Skip to main content

Test your English အစီအစဉ် - 1


Test your English ( 1 ) >>> Questions and Answers with Explanation

အောက်ပါ စာကြောင်းတွေမှာ ဘယ်စာကြောင်းတွေက မှားနေပါသလဲ...
မှားနေတဲ့ စာကြောင်း နံပါတ်များကို comment မှာ ရေးပေးခဲ့ပါ ...
ည ၉ နာရီမှာ အဖြေပြန်တင်ပေးမှာ ဖြစ်ပါတယ်...
- မှားနေတဲ့ စာကြောင်း အရေအတွက်ကတော့
( ၂ ဒါမှ မဟုတ် ၃ ) ဖြစ်ပါတယ် ...

1. Although it is late but I will still come to your house.
2. Although it is late , I will still come to your house.
3. It is late but I will still come to your house.
4. He does not write the alphabets clearly.
5. He does not write the letters of the alphabet clearly.
.
.
.
.
.
သေချာ စဉ်းစားဖြေကြည့်ပြီးမှ အဖြေနဲ့ ရှင်းလင်းချက်ကို ဆက်ပြီး
ဖတ်ကြည့်စေလိုပါတယ် ....
.
.
.
.
.
"မှားတဲ့ ဝါကျတွေကတော့ ၁ နဲ့ ၄ ဖြစ်ပါတယ်...."

ဒီ လေ့ကျင့်ခန်း ကို ၂ ပိုင်းခွဲပြီး ရှင်းပေးပါမယ်...

ပထမ တစ်ပိုင်းက အပေါ်ပိုင်း ဖြစ်တဲ့ နံပါတ် ၁ ကနေ ၃ အထိပါ ...
၁ က မှားပြီး ...
၂ နဲ့ ၃ က မှန်ပါတယ် ...
( အများစု ရွေးချယ်တာ မှန်ပါတယ် ...)
Although နဲ့ but အသုံးကို အဓိက ထားပြီး စစ်ကြည့်တာ ဖြစ်ပါတယ် ...
Although နဲ့ but ဟာ သုံးရတဲ့ ရည်ရွယ်ချက်ချင်း တူပါတယ် ...

စာကြောင်း ၁ ကြောင်းဟာ ဖတ်ရှုသူကို
မျှော်လင့်ချက် (ခန့်မှန်းချက်) တစ်ခု ဖြစ်လာစေတယ်...
ဒါပေမယ့် ဖတ်ရှုသူ ၊ နားထောင်သူ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မသွားကြောင်းကို
နောက်ထပ် စာကြောင်း တစ်ကြောင်းက ဖြည့်ပြောသွားပေးမှာ ဖြစ်ပါတယ်...

ဒီလို စာကြောင်း ၂ ကြောင်းကို ဆက်ရတဲ့ အခါ Although နဲ့ but ကို သုံးနိုင်ပါတယ် ...
ဒါပေမယ့် ဒီ ၂ ခု လုံးကို စာကြောင်း တစ်ကြောင်းထဲမှာတော့ သုံးလို့မရပါဘူး...
အဲဒီတော့ နံပါတ် ၁ က မှားနေတာ သိသာပါတယ် ...

အချို့ ၂ နဲ့ ၃ ကို အမှားလို့ ထင်တဲ့လူတွေ ရှိပါတယ် ...
"will still come" ဆိုတဲ့ အသုံးကို ဘဝင်မကျလို့နဲ့ တူပါတယ်...
သုံးလို့ရပါတယ် ...
"will still come" = " ငါ လာဖြစ်အောင်တော့ လာဦးမယ်"
ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားပါတယ် ..
"will come"ဆိုရင် " ငါ လာမယ် " ဆိုတာလောက်ပဲ အဓိပ္ပါယ် ရှိပါတယ် ...
ဒါပေမယ့် "still" ကို မြှုပ်သုံးပြီးလည်း
ကိုယ့်ဘာသာကိုယ် နားလည်ယူတာမျိုး လုပ်နိုင်ပါတယ် ..
( although ဒါမှမဟုတ် but ပါနေတာကိုး ... )

..................................

ဒုတိယ ပိုင်းကတော့ ၄ နဲ့ ၅ ပါ ။
ပါဝင်ဖြေဆိုသူ အများစု ( ကျွန်တော် လိုက်ဖတ်ကြည့်သလောက်တော့
တစ်ယောက်မှ လွဲ၍ အားလုံး )
မှားတဲ့ အပိုင်းပါ ....

"alphabet" ဆိုတာကို တကယ် နားလည် မလည်
စောင့်ဖမ်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ် ...
တကယ်တော့ alphabet ဆိုတာ a standard set of letters ပါ...
ဆိုလိုတာက a တစ်လုံးတည်း ... b တစ်လုံးတည်း စသဖြင့်ကို
alphabet လို့ ခေါ်လို့ မရပါဘူး ...
A to Z ( letters ) တွေ ရဲ့ အစု အဝေး တစ်ခု ဖြစ်ပါတယ် ...

ဂရိ Greek စကားလုံး များထဲမှ
ပထမဆုံး ၂ လုံး ဖြစ်တဲ့ ( alpha , beta )
ကို ပေါင်းစပ်ပြီး ဆင်းသက် လာခြင်း ဖြစ်ပါတယ် ...

alphabet မှာ "s" ထည့်ထားတယ် ဆိုရင်
letters ရေးသားတဲ့ စနစ်များလို့ မှတ်ယူရမှာ ဖြစ်ပါတယ် ...
( ဥပမာ ...
There are dozens of alphabets in use today and
some of them are
Greek alphabet , Latin alphabet , Arabic alphabet,
Hebrew alphabet and Syriac alphabet.)

ဒီတော့ He does not write .......... clearly.
သူ ရှင်းရှင်းလင်းလင်း မရေးတာဟာ "the alphabets"တွေ မဟုတ်ဘဲ
"the letters of the alphabet" တွေပဲ ဖြစ်ရမှာ ဖြစ်ပါတယ် ...
ဒါကြောင့် နံပါတ် ၄ က မှားပြီး ၅ က မှန်ပါတယ်...
( အတော်များများကတော့
၅ ကို အမှား
၎ ကို အမှန်လို့ ဖြေဆိုထားတာ တွေ့ရပါတယ်... )

>>>>>>>>>>>>>>>>>>.

စိတ်ဝင်တစား ပါဝင် ဖြေဆိုသွားသူများ အားလုံး ကို
ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ..

စကားချပ် အနေနဲ့ ပြောချင်တာ တစ်ခုက
English ဘာသာစကား ကို လေ့လာတဲ့ အခါမှာ
အဲလို အမှားကို စောင့်ဖမ်းတာ ၊
ရှားရှားပါးပါး စကားလုံးတွေ ဆွဲထုတ်ပြီး စစ်ဆေးတာမျိုးဟာ
အပျော် သဘော ( မိမိ ကိုယ်ကို လှုံ့ဆော်တဲ့ သဘော ) သာ ဖြစ်သင့်ပါတယ် ။

"ငါတော့ ဒါမျိုး သိတယ်ကွ..." ဆိုပြီး ရေးကြီး ခွင်ကျယ် ဂုဏ်ယူနေစရာ မလိုသလို
"ငါတော့ မသိဘူး..."ဆိုပြီး စိတ်ဓာတ်ကျစရာ ၊ အားငယ်စရာလည်း မလိုပါဘူး ။

သင့်ရဲ့ သင်ယူလေ့လာလိုစိတ်ကို တွန်းအားပေးနိုင်ဖို့ပဲ အာရုံထားရမှာ ဖြစ်ပါတယ်လို့
ကျွန်တော် ဘက်က အကြံပေးချင်ပါတယ်ဗျာ...

အမြဲ မပြတ် ထိတွေ့လေ့လာသွားစေလိုသော စေတနာဖြင့် ...

"English ဘာသာစကားက ဖွင့်ပေးလိုက်တဲ့ တံခါးတွေကို
ချောချောမွေ့မွေ့တိုးဝင်သွားနိုင်ပြီး
မိမိ လိုလားသော ဘ၀ အောင်မြင်မှူကို ရရှိပိုင်ဆိုင် နိုင်ကြပါစေဗျာ..."

လေးစားလျှက်
ကိုဇင်ဇေ
Active English on facebook
Ph : 09 4311 5202


Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your chi...

Level အဆင့်ဆင့် English Quiz (2)

Level အဆင့်ဆင့် English Quiz (2) သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ‪#‎ ကိုဇင်ဇေ‬ Active English သင်တန်း === Q-1 " ဒီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ် " ဆိုတာကို ဘယ်လိုပြောရမလဲ (A) This book is interested. (B) This book is interest. (C) This book is interesting. (D) I am interested this book. (E) This book interesting. Q-2 " ငါက စီးပွားရေး စိတ်ဝင်စားတယ် " (A) I interest in business. (B) I am interesting in business. (C) I am interested on business. (D) I interest business. (E) I am interested in business. Q-3 You really like football ! And so you can say .... (A) I passionate football. (B) I am passionate football. (C) I am passionate football. (D) I passion football. (E) None of the above ! The correct way to say is ------------ Q-4 Complete this quote. (P------) is one great force that unleashes creativity, because if you're (p---...

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ

Level အဆင့်ဆင့် English Quiz (2) အမေး / အဖြေ နှင့် ရှင်းလင်းချက်များ သက်ဆိုင်ရာ Level အလိုက် အနည်းဆုံး ၁ ကြောင်းတော့ ရအောင် ဖြေဆိုပြီး ဆက်လက်လေ့ကျင့်သွားကြပါ :) နောက်ရက်တွေမှာလည်း အဲ့လ...