Skip to main content

Posts

Showing posts from September, 2017

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ ? / သာမန် အခြေအနေမှာ သုံးဖို့ မသင့်တော်ဘူးလဲ ? :) A. I want go home now. B. There are many new homes in our street. C. I wanna go house now. D. There are many new houses in our street. #ActiveEnglishQuiz #ကိုဇင်ဇေ ========== ခုနက စာ ၄ ကြောင်းမှာ မှားနေတာက A,B,C <<< ၃ ကြောင်းပါဗျာ ။ A မှာက want go home အစား " want to go home " ဖြစ်ရမှာပါ ။ B မှာက houses ဆိုရင် မှန်ပေမယ့် homes ဆိုရင် မှားပါတယ် ။ အိမ်တွေဆိုတာကို ရုပ်ပိုင်းဆိုင်ရာ အသားပေးပြောချင်တာမို့လို့ houses လို့ သုံးပေးမှ မှန်မှာပါ ။ C မှာက အဲ့ဒါနဲ့ ပြောင်းပြန် သဘောပါ ။ အိမ်ပြန်မယ်ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ အိမ်ကို သက်သက် ပြောချင်တာမဟုတ်ပဲ စိတ်က ခံစားသတ်မှတ်ထားတဲ့ နေရာလေးတစ်ခု အနေနဲ့ ပြောတာမို့လို့ home လို့ သုံးမှ မှန်မှာပါ ။ wanna ဆိုတာ ကတော့ want to ကို စကားပြောမှာ အတိုကောက် သုံးတာ ဖြစ်ပါတယ် ။ D ကတော့ မှန်ကန်တဲ့ စာကြောင်း ဖြစ်ပါတယ် ။ B မှာ မှားနေတာကို ပြန်ပြင်ထားတဲ့ စာကြောင်း ပါ ။ :) ဒီလောက်ဆိုရင် နားလည် အဆင်ပြေလိမ့်မယ် ထင်ပါတယ်ဗျာ ။ :) #ကိုဇင်ဇေ House နဲ့ Home ဘာကွာ သလဲ ..