Skip to main content

Posts

Showing posts from June, 2014

" English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?

" English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ? ကျွန်တော့်ကို မေးကြတဲ့ သင်တန်းသားတွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ အတော်များလို့ပါ ။ အခုတော့ အတိုချုံးပြီး ပြောပေးပါ့မယ် ။ေေေေေေေ နောက်ကျရင်တော့ အသေးစိတ် ထပ် ဆွေးနွေးပေးပါ့မယ်ဗျာ ။ ------------------- 1.  English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူးဆိုတဲ့ လူအများစုမှာ ဖြစ်တတ်တာက ကြုံရာ ကျဘမ်း ၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာပါ ။ ကြုံတဲ့ သင်တန်းတက်တယ် ကြုံတဲ့ စာအုပ် ၊ ဆောင်းပါး ဖတ်တယ် စသဖြင့်ပေါ့ .... ဒီလို ကြုံရာ လုပ်တာက Intermediate အဆင့်လောက် ရောက်ပြီးတဲ့ လေ့လာသူတွေ အတွက်ဆို သိပ် ပြသနာ မရှိပါ ။ အဲ အဆင့်လောက် မရောက်သေးပဲ ( ကိုယ့်ကို ကိုယ် ဘယ်အဆင့် ရောက်လို့ ရောက်နေမှန်း တောင် မသိသေးပဲ ) အဲလို ကြုံရာ လေ့လာ မိရင် တိုးတက်မှုနှုန်း နှေးတတ်ပါတယ် ။ ဒီတော့ ကိုယ့်မှာ အဲလို ပြသနာ ကြုံနေရင် စနစ်ကျတဲ့ ပုံစံ ၊ သင်ရိုး တစ်ခု ထားပြီး လေ့လာပေးပါ ။ သင်ရိုး တစ်ခုကို စွဲပြီး လေ့လာပေးပါ ။ ( Cambridge, Oxford , Longman , MacMillan တို့ရဲ့ Course/ Publication တစ်ခုခု ကို သာ ကိုင်လိုက်ပါ ။ ) ကိုယ့် တို