1
" English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?
ကျွန်တော့်ကို မေးကြတဲ့ သင်တန်းသားတွေ ၊
မိတ်ဆွေ သူငယ်ချင်းတွေ အတော်များလို့ပါ ။
အခုတော့ အတိုချုံးပြီး ပြောပေးပါ့မယ် ။
နောက်ကျရင်တော့ အသေးစိတ် ထပ် ဆွေးနွေးပေးပါ့မယ်ဗျာ ။
-------------------
English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူးဆိုတဲ့ လူအများစုမှာ ဖြစ်တတ်တာက
ကြုံရာ ကျဘမ်း ၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာပါ ။
ကြုံတဲ့ သင်တန်းတက်တယ်
ကြုံတဲ့ စာအုပ် ၊ ဆောင်းပါး ဖတ်တယ်
စသဖြင့်ပေါ့ ....
ဒီလို ကြုံရာ လုပ်တာက
Intermediate အဆင့်လောက် ရောက်ပြီးတဲ့ လေ့လာသူတွေ အတွက်ဆို
သိပ် ပြသနာ မရှိပါ ။
အဲ အဆင့်လောက် မရောက်သေးပဲ
( ကိုယ့်ကို ကိုယ် ဘယ်အဆင့် ရောက်လို့ ရောက်နေမှန်း တောင် မသိသေးပဲ )
အဲလို ကြုံရာ လေ့လာ မိရင် တိုးတက်မှုနှုန်း နှေးတတ်ပါတယ် ။
ဒီတော့ ကိုယ့်မှာ အဲလို ပြသနာ ကြုံနေရင်
စနစ်ကျတဲ့ ပုံစံ ၊ သင်ရိုး တစ်ခု ထားပြီး လေ့လာပေးပါ ။
သင်ရိုး တစ်ခုကို စွဲပြီး လေ့လာပေးပါ ။
( Cambridge, Oxford , Longman , MacMillan တို့ရဲ့
Course/ Publication တစ်ခုခု ကို သာ ကိုင်လိုက်ပါ ။ )
ကိုယ့် တိုးတက်နှုန်းကို ကိုယ်ပြန်ပြီး သိစေမယ့်
Diary/record လို ဟာမျိုးထားပါ ။
အဲလို Diary မလုပ်နိုင်ရင်တောင်
သင်ရိုးကို ကိုယ့်ရဲ့ Checklist လိုသဘောထားပြီး
ပုံမှန် ကျေညက်အောင် လေ့လာသွားပါ ။
သူများတွေ ပြောနိုင် ၊ ရေးနိုင် နေတာတွေကို အားကျပြီး
ကိုယ့် လေ့လာလက်စကိုချ ၊
သူတို့ လုပ်နေတာတွေ လိုက်လုပ်မိတတ်တာမျိုးကို
ရပ်တန်းက ရပ်ပါ ။
ဗန်းစကားတွေ ၊ တောက်တိုမယ်ရ စကားတွေကို
ဘုမသိ ဘမသိ လိုက်လုပ်နေရင်း
ကိုယ် လေ့လာနေတဲ့ လမ်းကြောင်းကနေ
သွေဖယ်သွားတတ်လို့ပါ ။
အခုနက ကျွန်တော် ပြောခဲ့တဲ့ အဖွဲ့အစည်းတွေထဲက
တစ်ခုခုရဲ့ သင်ရိုးကိုသာ ပုံမှန်လုပ်သွားပါ ။
တဖြည်းဖြည်း အဲဒါတွေလည်း ပါ လာ မှာပါ ။
( Intermediate အဆင့် မရောက်သေးတဲ့ လူတွေ အတွက် ပြောတာနော် )
ဘာသာစကား ဆိုတာ ရေရှည်လုပ်တဲ့ လူက သာပြီးသားပါ ။
ကိုယ်က သူတို့ကို မမှီသေးဘူး ဆိုပြီး ဘယ်တော့မှ မသိမ်ငယ်ပါနဲ့ ။
အဓိက ကိုယ့် နှုန်းနဲ့ ကို မှန်မှန်လေး သွားနိုင်ဖို့ပါ ။
အရေးအကြီးဆုံး အချက်က
" လေ့လာမိပြီးသမျှကို သိရုံသက်သက် မဟုတ်ပဲ
အသုံးချနိုင်အောင် ကြိုးစားနေဖို့ပါ "
English ဘာသာစကားသင်တာ ကြွားဖို့မဟုတ်ပါဘူး ။
သုံးဖို့ပါ ။
ထပ်ပြောရရင် " အကျိုးရှိအောင် အသုံးချ ဖို့ပါ "
ဒီတော့ ယောင်ဝါးဝါးတွေ မလုပ်မိပါစေနဲ့ ။
တစ်ခုခု ကို အပိုင် ကိုင်စွဲလေ့လာပါ ။
ဒီလိုမျိုး တကယ် လုပ်သွားမယ်ဆိုရင်
၆ လ ၊ ၁ နှစ် လောက်နဲ့တောင်
သိသိသာ သာ တိုးတက်လာနိုင်ပါတယ် ။
တစ်နေ့ကို ၁/ ၂ နာရီလောက်ပဲ သေသေချာချာ လုပ်ရင်တောင်
သိသာပါတယ် ။
နောက်တစ်ခုက အရေးအကြီးဆုံးက စိတ်အားတက်ကြွမှူပါ ။
ဘာပဲ လုပ်လုပ် အဲဒါက အရေးကြီးပါတယ် ။
ကိုယ့်ကိုယ်ကို သတိထားပြီး ....
လေ့လာရာမှာ စိတ်ဓာတ်တက်ကြွစေမယ့် နည်းလမ်းတွေကို သုံးပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် သင်ရိုးတွေကို လေ့လာပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် ဆရာသမားတွေ ဆီမှာ သင်ယူပါ ။
စိတ်ဓာတ်တက်ကြွစေမယ့် လေ့ကျင့်ဖော်တွေနဲ့ လေ့ကျင့်ပါ ။
ဒါဆို ကိုယ်က မတိုးတက်ချင်ပါဘူး ။
အပျော် လုပ်တာပါ ဆိုရင်တောင် မနေပါဘူးဗျာ ။
မုချ မလွဲ တိုးတက်လာပါလိမ့်မယ် ။
ကျန်တာတွေတော့ နောင်မှ ဆက်ပြောပေးပါ့မယ်ဗျာ ။
အခု ပြောသွားတာလေးတွေကိုတော့
ကိုယ့်မှာလည်း ဒီလို ပြသနာ ရှိနေတယ်ဆိုရင်
ဖတ်ပြီး မေ့မပစ်လိုက်ပဲ .....
.....အခုပဲ စလုပ် ကြည့်ကြပါစို့ဗျာ ။
လေးစားလျှက်
ကိုဇင်ဇေ
=============================
2
English ဘာသာစကား ဆောင်းပါးများ သင်ခန်းစာများ ဖတ်ရှူရင်း
English ဘာသာစကားကို ထိတွေ့မှု မပြတ်စေဘဲ
အမြဲ လေ့လာလိုသူများ အတွက်
Android App ကို ဒီ link ကနေ download ရယူနိုင်ပါတယ် ။
>>> ( http://goo.gl/08OFv9 )
======================
3
English ဘာသာစကား လေ့လာလိုသူ လေ့လာနေသူများအတွက်
အထောက်အကူပြုစေမယ့် Ebook တစ် အုပ် ကို
Active English ( Active Learning Society )သင်တန်းမှ စီစဉ် မျှဝေပေးလိုက်ပါတယ် ...
ဒီ လင့် တွေကနေ ရယူဖတ်ရှုနိုင်ပါတယ် ။
http://www.mediafire.com/view/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf
<<< Mediafire မှ Download လုပ်ရန် )
http://goo.gl/gJJpPr <<< Google Drive မှ ဖတ် ရန် / Download လုပ်ရန် )
=========================
4
သင်တန်းသားများ အဆင်ပြေစေဖို့ ၁၀၀% အာမခံပေးတဲ့
Active English (Interactive English Classes)
=============================
English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...
"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."
အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ
၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန်
သင်ကြားပေးနေပါပြီ ...
“မိမိနှင့်ကိုက်ညီသည့် သင်ကြားပုံ ဟုတ်မဟုတ်
သေချာ လာရောက်ဆွေးနွေးနိုင်သည် ။
သင်ကြားမှူ ပုံစံနဲ့ မိမိရဲ့ တိုးတက်မှူ အပေါ် စိတ်တိုင်းကျ ကျေနပ်မှူ မရှိရင်
တစ်ပတ် အတွင်း သင်တန်းကြေး (၁၀၀) ရာခိုင်နှုန်း ပြန်အမ်းပေးသွားပါ့မယ် ။
- ကျွန်တော် သင်တန်းသားတွေကို ကိုယ်ချင်းစာလို့ ဒီ အစီအစဉ်ကို ထည့်ပေးတာပါ ။
စာတတ် ၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး ။
စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး ။
ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား ကိုယ်နဲ့ပိုအဆင်ပြေတဲ့ ဆရာရှာနိုင်ဖို့
ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ ။
- တန်းခွဲ တစ်ခုမှာ လူဦးရေ (၁၀ - ၁၂)ယောက် အထိပဲ လက်ခံပါတယ် ။
- အသစ် ဝင်လာတဲ့ ကျောင်းသားတွေကို အဟောင်းတွေနဲ့ ရောသင်တာမျိုး
ကျွန်တော်တို့ သင်တန်းမှာ လုံးဝမရှိပါဘူး ။
- သင်တန်းကြေးကတော့ Level တစ်ခု ၄ သောင်း ကျပ် ဖြစ်ပြီး
Level ၃ ခု အဓိက ထား ဖွင့်လှစ်ပေးထားပါတယ် ...
- သင်တန်းချိန်တွေကတော့
Monday to Thursday >
( 7:00 - 8:30 AM ) / ( 9:30 to 11:00 AM ) / ( 6:30 - 8:00 PM )
Saturday & Sunday >
( 7:00 - 8:30 AM ) / ( 10:00 - 12:00 Noon )
( 2:00 - 4:00 PM ) / ( 4:00 - 6:00 PM ) / ( 6:30 - 8:00 PM )
================
လေးစားလျှက်
ကိုဇင်ဇေ
( Founder & Trainer @ Active English )
( 09 4311 5202 )
www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။
ဆက်သွယ်ရန် : 09 4311 5202
အမှတ် (၁၀) ၊ (၄)လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊ ဗိုလ်စိန်မှန် ရပ်ကွက် ၊
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
< တာမွေအ၀ိုင်းမှတ်တိုင် >
==============
5
Active English သင်တန်းအကြောင်း အသေးစိတ် သိလိုပါက
ဒီ လင့် ကနေ လေ့လာနိုင်ပါတယ်ဗျာ ...
>>> ( http://goo.gl/RyJHCu )
( ဖွင့်လှစ်ဆဲ နဲ့ အသင့်ဖွင့်လှစ်မယ့် အချိန်ဇယားတွေလည်း
အထက်ပါ လင့်မှာ ပုံနဲ့ သေချာ တင်ပေးထားပါတယ် )
Active English သင်တန်းနဲ့ ပတ်သက်ပြီး
မေးမြန်းစုံစမ်းလေ့ရှိတာလေးတွေ
စုပြီး ဖြေပေးထားတာပါ ။
>>>( http://goo.gl/idBc9T )
=====================
သေသေချာချာ ဖတ်ရှူ အားပေးသွားတဲ့ အတွက်
ကျေးဇူး အထူးတင်မိပါတယ် ခင်ဗျာ ...
လိုအပ်မယ့် မိတ်ဆွေ သူငယ်ချင်းများ အတွက်လည်း
လက်ဆင့်ကမ်း မျှဝေ Share ပေးနိုင်ပါတယ် ...
လေးစားလျှက်
ကိုဇင်ဇေ
www.facebook.com/MmEnglishLearning
www.ActiveEnglishMyanmar.com
Comments
Post a Comment