Skip to main content

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်



အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့
ဆုံးဖြတ်ပြီးပြီဆိုရင်
👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး
လေ့လာလေ့ကျင့်မယ်
👉 အင်္ဂလိပ် ဘာသာစကားနဲ့
ထိတွေ့အောင် ကြိုးစားနေမယ် လို့
ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ???
:)


♦️
ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့
လေ့လာလေ့ကျင့်ချိန် - နာရီဝက်
ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။

ပို ကြိုးစားချင်တဲ့လူကတော့
လေ့လာလေ့ကျင့်ချိန် - ၁ နာရီ
ထိတွေ့ချိန် - ၃ နာရီပါ ။

♦️
တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင်
ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက်
ရေရှည် လုပ်သွားဖို့ အဓိကပါ ။

👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို
ကိုယ် စ သတိထားမိလာမယ် ။
👉 ၆ လ - ၉ လ လောက်ဆို
ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။
👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ
အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။

 👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို
ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့
ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ
ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် )

👉 ၅ နှစ် ကနေ ၈ နှစ်ဆို
ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။
ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်လည်း စိတ်ချ ယုံကြည်မှု
အတန်အသင့် ရှိလာပြီပေါ့ )


♦️
ကြာမယ့် အချိန်တွေကို ကြည့်ပြီး ရင်မောသွားရင်
ရလာမယ့် အကျိုး ကျေးဇူးတွေကို ပြန်ကြည့်ပေါ့ဗျာ ။

အသက်မွေး ဝမ်းကျောင်းချင်းတူရင်တောင်
အင်္ဂလိပ်စာ မကောင်းတဲ့ လူနဲ့
အင်္ဂလိပ်စာ ကောင်းတဲ့ လူဟာ
ဝင်ငွေ အနည်းဆုံး ၃ ဆ ကနေ
၅ ဆ / ဆယ် ဆ အထိ ကွာနိုင်ပါတယ် ။

ငွေရှာတဲ့ အလုပ်မလုပ်ချင်လို့
လူမှုရေး လုပ်ငန်းတွေ
အများ ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါ
နိုင်ငံတကာက အကြံဉာဏ် / နည်းပညာ တွေ
လေ့လာလုပ်ကိုင်နိုင်တာမို့
ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ် ။


♦️
ဒီတော့ ခင်ဗျားဟာ အင်္ဂလိပ် ဘာသာစကားကြောင့်
အခက်အခဲ တွေ ကြုံနေရတယ် /
အခွင့်အလမ်း တွေ ဆုံးရှုံးနေရတယ်ဆိုရင်
လူများစု လုပ်နေမိသလို ဆင်ခြေ အမျိုးမျိုးပေးပြီး
အင်္ဂလိပ် ဘာသာစကားကို ပတ်ရှောင်မနေပဲ
စောစော ဆုံးဖြတ်ချက်ချပြီး
ခုကတည်းက စ စမ်းပါဗျာ ။

ဘာသာစကားလေ့လာတယ်ဆိုတာ
( သင်တန်း ကောင်း / ဆရာကောင်း ရှိရင်
အထောက်အကူ အများကြီး ရတယ်ဆိုပေမယ့် )
သင်တန်းတက်မှ ဆရာ နဲ့ သင်မှ
အင်္ဂလိပ်စာ လေ့လာလို့ ရတဲ့ ခေတ်က ကုန်သွားပါပြီ ။

ဆင်ခြေပေးမနေမိပါစေနဲ့ ။
နည်းလမ်း ရှာပြီး စ သာ လုပ်စမ်းပါဗျာ ။

 ခင်ဗျား လုပ်နိုင်ပါတယ် 💪
ခင်ဗျား လုပ်နိုင်ပါတယ် 💪💪
ခင်ဗျား လုပ်နိုင်ပါတယ် 💪💪💪

 စေတနာဖြင့်
#ကိုဇင်ဇေ


ဖြည့်စွက်ချက် ။

ဘယ်က စရမှန်းမသိရင် အောက် က စာတွေ ကို
သေချာ ဖတ်တာကနေ စ ပါဗျာ 🙂

♦️
English ဘာသာစကား ကို
စနစ်တကျ လေ့လာလိုသူတွေ ၊
လေ့လာနေသူတွေ ဖတ်ထားရင်
အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့
ကျွန်တော် ( #ကိုဇင်ဇေ ) ရေးသားပြုစုထားတဲ့
စာစု တစ်ချို့ကို တင်ပေးလိုက်ပါတယ် ...
တစ်ပုဒ်ချင်းကို အးအေးဆေးဆေး အချိန်ယူ စဉ်းစား
ဖတ်ရှုလေ့လာနိုင်ပါတယ်ဗျာ ...
:)



>>>

♦ 1 ♦
English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
( စာအုပ် တွေ ကိုပါ ညွှန်ပေးထားပါတယ် )
https://www.facebook.com/activeenglishmyanmar/posts/978862532206953



♦ 2 ♦
English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့
လူတိုင်း သုံးနိုင်တဲ့ နည်းစနစ်
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1036745266418679/



♦ 3 ♦
English စကားလုံး ၊ အသုံးအနှုန်း အသစ်တွေကို
စွဲစွဲမြဲမြဲ မှတ်မိ အသုံးချနိုင်အောင် ဘယ်လို လေ့လာရမလဲ ? ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1104188889674316/



♦ 4 ♦
English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ
https://www.facebook.com/mmenglishlearning/posts/534701390028194



♦ 5 ♦
ကျွန်တော် ပြောပြချင်တဲ့
English ဘာသာစကားလေ့လာသူ အချို့ရဲ့ ခံယူချက် အလွဲတွေ အကြောင်း ( ၁ )
https://www.facebook.com/mmenglishlearning/posts/560065544158445



♦ 6 ♦
English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
https://www.facebook.com/mmenglishlearning/posts/656031797895152:0



♦ 7 ♦
ထိရောက်ပြီး ရေရှည် အကျိုးရှိတဲ့ စာမေးနည်း
https://www.facebook.com/activeenglishmyanmar/posts/1089626921130513



♦ 8 ♦
English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်
https://www.facebook.com/activeenglishmyanmar/posts/1286161231477080:0



♦ 9 ♦
8 Parts of Speech ( ဝါစင်္ဂ ၈ မျိုး ) အခြေခံ အဆင့် ရှင်းလင်းချက်
https://www.facebook.com/activeenglish.basicgrammar/posts/252626258458147:0



♦ 10 ♦
Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1339596146133588/?type=3&theater



============



" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင်
အရောက်လှမ်းနိုင်ကြပါစေဗျာ ... "
🙂🙂🙂

စေတနာဖြင့်
ကိုဇင်ဇေ


Active English သင်တန်း
( ☎️ 0943115202 /
☎️ 09250005164 )
သင်တန်းလိပ်စာ 👉 အမှတ် ၂၈ / ၁၆၇ လမ်း / တာမွေ ။
( Personal Account :
www.facebook.com/zin.zae )

=============

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your children ? What color

စက်ဘီး တစ်စီး၏အစိတ်အပိုင်း အခေါ်အဝေါ်များ

စက်ဘီး တစ်စီး၏ အစိတ်အပိုင်း အခေါ်အဝေါ်များ :) ကိုဇင်ဇေ #ActiveEnglish Courtesy of #StudentCommitteeMexico ♦ ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့် သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက် Active English Andriod Application ( Updated Version ) ကို အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။ http:// www.mediafire.com /download/dwjob6dp65ara4c/ english_learning_for_myanmar.apk ♦ English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http://www.activeenglishmyanmar.com/2015/10/english-october-november.html?m=1

Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )

♦ Unit-1 ♦ နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း < Greeting & Introduction > လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊ မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - မြန်မာလို သက်သက် တစ်ပိုင်း - English လို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ ♦ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်