Skip to main content

Posts

Showing posts from February, 2015

"V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ?

Which one is correct ? Cathrine Zeta-Jones is married (-----) Michael Douglas. A. with B. to အဖြေမှန် နဲ့ ရှင်းလင်းချက် ကို အောက်မှာ ကြည့်နိုင်ပါတယ် ။ . . . . . . . . . အဖြေမှန်က တော့ B. " to " ပါ ။ လူ တစ်ယောက် ဟာ တစ်စုံ တစ်ယောက် နဲ့ လက်ထပ်ထားတယ် လို့ ပြောချင်ရင် " V-be + married + to " ဆိုတဲ့ Pattern ကို သုံးရမှာ ဖြစ်ပါတယ် ။ Example : She's married to John. သူမ က ဂျွန် နဲ့ လက်ထပ်ထားတာ ။ မှတ်ချက် ။ Level  မြင့်တဲ့လူတွေ အနေနဲ့တော့ "V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ဆိုတာလေး ကိုယ့်ဘာသာကိုယ် လေ့လာကြည့်စေချင်ပါတယ် ။  :) ဒီမှာ ကျွန်တော် ရှင်းပြပေးထားပါတယ် ။ စိတ်ဝင်စားရင် သွားဖတ်ကြည့်ပါဗျာ ။ ♦ get married to (someone) ကို လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်းကို စိတ်ကူးပြီး ပြောတဲ့ နေရာမှာ သုံးပါတယ် ။ be married (to someone) ကတော့ လက်ထပ်ထားတယ်လို့ ပြောချင်တဲ့ ( ဖြစ်/ရှိနေမှု ပြတဲ့ သဘော -  State ) အနေနဲ့ သုံးပါတယ် ။ လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်း စတာတွေ နဲ့ မသက်ဆိုင်ပဲ သူနဲ့ ဘယ်သူ လက်ထပ်ထားတယ်လို့ အဓိက ပြောချင်

English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ

English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ ------------------------------------------------------------------------------ English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ  အများကြီး ရှိပါတယ် ။ ဒါတွေကို မသိထားရင် လေ့လာရာမှာ တိုးတက်မှု သိပ်မရှိတာ / နှေးကွေးတာတွေ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ဒီလို သတိထားရမယ့် အချက်တွေထဲက အရေးကြီးတာတွေကို အရင် စုစည်း တင်ပြပေးလိုက်ပါတယ် ။ မိမိ ကိုယ်တိုင် သေချာ ဖတ်ရှုလေ့လာပြီး အကျိုးရှိမယ်လို့ ယူဆရင် အများကိုလည်း တဆင့် မျှဝေပေးနိုင်ပါတယ်ဗျာ ။ ၁။ သဒ္ဒါ ကိုသာ အလွန် အမင်း လေ့လာ ခြင်း ၂။ အမှား လုပ်မိမှာ ကို အလွန်အမင်း စိုးရိမ်ခြင်း ၃။ မိမိ ၏ ဦးတည်ချက် လားရာ မပြတ်သားခြင်း ( မိမိ လိုချင်သည်ကို မသိခြင်း ) ၄။ ဘာသာစကား လေ့လာနည်း စနစ်များကို မလေ့လာဘဲ ကြုံရာ / ထင်ရာ စွတ်လေ့လာနေခြင်း ၅။ အပြောစွမ်းရည် တိုးတက်မှု အတွက် နားထောင် ခြင်း ကို ဦးစားပေး လေ့ကျင့် မှု မပြုမိခြင်း ၆။ အရေးစွမ်းရည် တိုးတက်မှု အတွက် ဖတ်ရှု ခြင်း ကို ဦးစားပေး လေ့ကျင့် မှု မပြုမိခြင်း ၇။ English ဘာသာစကားကို စာသင်ခန်းတွင်း တွင်သာ လေ့လာခြင်း ၈။ English ဘာသာစကားကို  နေ့စဉ် ထိတွေ့နိုင်အောင် မစီစဉ် တတ်ခြင်း ၉။

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev