Skip to main content

Posts

ဘယ်တော့မှ နောက်မကျသေးပါဘူး...

ပန်းတိုင် အသစ် တစ်ခု တည်ဆောက်ဖို့... အိပ်မက်သစ် တစ်ခု ထပ်မက်ဖို့ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘဝမှာ ငြီးငွေ့စရာတွေ များလာရင်... ဘာလို့ အရာအားလုံးကို အစကနေ ပြန်မစရဲရမှာလဲ.... လက်ရှိ ဘဝရဲ့ ရှင်သန်နေထိုင်မှုမှာ မပျော်တော့ရင် ... ဘာကြောင့် နောက်ထပ် ကိုယ် ပျော်ရွှင်နိုင်မယ့်... ဘဝသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ဖို့ ... နောက်တွန့်နေမှာလဲ...? အခုပဲ စလိုက်ပါ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘယ်တော့မှ နောက်မကျသေးပါဘူး... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ ....

ဘဝမှာ နောက်ဆုံးအချိန် နား နီးလာရင် ... ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ကျန်ရစ်သူတွေ အတွက် ကိုယ်နဲ့ ပက်သတ်လို့ ဘာတွေ ချန်ထားခဲ့ချင်လဲ.... နောင် ၁၀ နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ငွေကြေး စီးပွါးရေး အရ ... လူမှုရေး အရ... ဘဝလူနေမှု ပုံစံ အရ.... ၅ နှစ်မှာ ရော ဘယ်လို မြင်ချင်လဲ.... ဒီ ၅ နှစ် ၁၀ နှစ် ပန်းတိုင်တွေ အတွက် ဘယ်လို စီမံကိန်းတွေချပြီး သွားနေလဲ... ၁ နှစ်မှာ ၆ လမှာ ဘာဖြစ်အောင် လုပ်မှာလဲ... နောင်လ ....မနက်ဖြန် ရော ....ဘာတွေ လက်တွေ့ အကောင် အထည် ဖော် လုပ်မှာလဲ... မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ .... တစ်နေ့ တစ်လှမ်းတော့ အနည်းဆုံး ရောက်အောင် လှမ်းပါ.... မနေ့ကထက်တော့ ပို ပိုနီးလာမှာ... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မပြောင်းလဲနိုင်ပေမယ့် ... ပြောင်းလဲနိုင်ပါတယ်

ငါတို့ လုပ်သမျှဘယ် အရာကမှ အတိတ်ကို မပြောင်းလဲနိုင်ပေမယ့် .... ငါတို့ လုပ်သမျှ အရာရာတိုင်းကတော့ အနာဂတ်ကို ပြောင်းလဲစေနိုင်ပါတယ်..... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page Mail and encourage author   Author on Facebook  

ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ....

ရှုံးနိမ့်ခြင်းဟာ သင်ခန်းစာ ယူဖို့ အခွင့် အရေး ဖြစ်ပြီးတော့ .... သင်ခန်းစာ ရခြင်းဟာ အောင်မြင်ဖို့ အခွင့် အရေး ဖြစ်တာမှို့ .... ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ.... Please support us by liking and sharing our page Mail and encourage author   Author on Facebook  

သင့်အနားမှာ ရှိသူတွေ

သင့် အနားမှာ အိပ်မက်သာ မက်တတ်သူတွေ ရှိသလို တကယ် လက်တွေ့ ထလုပ်သူတွေလည်း ဝန်းရံနေပါစေ... ယုံကြည်သူတွေရှိသလို တွေးထင်သူတွေလည်း ရှိနေပါစေ... အားလုံးထဲမှာ အရှိသင့်ဆုံးလူတွေကတော့ ... သင့် အတွင်းထဲက မြင့်မြတ်ကြီးကျယ်မှူတွေကို သင်ကိုယ်တိုင် မမြင်နိုင်ရင်တောင်... မြင်ပေးနေကြတဲ့ သူတွေပါ... ( အပြုသဘောဆောင်သော အသိုင်းအဝန်း တစ်ခုဖြစ်လာအောင် အတူတကွ ကြိုးစားသွားကြရအောင်... ) ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page Mail and encourage author   Author on Facebook  

ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ…

သဘောင်္တစ်စီးဟာ ဆိပ်ကမ်းမှာ ရှိနေမယ်ဆိုရင် ဘေးကင်း လုံခြုံနေမှာပဲ... ဒါပေမယ် သဘောင်္ဆိုတာ ဒီအတွက် တည်ဆောက်ထားတာမဟုတ်ဘူးလေ... ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝဆိုတာလည်း ရင်ခုန်စွန့်စားမှုတွေ ရှာဖွေမှုတွေနဲ့ ရှင်သန်နေရမှာပဲပေါ့... ဘာကြောင့် ရပ်မြဲ ရပ်နေကြမှာလဲ... ကို ဇင်ဇေ join our group on facebook   zinzae on gmail   zinzae on facebook  

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ

ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ ဘာလို အပ်ပါသလဲ ? အခု သင်ရရှိနေတဲ့ ဘဝနေမှု ပုံစံဟာ  လွန်ခဲ့တဲ့ ငါးနှစ်လုံး သင်တွေးခေါ်လာတဲ့ အတွေးအခေါ်တွေရဲ့ ရလာဒ် ဖြစ်မှာပါ  ဒါကြောင့် လက်ရှိ အခြေအနေထက် ပိုမို သာလွန်ကောင်းမွန်တဲ့ ဘဝ တစ်ခု ရလိုတယ် ဆိုရင်  သင့်ရဲ့ လက်ရှိ အတွေးအခေါ်တွေကို သေချာ ဆန်းစစ်ပြီး  ပြောင်းသင့်တာတွေကို ရဲရဲရင့်ရင့် ပြောင်းပစ်နိုင်ဖို့လိုပါလိမ့်မယ်  အရေးအကြီးဆုံးက အတွေးအခေါ်ပါ.....  ပညာရှင်တစ်ယောက်က ပြောဖူးတယ်...  " မင်း လုပ်နိုင်မယ် ထင်သလား မလုပ်နိုင်ဘူး ထင်သလား မင်း ထင်တာ မှန်ပါလိမ့်မယ် " တဲ့  Robert ကလည်း ပြောဖူးတယ် " ငွေရှာလို့ ခက်လှပါတယ် ဆိုတဲ့ လောကကြီးရှိတယ်တဲ့  ဒါပေမဲ့ ငွေရှာလို့ လွယ်သွားပါပြီဆိုတဲ့ လောကကြီးကိုလည်း မြင်အောင် ကြည့်တတ်ဖို့ လိုတယ်တဲ့ " အခွင့်အလမ်းတွေဆိုတာကလည်း ရှာနေတဲ့လူတွေဆီကို ရောက်လာတတ်ပါတယ်တဲ့...  ဒါပေမဲ့ ရောက်လာတဲ့ အခွင့်အလမ်းကိုပဲ ....  အခွင့်အလမ်းလို့ မြင်တတ်တဲ့လူနဲ့  အခက်အခဲလို့ မြင်တတ်တဲ့ အမြင်တွေ ကွဲပြားသွားတာကြောင့်  ဆင်းရဲ ချမ်းသာတွေ ဆက်ပြီး ကွာဟနေဦးမှာပဲတဲ့.... Keep on Trying ! ...