Which one is correct ? Cathrine Zeta-Jones is married (-----) Michael Douglas. A. with B. to အဖြေမှန် နဲ့ ရှင်းလင်းချက် ကို အောက်မှာ ကြည့်နိုင်ပါတယ် ။ . . . . . . . . . အဖြေမှန်က တော့ B. " to " ပါ ။ လူ တစ်ယောက် ဟာ တစ်စုံ တစ်ယောက် နဲ့ လက်ထပ်ထားတယ် လို့ ပြောချင်ရင် " V-be + married + to " ဆိုတဲ့ Pattern ကို သုံးရမှာ ဖြစ်ပါတယ် ။ Example : She's married to John. သူမ က ဂျွန် နဲ့ လက်ထပ်ထားတာ ။ မှတ်ချက် ။ Level မြင့်တဲ့လူတွေ အနေနဲ့တော့ "V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ဆိုတာလေး ကိုယ့်ဘာသာကိုယ် လေ့လာကြည့်စေချင်ပါတယ် ။ :) ဒီမှာ ကျွန်တော် ရှင်းပြပေးထားပါတယ် ။ စိတ်ဝင်စားရင် သွားဖတ်ကြည့်ပါဗျာ ။ ♦ get married to (someone) ကို လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်းကို စိတ်ကူးပြီး ပြောတဲ့ နေရာမှာ သုံးပါတယ် ။ be married (to someone) ကတော့ လက်ထပ်ထားတယ်လို့ ပြောချင်တဲ့ ( ဖြစ်/ရှိနေမှု ပြတဲ့ သဘော - State ) အနေနဲ့ သုံးပါတယ် ။ လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်း စတာတွေ နဲ့ မသက်ဆိုင်ပဲ သူနဲ့ ဘယ်သူ လက်ထပ်ထားတယ်လို့ အဓိက ပြောချင်...