Skip to main content

Active English သင်တန်း နေရာ ပြောင်းရွှေ့ကြောင်း ကြေငြာခြင်း ( မြေပုံ ပါဝင်သည် )

Active English သင်တန်း နေရာ ပြောင်းရွှေ့ကြောင်း ကြေငြာခြင်း

မြင်ကွင်း ကျယ်
Active English Class in Yangon



Active English သင်တန်းအား
< အမှတ်(၁၀-၄လွှာ) / ဗိုလ်မှုးအောင်လမ်း /
ဗိုလိစိန်မှန် ရပ်ကွက် / တာမွေ အဝိုင်းထိပ်အနီး ။ >
မှ
< အမှတ် (၂၉-A) / မြေညီထပ် / ၁၆၇ လမ်း ( သို့ ) ရာပြည့်ဈေးလမ်း / တာမွေကြီး - ခ - ရပ်ကွက် /
တာမွေ အဝိုင်းထိပ် အနီး / တာမွေ မြို့နယ် > သို့
ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည် ။

( ၁၆၇ လမ်းမှာ Eleven Media ရုံး တည်ရှိရာ
တောင် မြင်းပြိုင်ကွင်း လမ်း နှင့် ကပ်လျက် လမ်း ဖြစ်ပါသည် ။ မနက်ပိုင်းတွင် ဈေး ရှိနေသော ကွန်ကရစ် လမ်း ဖြစ်ပါသည် ။ )

သင်တန်း နေရာ သစ်မှာ နေရာ ဟောင်းမှ
၃ မိနစ်ခန့် လမ်းလျှောက် လိုက်လျင်
ရောက်နိုင်သော အကွာအဝေးသာ ဖြစ်ပါသည် ။

သင်တန်း ပြောင်းရွှေ့နေစဉ် ကာလများ ဖြစ်သော
20/21.7.2015 ( တင်္နလာ / အဂါင်္ နေ့ ) များ တွင်
သင်တန်း ပိတ်ထားရမည် ဖြစ်ပါသည် ။
- ဖွင့်လှစ်ဆဲ တန်းခွဲများ အတွက်
စာသင်ရက် အစားထိုး ပြန်လည် ပေးသွားမည် ဖြစ်ပြီး
- ထိုနေ့ (20.7.2015 - တင်္နလာ နေ့ )  မှာ
စတင် ဖွင့်လှစ် မည့် တန်းခွဲ များကို
( 22.7.2015 - ဗုဒ္ဓဟူး နေ့ ) သို့
ပြောင်းရွှေ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည် ။

- မြေညီထပ် / ပိုမို ကျယ်ဝန်းသော အခန်း အပြင် အဆင် / အသစ် ထပ်မံ ထည့်သွင်းထားသော သင်ကြားရေး နှင့် အသိပညာ မျှဝေရေး အစီအစဉ် တို့ မှ #ActiveEnglish သင်တန်း သား/သင်တန်းသူ ဟောင်းများ / လာလတံ့သော သင်တန်းသား/သူ အသစ်များကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနေပါသည် ။

လေးစားလျက်
ကိုဇင်ဇေ
( #ActiveEnglish သင်တန်း တည်ထောင်သူ /
သင်ကြားရေး ဆရာ )
www.ActiveEnglishMyanmar.com

မှတ်ချက် ။    ။
ယခု ရက်ပိုင်းအတွင်း သင်တန်းသို့
လာရောက် စုံစမ်း စာရင်းပေးသွင်းလိုသူများ သင်တန်းသို့ မလာခင် ကြိုတင်ပြီး
( 0943115202 / 09250005174 ) တို့ကို
ဖုန်းဆက် မေးမြန်းစေလိုပါသည် ။
သင်တန်း မှ တာဝန်ရှိသူများ
သင်တန်း နေရာသစ် နှင့် နေရာဟောင်း အကြား
ဗျာများ နေနိုင် ၍ ဖြစ်ပါသည် ။  :)

သင်တန်းနေရာသစ် အတွက် မြေပုံကိုလည်း
Online ပေါ်သို့ တင်ပေးလိုက်ပါသည်  ။ :)

ဆက်သွယ်ရန် - ( 0943115202 / 09250005174 )

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )

♦ Unit-1 ♦ နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း < Greeting & Introduction > လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊ မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - မြန်မာလို သက်သက် တစ်ပိုင်း - English လို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ ♦ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်...

Level အဆင့်ဆင့် English Quiz ( 5 )

Level အဆင့်ဆင့် English Quiz ( 5 ) လူတစ်ယောက် ကို အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိသလဲလို့ မေးရင် / ကိုယ်တိုင်ကလည်း အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိတယ်လို့ ပြောရင် Adverds of Frequency တွေကို သုံးရပါတယ် ။ အောက်က လေ့ကျင့်ခန်းရဲ့ ကွင်းစကွင်းပိတ်ထဲမှာ  ပေးထားတဲ့ Adverds of Frequency  တွေကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ဖြည့်ကြည့် / ပြောကြည့်ပါ ။ Level မြင့်တဲ့လူတွေ အတွက် Adverds of Frequency မဟုတ်ဘဲ Idiomatic Expression အနေနဲ့ ဖြည့်ရမယ့် ကွက်လပ်လေး ၂ ခုလည်း ထည့်ပေးထားပါတယ် ။ #ActiveEnglishသင်တန်း သား/သူတွေ Interchange Series နဲ့ လေ့လာနေသူတွေအနေနဲ့ Interchange 1 ( Unit - 6 ) ကို ပိုင်ပြီးသားဆိုရင် အလွယ်တကူဖြေနိုင်မှာပါ ။ ;) 1. Do you play sports? (ever) Sure. I play soccer. (twice a week) 2. Do you do aerobics at the gym? (often) No, I do aerobics. (hardly ever) 3. What do you do after class? (usually) I go out with my classmates. (about three times a week) 4. I hardly ever exercise. I just watch TV in my free time. I guess I'm a real (c----) (po----). 5. He do...