Skip to main content

ကျေးဇူးတင်ပါတယ် " Thank you" လို့ ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....


ကျေးဇူးတင်ပါတယ် " Thank you" လို့
ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....

ဒီလိုလေးတွေ အားဖြည့်ပြောနိုင်ပါတယ်ဗျာ ...




တစ်စုံတစ်ယောက် က ကိုယ့်ကို
ခက်ခဲတဲ့ အခြေအနေတွေမှာ ကူညီပေးခဲ့တယ် ...
အထောက်အပံ့ပေးခဲ့တယ် ဆိုရင် ဒီလို လေး ပြောလိုက်နိုင်ပါတယ် ...

“Thanks for having my back.”


သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အထောက်အပံ့ /
အားစိုက်ထုတ်မှူတွေနဲ့
ကိုယ် ကြိုးစားပြင်ဆင်ထားတာ တစ်ခုကို ရယူလိုက်နိုင်တယ်...
သူသာမကူညီရင် ဒီလို မအောင်မြင်နိုင်ဘူး ...
ကိုယ် ဘယ်လောက်တောင် ဒါကို တန်ဖိုးထားကျေးဇူးတင်တယ်ဆိုတာကို
ဖော်ပြချင်တဲ့ အခါ ဒီလို လေး ပြောလိုက်နိုင်ပါတယ် ...

“Thank you. I couldn’t have done it without you.”


ကိုယ် အရမ်း ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ
သူငယ်ချင်းဟာ သူ့ အကျိုးစီးပွားကိုတောင် အထိခိုက်ခံပြီး
ကိုယ့်ကို ကူညီ ခဲ့ပြီဆိုရင်တော့
ကိုယ် ပြန်ပြောနိုင်တာ တစ်ခုက
သူ ဒီလို အခြေအနေမျိုး ကြုံခဲ့ရင်လည်း
ကိုယ်က ဆက်ဆက်ကူညီပါ့မယ်လို့ ကတိပေးလိုက်သင့်ပါတယ် ...
ဒီလိုလေး ပြောလိုက်ပါဗျာ ...

" I owe you!"

ကိုယ် အခြေအနေဆိုးနေတဲ့ အခါ ကိုယ့်ကို အပြည့်အဝ နားလည်ပေးခဲ့တဲ့
သူငယ်ချင်းကို ကိုယ်က ဒီလိုနားလည်ပေးတာကို
ကောင်းကောင်း သတိထားမိ ကျေးဇူးတင်မိပါတယ်လို့
ပြောချင်ရင် တော့ ဒီလိုလေး ပြောလိုက်နိုင်ပါတယ်ဗျာ ...

“Thanks for being such a dear.”


ကျေးဇူးတင်လို့ ညစာ ကျွေးချင်ရင်တော့ ဒီလိုလေး ပြောလိုက်ပါဗျာ ...
ညစာကျွေးတယ်ဆိုတာ ကောင်းကောင်း အသိအမှတ်ပြူခံရဖို့ ထိုက်တန်တယ် မလား ...

“Thanks so much for your help. Dinner’s on me tonight.”

( Reference : Education First Group )
============================
အခုလောက်ဆိုရင် တော့
ကျေးဇူးတင်ပါတယ် " Thank you" လို့
ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....
ဒီ စကားလေးတွေ သတိတရ ပြောနိုင်ဖို့ လေ့လာပြီး ဖြစ်မယ် ထင်ပါတယ်ဗျာ ...

နောက်ထပ် ကျေးဇူးတင်ဟန်လေးတွေလည်း ရှိသပေါ့ဗျာ ....

စာဖတ်သူရော ဘယ်လိုများ ကျေးဇူးတင်ကြောင်း ပြောလေ့ရှိသလဲဗျ ... ?

လေးစားလျှက်
ကိုဇင်ဇေ

( Admin at English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့ )

===
http://www.activeenglishmyanmar.com/2015/01/active-english-class.html
<<< Active English မှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ ( အနီးဆုံး )


Android ဖုန်း သုံးစွဲသူများကတော့ အောက်ပါ apk ကို
Download ချပြီး Install လုပ်ထားလိုက်ရုံနဲ့
တင်သမျှ စာတွေကို မလွတ်တမ်း ဖတ်နိုင်မှာ အသေအချာပါ ဗျာ ။
http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk
<<< Mediarfire ကနေ Download ချနိုင်တဲ့ Link ပါဗျာ


Active English သင်တန်း Page က သင်ခန်းစာတွေကို စုစည်းပေးထားတဲ့
Ebook ( pdf ) ကို အခမဲ့ ရယူချင်ရင်တော့ ဒီ Link မှာ Download လုပ်နိုင်ပါတယ် ။
http://www.mediafire.com/download/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf
<<< Mediafire မှ Download လုပ်ရန် )



Active English သင်တန်းအကြောင်း အသေးစိတ် သိလိုပါက
ဒီ လင့် ကနေ လေ့လာနိုင်ပါတယ်ဗျာ ...
>>> ( www.ActiveEnglishMyanmar.com )

Phone : 09 4311 5202 / 09 25000 5174

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...

*Unicode* ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration )

ဟိုနေ့က စာကြောင်းတွေအတွက်  အဖြေမှန် တွေ တင်ပေးလိုက်ပါတယ်ဗျာ  :) < ဒီ စကားလုံး ၃ လုံး ( Spectacular ,Destination ,Exploration ) ကို ဘယ်စာကြောင်းမှာ သုံးရမယ်ဆိုတာကို သူ့နေရာနဲ့သူ မှန်အောင် ဖြည့်ပေးရမှာပါ ။ > 1) Steve decided that Germany would be a perfect ______ for him to buy some wooden carvings. 2) NASA approved ______ of Mars to gather evidence of life and water on the planet. 3) Randy and Barbara treated themselves to a ______ vacation to Australia for their fiftieth anniversary. Answers : 1. destination. ( a perfect destination ) 2. exploration ( exploration of Mars ) 3. vacation ( a spectacular vacation ) destination : တစ်စုံ တစ်ယောက် ရဲ့ ခရီးဆုံး ပန်းတိုင် ၊ သွားရောက်ရာ နေရာ / တစ်စုံ တစ်ခုကို ပို့ဆောင် ၊ ယူဆောင်သွားခံရတဲ့ နေရာ - the place where someone is going or where something is being sent or taken: ( We arrived at our destination tired and hungry. ) ( His letter never reached its destination. ) exploration : တစ်စုံ တစ်ရာကို စူးစမ်း ရှာဖွေ ဖော်ထုတ်ခြင်း - the ...