအောင် အတတ်နိုင်ဆုံး စီစဉ်ပေးထားပါတယ် ။

1.
www.activeenglishmyanmar.com/2014/06/how-to-learn-english.html
<<< " English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?

2.
http://www.activeenglishmyanmar.com/2015/02/how-to-study-english.html#more
<<< English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ

3.
www.activeenglishmyanmar.com/2014/12/develop-listening-skill.html
<<< English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?

4.
http://www.activeenglishmyanmar.com/2013/07/blog-post_4355.html
<<< သဒ္ဒါဟာ သင်ကြားမှူ သင်ယူမှူ ဖြစ်စဉ်မှာ အရေးအကြီးဆုံးလား ?

ကျယ်ပြန့်တဲ့ အကြောင်းအရာတွေမို့လို့ အွန်လိုင်းပေါ်က စာစုလေးနဲ့တော့
မပြည့်စုံနိုင်ပါ ။ ဒါပေမယ့် ဒီလမ်းညွှန်ချက်တွေ ဖတ်ကြည့်ပြီး
ကိုယ် အသုံးချရင် ချသလောက်တော့ အကျိုးကျေးဇူး တစ်ခု ရမှာ အသေအချာပါဗျာ ။

စာဖတ်ရုံနဲ့ အားမရဘဲ သင်တန်း တက်ရောက်ဖို့ အထိပါ စိတ်ပါဝင်စားရင်တော့
ကျွန်တော် ကိုဇင်ဇေ ကိုယ်တိုင် ဦးစီးတည်ထောင် သင်ကြားနေတဲ့
Active English သင်တန်းရဲ့ ကြော်ငြာလေးကို ဆက်ဖတ်နိုင်ပါတယ် ။
မိမိနဲ့ ကိုက်မကိုက်လေ့လာကြည့်ပါဗျာ ။
smile emoticon

English ဘာသာစကားတင် မက မိမိ လိုအပ်သော အခြားဘာသာရပ်တိုင်းကို
အဆင်ပြေ အောင်မြင်စွာ လေ့လာနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါရစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ



♦
"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေဖို့ ... "
ရည်ရွယ်ဖွင့်လှစ်ထားတဲ့ #ActiveEnglishသင်တန်း မှာ
စနစ်တကျ တက်ရောက်လေ့လာချင်တယ် ဆိုရင်
သင်တန်း နဲ့ သင်ကြားမှု ပုံစံတွေ ၊
သင်တန်းသားတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေကို
အောက်ပါလင့်မှာ အသေးစိတ် သွားရောက်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ :)
( April / May လ အတွင်း အသစ်ဖွင့်လှစ်မည့်
တန်းခွဲသစ်အချိန်ဇယားတွေလည်း ပါဝင်ပါတယ် )
>>>
https://www.facebook.com/activeenglishmyanmar/posts/1336933666399836

တခြား အသေးစိတ် သိချင်တာရှိရင်
ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )

လူကိုယ်တိုင် လာရောက် စုံစမ်းလေ့လာချင်တယ်ဆိုရင်တော့
ဒီလိပ်စာလေးသာ မှတ်ထားပါဗျာ ။
:)

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )
:)

Active English သင်တန်း အကြောင်း

♦
English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

♦
English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...

♦
သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...

♦
ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...

♦
သင်ခန်းစာတွေတင် မက
English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...

♦
စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....

♦
ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင် သင်ကြားနေတဲ့
Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)

***သင်တန်း အချိန်ဇယားများ

( တင်္နလာ မှ ကြာသပတေး = ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = 7 ချိန် )
7:00-8:30 AM /
9:30 - 11:00 AM/
11:30 - 2:00 PM (Sunday only)
2:00-3:30 PM /
3:30-5:00 PM /
5:00 -6:30 PM/
6:30-8:00 PM
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း တောင်းဆိုသူများလာတဲ့အခါ
အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )

လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ်
:)

#ActiveEnglishသင်တန်း မှာ
အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
အောက်ပါ အတိုင်းပါ :)

1. Elementary to
Pre-intermediate ( Part-1 )
2. Pre-intermediate ( Part-2)
3. Intermediate ( Part-1)
4. Intermediate ( Part-2)
5. Upper Intermediate ( Part-1)
6. Upper Intermediate ( Part-2 )

ဆက်သွယ်ရန် :
ဖုန်း - 09 4311 5202 / 09 2522 74890

♦ သင်တန်းလိပ်စာ : အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
=====
=====
သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက်မှာ လေ့လာစရာပေးထားတာတွေ ရှိပါတယ် ။
သေချာ စိတ်ရှည်လက်ရှည် လေ့လာသွားပါဗျာ ။
လေးစားလျှက်
:)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...