Skip to main content

Unicode - ဆရာ ကိုဇင်ဇေ တစ်ဦးတည်း တာဝန်ယူ သင်ကြားပေးမယ့် Business English သင်တန်း


#ActiveEnglish က စီစဉ်တဲ့ Business English တန်းကို
22.3.2018 မှာ စ ဖွင့်ပေးပါမယ်ဗျာ ။
( စာရှည်တာလေး သေချာ ဖတ်ပြီးမှ မေးချင်တာ မေးပါဗျာ )
အဲ့အတန်းကို ကျွန်တော် ( ကိုဇင်ဇေ ) တစ်ယောက်တည်း အချိန်ပြည့် သင်မှာပါ ။
တစ်ပတ် ၂ ရက် ( ကြာသပတေး ၊ သောကြာ ) ( ညနေ ၆ခွဲ - ၈ ) ပါ ။
သင်တန်းကာလ ၃ လ ကြာပါမယ် ။

အကြမ်းဖျဉ်း Pre-intermediate Level ရှိတဲ့လူတွေ နဲ့
သင့်တော်အောင် သင်ပေးသွားမှာပါ ။
Pre-intermediate ကနေ Intermediate လောက် အထိကို
အတန်အသင့် အဆင်ပြေအောင် ဆွဲခေါ်သွားမှာပါ ။
#ActiveEnglishသင်တန်းမှာ Level-1 ( Elementary ) အတန်းတက်ပြီးသူတွေလည်း
စိတ်ပါမယ် / တကယ် လိုက်လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ ။

အဲ့ဒီ Business English တန်းမှာ
အဓိက ပါဝင်မယ့် အကြောင်းအရာတွေက တော့ ဒါတွေပါ ။
၁။ ကိုယ့် အလုပ် နဲ့ တာဝန်ယူထားတဲ့ အပိုင်းတွေ အကြောင်း
မိတ်ဆက် ဆွေးနွေးပြောဆိုတာတွေ
< Job information >

၂။ လုပ်ငန်း တစ်ခုကိုသွားလည်ရင် / သူတို့က လာလည်ရင်
မေးရ ဖြေရလေ့ရှိတာတွေ
< Company Visit >

၃။ ဖုန်းနဲ့ ဆက်သွယ် ပြောဆိုတဲ့ အခါ
ဖုန်းခေါ်တာ / လက်ခံတာ / လွှဲပေးတာ / အမှာစကားချန်တာတွေ
< Telephoning >

၄။ ကိုယ့်ရဲ့ စိတ်ကူး / အစီအစဉ်တွေကို
လူအများရှေ့မှာ ပြောဆို တင်ဆက်ရာမှာ သုံးနှုန်းရမယ့် အသုံးအနှုန်းတွေ
< Presentations >

၅။ အစည်းအတွေး တွေ လုပ်တဲ့ အခါ စတင် ဆွေးနွေးပုံ / ဖြည့်စွက် ဆွေးနွေးပုံ /
အမြင်မတူတာကို ယဉ်ယဉ်ကျေးကျေး ဆွေးနွေးပုံတွေ
< Meetings >

၆။ သာမန် မိတ်ဖြစ်ဆွေဖြစ် ပေါ့ပေါ့ပါးပါး ပြောဆိုတာတွေ /
မိတ်ဆွေဖွဲ့ အဆက်အသွယ် တည်ဆောက်တာတွေ
< Socializing / Networking >

၇။ အလုပ် ကိစ္စ ခရီးသွားတဲ့အခါ သုံးနှုန်းပြောဆိုရမယ့် အသုံးအနှုန်းတွေ
၈။ အလုပ် ကိစ္စ ကို စာနဲ့ / Email နဲ့ အပြန်အလှန် ဆက်သွယ်ရာမှာ
သုံးရမယ့် အသုံးအနှုန်းတွေ <<<
စတာတွေကို ဦးစားပေး သင်ကြား လေ့ကျင့် ပေးသွားမှာပါ ။

နောက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ရာမှာ အရေးကြီးတယ်လို့ ယူဆရတဲ့
- Entrepreneur နဲ့ Small Business Owner ရဲ့ ကွာခြားချက်တွေ ( အားသာချက် ၊ အားနည်းချက်တွေ )
- Company နဲ့ Start-up ကွာခြားချက်တွေ ( အားသာချက် ၊ အားနည်းချက်တွေ )

- Business Plan နဲ့ Business Model ရဲ့ ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ )

- Traditional Marketing နဲ့ Digital Marketing ရဲ့ ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ )
- Digital Marketing / Online Marketing / Social Media Marketing /
Facebook Marketing တွေ လုပ်ပြီဆိုတာနဲ့ မသိမဖြစ်သိရတော့မယ့် ဝေါဟာရ အသုံးအနှုန်းတွေ

- စိတ်ဝင်စားဖို့ကောင်းတဲ့ Leadership ဟန်တွေ
- ဆုံးဖြတ်ချက်ချရာမှာ ပိုပြီး ထိရောက်မှန်ကန်အောင် အသုံးပြုနိုင်တဲ့
Decision Making Tools တွေ ကိုလည်း ဖြည့်စွက် ဆွေးနွေးပေးသွားမှာပါ ။

( အင်္ဂလိပ် ဘာသာစကားကို အဓိကထားသင်ရမှာ ဖြစ်လို့
စီးပွားရေး အကြောင်း သီးသန့် သင်တာလောက်တော့ ပြည့်စုံမှာ မဟုတ်ပေမယ့်
အဓိက အရေးကြီးတာတွေ ခြုံမိအောင် ဆွေးနွေးပေးတဲ့ သဘောပါ ။ )

အရေးကြီးတာလေး ပြောချင်တာ တစ်ခု ရှိပါတယ် ။
ကျွန်တော်က စာအုပ် တစ်အုပ်တည်း ကိုင်ပြီး သင်ရိုးထဲက အတိုင်း
စာ ဆန်ဆန်ကြီး သွားမှာ မဟုတ်ပါဘူး ။
သင်ချင်သလို လျှောက်သင်မှာပါ ။
ပြန် ပြောပါမယ် ။
သင်ချင်သလို လျှောက်သင်မှာပါ ။

Cambridge University က ထုတ်တဲ့ သင်ရိုး ကနေ ယူပြီး သင်ပေးတာတွေ ရှိမယ် ။
Longman ကနေ ယူတာတွေလည်း ရှိမယ် ။
တခြား တက္ကသိုလ်တွေက ဟာတွေကို ကျွန်တော် ကြိုက်ရင် ကြိုက်သလို ယူသုံးတာတွေရှိမယ် ။
ကျွန်တော် နားထောင်ပြီး ကြိုက်လို့ ပြန်သိစေချင်တဲ့ ဟောပြောပွဲတွေလည်း ပါရင်ပါမယ် ။
ကျွန်တော် တက်နေတဲ့ Online သင်တန်းတွေက ဟာတွေလည်း ပါရင်ပါမယ် ။
စသဖြင့်ပေါ့ ။
ကျွန်တော် သင်ချင် / သိစေချင်တာတွေကို
ဒီ သင်တန်း လာတက်တဲ့ သင်တန်းသားတွေရဲ့ အခြေအနေပေါ် မူတည်ပြီး
လိုတိုး ပိုလျှော့ အဆင်ပြေသလို လျှောက်သင်မှာပါ ။
ဒီတော့ ကျွန်တော် လျှောက်သင်မှာကို ယုံကြည်တဲ့လူတွေကိုပဲ
ဒီ သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။
- ကျွန်တော့် #ActiveEnglish သင်တန်းက သင်တန်းသား / သင်တန်းသူ ဟောင်းတွေ
- ကျွန်တော် အပြင်မှာ စာသင်ပေးခဲ့ ဖူးသူတွေ
- ကျွန်တော့် ဟောပြောဆွေးနွေးပွဲ တစ်ချို့ တက်ဖူးသူတွေ
- ကျွန်တော့် စာတွေ သေချာ ဖတ်ဖူးသူတွေ စတဲ့ ...
ကျွန်တော့် အကြောင်း အတန် အသင့် သိပြီးသားလူတွေကိုပဲ
ဒီ #BusinessEnglish သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။

ကြီးကျယ်တာ မဟုတ်ပါဘူး ။
ကျွန်တော့် ဟန်နဲ့ မကိုက်ရင် လာတက်မိတဲ့ လူတွေ အချိန်ကုန် ၊ ငွေကုန် ဖြစ်နိုင်သလို
သင်တန်းထဲမှာ ကျွန်တော် လိုချင်တဲ့ ပုံစံထဲ ဆွဲသွင်းလို့ မရရင်
အတန်း တစ်ခုလုံးက ဒီ ၂ ယောက် / ၃ ယောက် လောက်နဲ့ ထောင့်နေမှာ စိုးလို့ပါ ။
( ဒီ #BusinessEnglish သင်တန်းက
သာမန် #GeneralEnglish သင်တန်းတွေထက်ကို
အချင်းချင်း စည်းစည်းလုံးလုံး အပေးအယူမျှဖို့ သိပ် အရေးကြီးပါမယ် ။
အချင်းချင်း လေးလေးစားစား ခင်ခင်မင်မင် ဆက်ဆံနိုင်စွမ်း ရှိရပါမယ် ။
ကိုယ်နဲ့ စကားတွဲပြောရတဲ့လူက ကိုယ့်ထက် နည်းနည်း အားနည်းနေတာမျိုးရှိရင်တောင်
စိတ်ရှည်ရှည် နွေးနွေးထွေးထွေးနဲ့ တွဲခေါ်သွားချင်တဲ့ စိတ်မျိုး ရှိနေဖို့လည်း လိုပါတယ် ။

လူတွေကြားထဲ ဘယ်သူ့မှ ဂရုမစိုက်ဘူး ။
ဘယ်သူနဲ့မှ ခင်ခင်မင်မင် နေစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့
နေတတ်တဲ့လူမျိုးတွေ မပါလာဖို့ လိုပါတယ် ။
#AppliedEnglish တစ်ချို့ အတန်းတွေမှာ အဲ့လိုလူတစ်ချို့ ပါလာတာ
ကျွန်တော် တွေ့နေရတာ စိတ် အနှောင့်အယှက် ဖြစ်လွန်းလို့ပါ ။
တစ်ချို့ကိုဆို ကျွန်တော် ခေါ်ပြောပြီး သင်တန်းကြေးပါ ပြန်အမ်းပေးလိုက်တာပါ ။
ဆရာ ကိုဇင်ဇေက အပေါက်ဆိုးတယ် ဆိုတာမျိုး ဖြစ်မှာစိုးလို့ တတ်နိုင်သလောက် ထိမ်းနေပေမယ့်
ကျွန်တော် စာသင်တဲ့ အတန်းထဲမှာ အဲ့လိုလူတွေ ပါလာတာ ကျွန်တော် လုံးဝ မကြိုက်ပါ ။
ကျွန်တော်က စာသင်ပြီဆိုရင် သင်တန်းသား အားလုံး မျက်နှာကို လိုက်ဖတ်ပြီး သင်ချင်တာပါ ။
အဲ့လိုလူ ပါလာတဲ့ အတန်းမျိုးဆို အဲ့ တစ်ယောက်ကို မကြည့်မိအောင် ထိမ်းနေရရင်း
တခြား သူတွေ အပေါ်မှာပါ ကျွန်တော် စိတ်ပါလက်ပါ
ဆွေးနွေးသင်ကြားပေးချင်စိတ် ကျသွားတတ်တာမျိုးဖြစ်တတ်လို့
မနည်း ကိုယ့်စိတ်ကိုယ် ပြန် သတိထားနေတတ်လို့ပါ ။
ဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြတာပါ ။
ကျွန်တော် စာသင်နေတာ ပိုက်ဆံလိုချင်ရုံ သက်သက် အတွက် မဟုတ်ပါဘူး ။
လူတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေးချင်စိတ်လည်း ပါပါတယ် ။
အဲ့စိတ် ထည့်ပြီး သင်နိုင်နေတဲ့ အခါ
သာမန် အချိန်တွေထက်ကို သင်ကြားရေးမှာ အများကြီး ပိုပြီး ပိုထိရောက်မှာပါ ။

ဒါကြောင့် သင်တန်းလာအပ်သူတိုင်းကိုလည်း
သင်တန်းကြေးပေးမယ်ဆိုတိုင်း သင်တန်းအပ် လက်မခံဖို့
ကျွန်တော် Reception ကို မှာထားပြီးသားပါ ။
အတန်းထဲမှာ အဆင်ပြေလောက်မယ်ထင်တဲ့ လူကိုပဲ လက်ခံပေးမှာပါ ။

သင်တန်း အပ် လက်မခံလို့လည်း စိတ်မဆိုးပါနဲ့ ။
မိတ်ဆွေရဲ့ ပြုမူပြောဆို ဆက်ဆံပုံနဲ့ ဒီ သင်တန်းနဲ့ မကိုက်မှာစိုးလို့ ဖြစ်နိုင်သလို /
မိတ်ဆွေကို ဒီ သင်တန်း တက်စရာမလိုလောက်အောင်
တော်ပြီးသိပြီးတတ်ပြီးသားလူလို့ ယူဆလို့
လက်မခံတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပါ ။
ကျွန်တော် ဒီ အတန်း က ၄ နှစ်ကျော် အတွင်းမှာ
ပထမဆုံး ပြန်ဖွင့်တဲ့ #BusinessEnglish တန်း ဖြစ်နေတော့
ကျွန်တော်ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါးနဲ့
တစ်တန်းလုံးလည်း စိတ်အေးအေးချမ်းချမ်း နွေးနွေးထွေးထွေးရှိမယ့်
ပုံစံမျိုး မဖြစ်ဖြစ်အောင် ပုံစံသွင်းသွားချင်လို့ပါ ။

သင်တန်းကြေးကလည်း
#GeneralEnglish ( #AppliedEnglish ) တုန်းက ၅ သောင်းခွဲပဲ ဆိုပေမယ့်
အခု #BusinessEnglish က ၁ သိန်း ဆိုတော့
တစ်ချို့လူတွေ အတွက် နည်းနည်း များနေမှာ စိုးလို့ပါ ။

တခြား အတန်းတွေမှာ လို
ကျွန်တော်နဲ့ တခြား ဆရာတစ်ယောက် အချိန်မျှဝင်မှာ မဟုတ်ပဲ
ကျွန်တော် တစ်ယောက်တည်း သေချာ ဖိဖိစီးစီး သင်ပေးသွားမှာမို့လို့
- စာအုပ်စာတမ်း / အသံဖိုင် / ဗီဒီယိုဖိုင် /
- Softwares , Mobile Apps တွေ /
- Ebooks , Seminars တွေ သေချာ စီစဉ်ပေးရမှာမို့လို့
သင်တန်းကြေးကို ၁ သိန်း ယူထားရတာပါ ။

သင်တန်းသားဟောင်းတွေ / ကျွန်တော်နဲ့ ရင်းနှီးပြီးသားသူတွေထဲက
ဒီ သင်တန်းကို တက်ချင်ပေမယ့်
ငွေရေးကြေးရေး သိပ် အဆင်မပြေသေးရင်လည်း အားမနာပါနဲ့ ။
ကျွန်တော့်ကို Message Box ကနေ ကိုယ့် အခြေအနေ အရ
တတ်နိုင်သလောက်ကို ပြောပြပြီး လာ တိုင်ပင်ပါ ။
တကယ် ပညာ လိုချင်တဲ့လူတွေ ပညာနဲ့ မဝေးအောင်တော့
ကျွန်တော် အတတ်နိုင်ဆုံး စီစဉ်ပေးနေကြဆိုတာ သိမှာပါ ။

တကယ် ပညာ လိုချင်ပေမယ့် လတ်တလော အဆင်မပြေသေးဘူးဆိုရင်
ဒီ သင်တန်း တက်ပြီး ကိုယ့် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေမှ
သင်တန်းကြေး ပြန် လာပေးရင်တောင် ရပါတယ်ဗျာ ။
:)

အားလုံးပဲ အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ကြပါစေ ။
အင်္ဂလိပ် ဘာသာစကားလေ့လာနေရင်း
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆောင်နိုင်ပါစေဗျာ ။
:)

စေတနာဖြင့်
#ကိုဇင်ဇေ
#ActiveEnglishသင်တန်း

Phone: 09 26100 8186 / 09 4311 5202 / 09 25000 5174
အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။

Comments

Popular posts from this blog

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း

Verb to Be ကို အသုံးချပြီး Wh Question များမေးခြင်း ---------------------------------------------------- အခြေခံ အားနည်းတဲ့ English ဘာသာစကားလေ့လာသူတွေ အတွက်ပါ ။ Verb to Be ( am,is,are ) တစ်မျိုးတည်းကိုပဲ သုံးထားပြီး အမျိုးမျိုး မေးထားတဲ့ နမူနာလေးတွေပါ ။ Tense ကိုလည်း ရှုပ်ရှုပ်ထွေးထွေးမဖြစ်အောင် Simple Present Tense တစ်မျိုးတည်းပဲ သုံးပေးထားပါတယ် ။ ကိုယ့်ဘာသာကိုယ် ထပ်မံ ချဲ့ထွင်ပြီး လေ့လာ လေ့ကျင့်နိုင်အောင် အစပျိုးပေးရုံလောက်ပါ ။ What - ဘာလဲ ? What is your favourite sport ? Who - ဘယ်သူလဲ  ? Who is the man in this photograph ?  ( photograph- ဓာတ်ပုံ ) Whose - ဘယ်သူ့ဟာလဲ ? Whose book is this ? Why - ဘာကြောင့်လဲ ? Why are you late ? How - ဘယ်လိုလဲ ? / ကျန်းမာရေး အခြေအနေ ( နေကောင်းလား ) How are you ? How is your father ? Where - ဘယ် နေရာ လဲ  ? Where is the bus stop ? When / What time - ဘယ် အချိန် လဲ  ? What time is it ? - အခု ဘယ် အချိန်လဲ/ဘယ် နှနာရီလဲ ? How much - ဘယ်လောက်လဲ ? ( Price - ဈေးနှုန်း ) How much are these shoes ? How old - အသက် ဘယ်လောက်လဲ ? How old are your children ? What color

စက်ဘီး တစ်စီး၏အစိတ်အပိုင်း အခေါ်အဝေါ်များ

စက်ဘီး တစ်စီး၏ အစိတ်အပိုင်း အခေါ်အဝေါ်များ :) ကိုဇင်ဇေ #ActiveEnglish Courtesy of #StudentCommitteeMexico ♦ ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့် သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက် Active English Andriod Application ( Updated Version ) ကို အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။ http:// www.mediafire.com /download/dwjob6dp65ara4c/ english_learning_for_myanmar.apk ♦ English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http://www.activeenglishmyanmar.com/2015/10/english-october-november.html?m=1

Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )

♦ Unit-1 ♦ နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း < Greeting & Introduction > လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊ မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - မြန်မာလို သက်သက် တစ်ပိုင်း - English လို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ ♦ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်