ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အံဝင် ခွင်ကျ နှုတ်ဆက်တတ်ဖို့
English လို နှုတ်ဆက်ဟန် ( ၁၇ ) မျိုး
-------------------------------------------------
လူတစ်ယောက်ကို အခြေအနေ အချိန်အခါ နေရာဒေသ ပေါ် မူတည်ပြီး
English လို အံဝင် ခွင်ကျ ဖြစ်အောင် ဘယ်လို နှုတ်ဆက်မလဲ ?
Hello ? တို့ How are you ? တို့ကို တော့ ကြားဖူးပြီးသား ဖြစ်မှာပါ ။
ဒါပေမယ့် English ဘာသာစကား သုံးစွဲပြောဆိုသူတွေဟာ
ဒါတွေပဲ အမြဲတမ်း ပြောနေတာတော့ မဟုတ်ဘူးလေ ။
ပိုပြီး သဘာဝ ကျကျဖြစ်အောင်
ကိုယ့်ကိုယ် ကို တိတိကျကျ ဖော်ထုတ်ပြသနိုင်အောင်
တခြား အသုံးအနှုန်းတွေလည်း သုံးနိုင်ပါသေးတယ် ။
သူငယ်ချင်း မိတ်ဆွေအချင်းချင်း ပြောရာမှာပဲ ဖြစ်ဖြစ်
စီးပွါးရေး ကိစ္စ သေသေချာချာ ဆွေးနွေးဖို့ ပြောရာမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင်
အခန့်သုံး ( Formal ) နဲ့ အရပ်သုံး ( Informal ) အသုံးအနှုန်းတွေကို လေ့လာကြည့်ရအောင်ပါ ။
♦ Common English Greetings and Expressions
အသုံးများတဲ့ နှုတ်ဆက်ဟန်တွေ ( Informal / Casual )
-------------------------------------------------------------------
ဒီနှုတ်ဆက်ဟန်တွေကိုတော့ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ ၊
ပေါ့ပေါ့ပါးပါးတွေ့ဆုံရတဲ့ လူတွေနဲ့
နှုတ်ဆက်ပြောဆိုတဲ့ နေရာမှာ သုံးနိုင်မှာ ဖြစ်ပါတယ် ။
1. Hey, Hey man, or Hi
“hey” “hi” တို့ကို “hello” အစား သုံးနိုင်ပါတယ် ။
ဒီ နှစ်ခုလုံးဟာ လူငယ်တွေကြားမှာ ပို အသုံးများပါတယ် ။
“hi” ကိုတော့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ဘယ်လို အနေအထားမဆို သုံးရတာ အဆင်ပြေပြီး
“hey” ကတော့ ကိုယ်နဲ့ ရင်းနှီးပြီးသား ( အနည်းဆုံး တစ်ကြိမ် တွေ့ဖူးပြီးသား ) လူကို သုံးတာပိုကောင်းပါတယ် ။
လူစိမ်း တစ်ယောက်ကို “hey” လို့ နှုတ်ဆက်လိုက်ရင်
သူက သင့်ကို တစ်နေရာရာမှာများ တွေ့ဖူးပြီးသားလားလို့
ပြန်စဉ်းစားနေရလို့ သူ့ အတွက် စိတ်ရှုပ် စရာ ဖြစ်နိုင်ပါတယ် ။
အမျိုးသားတွေကို နှုတ်ဆက်ရာမှာ “hey” နောက်က “man” လို့ ထပ်ထည့်ရင် ထည့်နိုင်ပါသေးတယ် ။
တစ်ချို့ တစ်လေ က ခပ်ငယ်ငယ် အမျိုးသမီးတွေကို “hey man” လို့ နှုတ်ဆက်တတ်တာမျိုးလည်း ရှိပါတယ် ။
ဒါပေမယ့် သင့် အနေနဲ့ ဆိုရင်တော့ အဲဒီ နှုတ်ဆက်ခံရမယ့် အမျိုးသမီးက သင်နဲ့ အတော်လေးကို ရင်းနှီးမှ သုံးသင့်ပါတယ် ။
( သတိထားပြီး သုံးစွဲစေချင်ပါတယ် )
တစ်ခါတလေမှာ “hey” ဆိုတာ “hello” ( နှုတ်ဆက်တာ ) လို့ အဓိပ္ပာယ် ကောက်လို့ မရဘဲ
လူတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရဖို့ လှမ်းခေါ်လိုက်တာမျိုးမှာလည်း သုံးနိုင်ပါတယ် ။
2. How’s it going? or How are you doing?
ဒါတွေဟာ “how are you?” ကိုပဲ ပေါ့ပေါ့ပါးပါးဟန်လေးနဲ့ မေးတာပါ ။
ကိုယ်က တကယ့်ကို ယဉ်ယဉ်ကျေးကျေးလေး ဆက်ဆံချင်ရင်တော့ “how are you?” ပဲ သုံးပါ ။
အဲလောက်ကြီး ယဉ်ကျေးနေဖို့ မလိုတဲ့အခါ မျိုးမှာတော့
How’s it going? or How are you doing? တို့ကို ဘယ်သူနဲ့ မဆို သုံးနိုင်ပါတယ် ။
သူတို့ ပြောတဲ့အခါ “going” ကို အသံလျှော့ပြီး ပြောလေ့ရှိကြလို့
ကိုယ့်နားထဲမှာ “go-in” လို့ ကြားရတာမျိုး ဖြစ်လေ့ရှိပါတယ် ။
ကိုယ့်ကိုယ် အဲလို နှုတ်ဆက်လာရင် “it’s going well” or “I’m doing well” တို့ကို
မေးခွန်းအပေါ်မူတည်ပြီး ပြန်ဖြေလို့ရပါတယ် ။
( How’s it going? <<< “it’s going well”
How are you doing? <<< “I’m doing well” )
Grammar နည်း အရ မှန်တယ်လို့ မဆိုနိုင်ပေမယ့်လည်း
လူအများစုက “good” လို့ ပြန်ဖြေလေ့ရှိတော့
သင်လည်း အဲလို ပြန်ဖြေနိုင်ပါတယ် ။
“how are you?” ကို ပြန်တုံ့ပြန်ရာမှာ
ကိုယ့် အဖြေ ( fine , pretty good စတာတွေကို ) ဖြေပြီးရင်
“and you?” လို့ ပြန်မေးတာမျိုးလေ ... :)
Grammar နည်း အရ အပြည့်အစုံမမှန်ပေမယ့် တွင်တွင်ကျယ်ကျယ်ကြီးကို သုံးနေကြတော့
ကိုယ်လည်း လိုက်သုံး လို့ရပါတယ် ။
3. What’s up?, What’s new?, or What’s going on?
ဒါတွေဟာလည်း “how are you?” ကို ပေါ့ပေါ့ပါးပါး ဟန်နဲ့ နှုတ်ဆက်တာမျိုးပါပဲ ။
ကိုယ် တွေ့ဖူးပြီးသား လူတွေကို သာ သုံးရပါတယ် ။
လူအများစုကတော့ “nothing” or “not much” လို့ ဖြေကြပါတယ် ။
တကယ်လို့ကိုယ်က အလာပ သလာပ ပြောချင်ရင်တော့
ကိုယ့် လက်ရှိ အခြေအနေလေးတွေ နည်းနည်း ပြောပြလိုက်ပြီး
“what about you?” လို့ ပြန်မေးရင်း စကားစမြည် ဆက်ပြောသွားလို့ရပါတယ် ။
4. How’s everything ?, How are things?, or How’s life?
ဒါတွေလည်း “how are you?” အစားထိုး သုံးလေ့ရှိတဲ့ နှုတ်ဆက်ဟန်တွေပါပဲ ။
လူတိုင်းကို နှုတ်ဆက်လို့ရပေမယ့် ကိုယ်နဲ့ သိပြီးသားလူတွေကို နှုတ်ဆက်ရာမှာတော့ ပိုပြီး အသုံးများပါတယ် ။
ပြန်ဖြေရာမှာတော့ “good” or “not bad” စတာတွေကို သုံးနိုင်ပါတယ် ။
အလာပ သလာပ ပြောချင်ရင်တော့
ကိုယ့်အကြောင်း စိတ်ဝင်စားစရာတစ်ခုခု ကို သူ့ကိုပြောပြရင်း
သူ့ကိုလည်း “what about you?” လို့ ပြန်မေးလို့ရပါတယ် ။
5. How’s your day? or How’s your day going?
ဒီမေးခွန်းတွေကတော့ “how are you?” လို့ မေးတာဖြစ်ပေမယ့်
အခုလက်ရှိကာလလေးကိုပဲ ရည်ရွယ်ပြီး မေးတာမျိုးမဟုတ်ပါဘူး ။
တစ်နေ့တာလုံး နေကောင်းရဲ့လား ? ကျန်းမာရဲ့လား ? ဘယ်လို လဲ ? ဆိုတာကို ရည်ရွယ်ပြီး မေးတာပါ ။
စာဖတ်သူ အနေနဲ့တော့ ဒီလို နှုတ်ဆက်ဟန်မျိုးကို နေ့လည် / ညနေ / ညပိုင်း တွေ မှာ
ကိုယ် တွေ့နေကျ လူ တစ်ယောက်ကို နှုတ်ဆက်ဖို့အတွက် သုံးနိုင်ပါတယ် ။
နေ့လည်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ယောက်ကို နှုတ်ဆက်တဲ့အခါမျိုးမှာ ဖြစ်ဖြစ်
ညနေခင်းတိုင်းမှာ ဈေးဝယ်လေ့ရှိတဲ့ ဆိုင်က အရောင်းစာရေးမလေးတစ်ယောက်ကို ဖြစ်ဖြစ်
How’s your day? or How’s your day going? လို့ နှုတ်ဆက်လို့ ရပါတယ် ။
သဒ္ဒါ နည်း အရဖြေမယ်ဆိုရင်တော့ “It’s going well” ပေါ့ ...
ဒါပေမယ့် တစ်ချို့က “fine”, “good” or “alright” ... ဖြေတာလည်း ရှိပါတယ် ။
( စကားစပ်မိလို့ ပြောရရင် “good”, “fine” or “not bad” ...တို့ ဟာ
နှုတ်ခွန်းဆက်မေးခွန်းတွေအများစုကိုပြန်ဖြေဖို့ အတော်လေးအဆင်ပြေပါတယ် ။ )
6. Good to see you or Nice to see you
ဒီ နှုတ်ဆက်ဟန်တွေကိုတော့ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့
မတွေ့တာကြာပြီဖြစ်တဲ့ မိသားစုဝင်တွေကို နှုတ်ဆက်ရာမှာ သုံးနိုင်ပါတယ် ။
မတွေ့တာ ကြာတဲ့ သူငယ်ချင်း အချင်းချင်းဆိုရင် အဲလို နှုတ်ဆက်ရင်း
အချင်းချင်း ပွေ့ဖက် ကြလေ့ ရှိပါတယ် ။
ဒါကြောင့် စာဖတ်သူ အနေနဲ့လည်း ဒီ နှုတ်ဆက်ဟန်တွေကို
ကိုယ်နဲ့ တစ်ဖက်လူရဲ့ ရင်းနှီးမှု အတိုင်းအတာပေါ်မှာ မူတည်ပြီး
ပွေ့ဖက်တာ ဖြစ်ဖြစ် / လက်ဆွဲနှုတ်ဆက်တာ ဖြစ်ဖြစ် လုပ်ရင်း သုံးနိုင်ပါတယ် ။
7. Long time no see or It’s been a while
တစ်စုံတစ်ယောက်ကို အချိန်အကြာပြီး မတွေ့ဖြစ်ပဲ
အခုမှ မမျှော်လင့်ထားဘဲ ပြန်တွေ့တဲ့အခါမျိုးမှ ဒီလိုမျိုး နှုတ်ဆက်ကြလေ့ရှိပါတယ် ။
"အချိန်အကြာပြီး" ဆိုတာကတော့ ဘယ်လောက် ရယ်လို့ အတိအကျ သတ်သတ်မှတ်မှတ်မရှိလှပါဘူး ။
အဆင်ပြေသလို ချင့်ချိန်သုံးနိုင်ပါတယ် ။
နောက်ဆက်တွဲ အနေနဲ့တော့ အောက်ပါ မေးခွန်းလေးတွေ ဆက်ပြီး မေးလေ့ရှိကြပါတယ် ။
“how are you”, “how have you been?” or “what’s new?
===
♦ Business Greetings and Formal Greetings
စီးပွားရေး ကိစ္စ / အလုပ်ကိစ္စ / အခန့်သုံး နှုတ်ဆက်ဟန်တွေ
------------------------------------------------------------------------
စီးပွားရေး ကိစ္စ / အလုပ်ကိစ္စ တွေမှာ
အခန့်သုံး နှုတ်ဆက်ဟန်တွေ (formal) တွေ နဲ့ စတာအကောင်းဆုံးပါပဲ ။
ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ စီးပွားဖက်တွေ
ဘယ်လို ကိုယ့်ကို နှုတ်ဆက်သလဲ ဆိုတာကို နားထောင်ကြည့်ပါ ။
ကိုယ်က တစ်ယောက်ယောက်ကို ပေါ့ပေါ့ပါးပါးဟန် ( casual ) နဲ့ စကားမပြောခင်မှာ
သူ့က ကိုယ့်ကို အဲလို ပြောလာဖို့ကို စောင့်လိုက်တာက ပိုပြီး သင့်တော်ပါတယ် ။
ကိုယ်နဲ့ ရင်းနှီးလာတာနဲ့ အမျှ သူတို့ဟာ ကိုယ့်ကို
အခန့်သုံး နှုတ်ဆက်ဟန်တွေ နဲ့ မဟုတ်တော့ဘဲ
ပေါ့ပေါ့ပါးပါးဟန် နဲ့ ပြောဆိုဆက်ဆံလာကြတာကို တွေ့ရမှာပါ ။
အခန့်သုံး နှုတ်ဆက်ဟန်တွေကို ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေနဲ့
တွေ့ရာမှာလည်း သုံးနိုင်ပါတယ် ။
8. Good morning, Good afternoon, or Good evening
နှုတ်ဆက်တဲ့ အချိန်ပေါ်မှာ မူတည်ပြီးတော့ အထက်ပါစကားတွေကို
“hello”အစား သုံးစွဲနိုင်ပါတယ် ။
“good night” ကိုတော့ ခွဲခွာဖို့ နှုတ်ဆက်ရာမှာပဲ သုံးတယ်ဆိုတာ သတိထားပေးပါ ။
အဲဒီတော့ လူတစ်ယောက်ကို ညဘက်တွေ့ရင်လည်း
“good night” ထက်စာရင် “good evening” ပဲသုံးလိုက် ပါ ။
Good morning အစား “morning” လို့ သုံးလိုက်ရင်တော့ ပေါ့ပေါ့ပါးပါးဟန် (casual/informal) ဖြစ်သွားတာပေါ့ ။
“afternoon” or “evening” တို့ ကို ပေါ့ပေါ့ပါးပါးသုံးတာမျိုးလည်း ရှိပေမယ့် အသုံးတော့ နည်းပါတယ် ။
9. It’s nice to meet you or Pleased to meet you
ဒီဟန်တွေကတော့ အခန့်သုံးပါ ။ ယဉ်ကျေးပါတယ် ။
လူတစ်ယောက်နဲ့ ပထမဆုံး စတွေတဲ့အခါမှာ ဒီလို နှုတ်ဆက်ရင်
သင်ဟာ ယဉ်ကျေးဖွယ် လေးစားဖွယ် လူတစ်ယောက် အဖြစ် သတ်မှတ်ခံရမှာပါ ။
သတိထားဖို့က ဒီ နှုတ်ဆက်ဟန်တွေကို လူတစ်ယောက်ကို ပထမဆုံး စတွေ့တဲ့အခါမှာပါ သုံးပါ ။
နောက် တစ်ခါ ထပ်တွေ့ရင်တော့ “it’s nice to see you again” လို့
"again”ထည့်ပြောပြီး သင်ဟာ သူ့ကို ကောင်းကောင်းမှတ်မိကြောင်း ပြသမှ ပိုသင့်တော်ပါလိမ့်မယ် ။
10. How have you been?
ဒီမေးခွန်းကိုတော့ တွေ့ဖူးပြီးသားလူကိုပဲ မေးရမှာပါ ။
မတွေ့တာကြာပြီးမှ ပြန်တွေ့တဲ့အခါမျိုးမှာ သုံးနိုင်ပါတယ် ။
တစ်ယောက်ယောက်က ကိုယ့်ကို အဲလို မေးလာတယ်ဆိုရင်
သူဟာ သင့်တို့ ၂ ယောက် နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ကနေစပြီး
အခု လက်ရှိအချိန်အထိ ကျန်းကျန်းမာမာရှိရဲ့လား ? အခြေအနေကောင်းရဲ့လား ? လို့ သိချင်တာပါ ။
fine , great , pretty good ... စတာတွေ ပြန်ဖြေပေးလို့ရပါတယ် ။
( သူက Present Perfect သုံးပြီးမေးပေမယ့် ကိုယ်က အဲဒီ Tense သုံးပြီး ပြန်မဖြေလည်း ရပါတယ် ။ )
11. How do you do?
ဒီ နှုတ်ဆက်ဟန်ကတော့ အရမ်းအရမ်းကို အခန့်သုံး ( formal ) ဖြစ်လွန်းပါတယ် ။
အတွေ့ရလည်း အတော်ကြီး နည်းသွားပြီ ။
ဒါပေမယ့် လူကြီးပိုင်း တစ်ချို့ကတော့ သုံးနေကြဆဲပါပဲ ။
“I’m doing well” လို့ ပြန်ဖြေလို့ ရသလို
“how do you do?” ဆိုတဲ့ တုံ့ပြန်မေးခွန်းကိုပဲ အဖြေလို သဘောထားပြီး ပြန်ပြောလို့ လည်း ရပါတယ် ။
ဒုတိယဟန် ( “how do you do?” ပြန်မေးတာကို ပိုအသုံးများပါတယ် ။ )
===
♦ Slang English Greetings
ခပ်ကြမ်းကြမ်း နှုတ်ဆက်ဟန်လေးတွေ
----------------------------------------------
ဒီဟန်တွေကတော့ အရမ်းကို ပေါ့ပေါ့ပါးပါး ဟန် ဖြစ်လွန်းပါတယ် ။
( ပေါ့ပျက်ပျက် လို့ဆိုချင် ဆိုလို့ ရနိုင်ပါတယ် ။ )
ကိုယ်နဲ့ အတော်လေးကို ရင်းနှီးပြီးသူ တွေ /
ပြောမနာဆိုမနာတွေကို သာ နှုတ်ဆက်သင့်ပါတယ် ။
သတိထားရမှာ တစ်ခုက Slang အများစုဟာ ဒေသ အပေါ်မူတည် ပြီး သုံးရပါတယ် ။
America မှာ Australian slang တစ်ခုကို သုံးရင် ကြောင်တောင်တောင် ကြီးပေါ့ ။
သင် လက်ရှိရောက်နေတဲ့ ဒေသ ရဲ့ slangs တွေကို လေ့လာထားဖို့ လိုပါတယ် ။
အောက်ပါ ဥပမာ slangs တွေကတော့ အစပျိုးပေးလိုက်တာ ပါပဲ ။
12. Yo!
ဒါ ကတော့ America မှာ သုံးလေ့ရှိတဲ့ အတော်လေး ပေါ့ပါးတဲ့ နှုတ်ဆက်ဟန်ပါ ။
၁၉၉၀ နောက်ပိုင်း ဟစ်ဟော့ အသုံးတွေကနေ ပေါ်ပေါက်လာပြီး
ဒီနေ့ ခေတ်မှာတော့ ပျော်စရာ ဟာသ တစ်ခုလို အသုံးများကြပါတယ် ။
အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ နဲ့ပဲ အသုံးပြုသင့်ပြီး
အလုပ် ကိစ္စ / စီးပွားရေး ကိစ္စတွေမှာတော့ ယောင်လို့တောင် မသုံးလိုက်ပါနဲ့ဗျာ ။
13. Are you OK?, You alright?, or Alright mate?
ဒါတွေကတော့ “hello” and “how are you” တို့ အစား Britain မှာ
သုံးလေ့ရှိတဲ့ နှုတ်ဆက်ဟန်လေးတွေပါ ။
“yeah, fine”, “alright”... စသဖြင့် ပြန်ဖြေပေးလိုက်နိုင်ပါတယ် ။
14. Howdy!
ဒါကတော့ “how do you do?” ကို အသားကုန် ချုံ့ပြောလိုက်တာပါပဲ ... :D
Canada နဲ့ , the U.S ရဲ့ တစ်ချို့ နယ်တွေမှာ တွေ့ရလေ့ရှိပါတယ် ။
သတိထားပါ ။
ဒီဒေသတွေ မဟုတ်တဲ့နေရာမှာ ပြောမိရင်
သင့်ပြောဟန် ( Howdy! ) က နွားကျောင်းသား တစ်ယောက် နဲ့ တူနေလို့
ရယ်ပွဲဖွဲ့ ခံရဖို့ ရှိပါတယ် ... :D
15. Sup? or Whazzup?
“what’s up?” ကို ချုံ့ပြီး ပြောကြတာပါ ။ ဆယ်ကျော်သက်တွေ ကြားမှာ အသုံးများပါတယ် ။
“what’s up?” ကို ပြန်ဖြေသလိုပဲ “nothing” , “not much” စတာတွေ ပြန်ဖြေနိုင်ပါတယ် ။
16. G’day mate!
Australian တွေက “good day” ကို အတိုချုံ့ပြီး ပြောကြတဲ့ ဟန် ဖြစ်ပါတယ် ။
Australian တွေဟာ “you” အစား “ya” လို့ သုံးတတ်တာလည်း သတိထားပေးပါ ။
“how are you?”, “how are ya going?” စတာတွေဟာ
“how’s it going?” or “how are you doing?” တို့ နဲ့ တူတူပါပဲ ။
17. Hiya!
“how are you?” ရဲ့ အတိုကောက် ဖြစ်တဲ့ ဒီဟန်ကိုတော့
England ရဲ့ တစ်ချို့ နယ်တွေမှာ သုံးပါတယ် ။
အဲဒီ မေးခွန်းကို ပြန်အဖြေမပေးဘဲ
“hey!” လို့ ပြန်ပြောလိုက်ရင် ရပါပြီ ။
ကဲ ...
၁ ကနေ ၁၇ အထိ အမျိုးမျိုး သော နှုတ်ဆက်ဟန်တွေကို လေ့လာရတာ
နှစ်သက် အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။
ကျွန်တော် ပြန်စုစည်းပေးပါ့မယ် ...
Common English Greetings and Expressions
1. Hey, Hey man, or Hi
2. How’s it going? or How are you doing?
3. What’s up?, What’s new?, or What’s going on?
4. How’s everything ?, How are things?, or How’s life?
5. How’s your day? or How’s your day going?
6. Good to see you or Nice to see you
7. Long time no see or It’s been a while
Business Greetings and Formal Greetings
8. Good morning, Good afternoon, or Good evening
9. It’s nice to meet you or Pleased to meet you
10. How have you been?
11. How do you do?
Slang English Greetings
12. Yo!
13. Are you OK?, You alright?, or Alright mate?
14. Howdy!
15. Sup? or Whazzup?
16. G’day mate!
17. Hiya!
:)
ကဲ အခုလောက် ဆိုရင်တော့ အတော်လေး အဆင်ပြေသွားမယ် ထင်ပါတယ် ။
မတူညီတဲ့ အခြေအနေတွေမှာ
ကွဲပြားခြားနားတဲ့ နှုတ်ဆက်ဟန်လေးတွေကို အသုံးပြုရင်း
သဘာဝကျကျ English စကား ပြောနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
အခုတော့ နှုတ်ဆက်လိုက်ပါတယ်ဗျာ ။
Bye for now ! ;)
လေးစားလျှက်
ကိုဇင်ဇေ
" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "
စာကြွင်း ။ ။
၁ ကနေ ၁၇ အထိ အကုန်လုံး မမှတ်နိုင်သေးရင်
မှတ်နိုင်သလောက်ပဲ မှတ်ပြီး
များများပြန်လေ့ကျင့်ပေး / အသုံးချပေးပါ ။
ကျွန်တော် အမြဲ ပြောနေတာတွေကို သတိရပါ ။
♦
ဘယ်လောက် အများကြီး သိလဲ ဆိုတာထက်
ဘယ်လောက် ထိထိရောက်ရောက် ပြောဆိုဆက်ဆံနိုင်သလဲ ဆိုတာကို
အာရုံစိုက်ပေးပါ ။
♦
သူများနဲ့ လိုက်မယှဉ်ပါနဲ့ ။
ကိုယ့်ကို ကိုယ် ပဲ ယှဉ်ပါ ။
♦
မရတာထက် ရတာကို ပိုပြီး အာရုံစိုက်လေ့ကျင့်ရင်း
ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်အောင်လုပ်ပါ ။
အဲလို အသုံးချနိုင်တာကနေ ရလာတဲ့
♦ စိတ်ဓာတ်ခွန်အားကို ပြန်အသုံးချပြီးမှ
မရ ခဲ့တာတွေကို ပြန်သွား လေ့လာ လေ့ကျင့်ပါ ။
ခင်ဗျား တို့ လုပ်နိုင်ပါတယ် ...
ခင်ဗျား တို့ လုပ်နိုင်ပါတယ် ...
ခင်ဗျား တို့ လုပ်နိုင်ပါတယ် ...
=============
♦
ဒီလို အလားတူ သင်ခန်းစာတွေကို မလွတ်တမ်းဖတ်နိုင်ဖို့
ဒီ Page ( www.facebook.com/MmEnglishLearning ) ကို
Like လုပ်ပြီး Get > Notification ထပ်ယူ ထားဖို့ လိုပါတယ် ။
ဖုန်းနဲ့ ဆိုရင် Like လုပ်ပြီး Follow / Save ထပ်လုပ်ထားနိုင်ပါတယ် ။
♦
Android ဖုန်း သုံးစွဲသူများကတော့ အောက်ပါ apk ကို
Download ချပြီး Install လုပ်ထားလိုက်ရုံနဲ့
တင်သမျှ စာတွေကို မလွတ်တမ်း ဖတ်နိုင်မှာ အသေအချာပါ ဗျာ ။
http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk
<<< Mediarfire ကနေ Download ချနိုင်တဲ့ Link ပါဗျာ
♦
Active English သင်တန်း Page က သင်ခန်းစာတွေကို စုစည်းပေးထားတဲ့
Ebook ( pdf ) ကို အခမဲ့ ရယူချင်ရင်တော့ ဒီ Link မှာ Download လုပ်နိုင်ပါတယ် ။
http://www.mediafire.com/download/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf
<<< Mediafire မှ Download လုပ်ရန် )
♦
သင်တန်း တက်ရောက်ဖို့ စိတ်ဝင်စားရင်တော့
Active English သင်တန်း အကြောင်းကို
ဒီ Link မှာ အသေးစိတ် သွားဖတ်ကြည့်နိုင်သလို
09 43115202 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
http://www.activeenglishmyanmar.com/2014/06/how-to-learn-english.html
ဆက်သွယ်ရန် : 09 4311 5202
အမှတ် (၁၀) ၊ (၄)လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊ ဗိုလ်စိန်မှန် ရပ်ကွက် ၊
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
< တာမွေအ၀ိုင်းမှတ်တိုင် >
♦
Active English သင်တန်း ရဲ့ Facebook Group ကို Join ချင်ရင်တော့
ဒီ link ကနေ တဆင့် Join လို့ ရပါတယ် ဗျာ ။
www.facebook.com/groups/ActiveEnglishClass
Comments
Post a Comment